Chapter (24)

1.3K 145 8
                                    

ပိတ်ရက်များက ကျော်လွန်ကုန်ဆုံးသွားခဲ့ပြီး သူတို့အတွက်တော့အမှတ်တရကောင်းများစွာ ချန်ထားခဲ့လေသည်။

ဆယ်မင်းဆက်သည် ရှမ်းပြည်တောင်ပိုင်းသို့ နှစ်ယောက်တည်းသွားသည့်ခရီးစဥ်အပြီး မန္တလေးကိုပြန်ရောက်လာပြီးနောက်တစ်ပတ်အကြာအထိ ထိုအမှတ်တရများထဲပိတ်မိနေတုန်းဖြစ်သည်။ သွားလည်ခဲ့သော
နေရာတွေ၊ မြင်လေသမျှလှပလွန်းပါသောတောင်တန်းနှင့်ထင်းရှူးပင်တွေ၊ လတ်ဆတ်သောလေ၊ ရှမ်းရိုးရာအစားအသောက်နှင့် ကုန်ပစ္စည်များ ရောင်းချသောစျေးတွေ... စပျစ်ခြံနှင့်ကော်ဖီဆိုင်၊ တောင်တက်လမ်းတွေ၊ တိမ်ပင်လယ်တွေအားလုံးကို မျက်စိမှိတ်လိုက်တာနှင့်ပြန်မြင်ယောင်နေဆဲ...ကိုကိုကလည်း ထိုသို့ထပ်တူသတိရနေကြောင်း ဝန်ခံလာသည်။

တောင်ကြီးကိုရောက်ချိန်က နွေကာလမဟုတ်သဖြင့် စိန်ပန်းပြာတွေမရှိ။ ဟိုပုံးကျောက်တန်းရွာက ချယ်ရီပန်းတွေကိုပြချင်ပေမဲ့ နှင်းရည်သောက်ပြီးဆောင်းတွင်းမှပွင့်မည့်ပန်းတွေမို့ မမြင်ရပြန်။

"ချယ်ရီတွေပွင့်တဲ့အချိန် ထပ်လာကြတာပေါ့"

ကိုကို့နှုတ်ခမ်းပါးဆီက ထွက်လာသော
ထိုစကားကို ကတိတစ်ခုအဖြစ် ဆယ်မင်းဆက်မှတ်ယူလိုက်သည်။ ကလောက rental houseမှာနှစ်ညနှင့်တစ်ရက်တည်းဖြစ်ကြသည်။ သူတို့သည် ပင်းတယရွှေဥမင်ဂူဘုရားနှင့် အင်းလေးကန်တို့ကို လည်ပြီးမှတောင်ကြီးကို ဆက်တက်ကြခြင်းဖြစ်သည်။

ပင်းတယဂူနားတစ်ဝိုက်တွင်ကြီးမား‌သော
ညောင်ပိန္နဲပင်များနှင့် ထိုအောက်မှာရောင်းချသည့်ကော်ဖီဆိုင်၊ ဓနုတိုင်းရင်းသားတွေဖွင့်လှစ်သည့် စျေးဆိုင်များရှိသည်။ ဆယ်မင်းဆက်သည်
ကျောင်း၊ အိမ်၊ အလုပ်စသဖြင့်ထပ်တလဲလဲ လည်ပတ်နေရသည့်ဘဝသံသရာကို လွှတ်ချလိုက်ပြီး ဤနေရာမှာပဲ အမြဲနေသွားရင်ကောင်းမည်ဟု စဥ်းစားမိသည်။ ၇နှစ်နီးပါးလောက် တောင်ကြီးမှာနေခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းမြို့တွေ ကိုကြီးနှင့်အတူလျှောက်လည်ခဲ့တုန်းကတောင်သူဒီလိုမစဥ်းစားခဲ့ပေ။ တက္ကသိုလ်ဝင်တန်းမို့အရေးကြီးသည်ဟုဆိုကာ မန္တလေးမှာပဲကျောင်းနေဖို့ အသက်၁၆မှာမန္တလေးကိုပြန်လာခဲ့ရတုန်းကလည်း ချန်ထားရစ်ခဲ့ရသည့်တောင်ပေါ်မြို့ကို လွမ်းဆွတ်တမ်းတမနေ။ သို့ပေမဲ့ ကိုကိုနှင့်အတူလာရတော့ သူဒီနေရာမှာပဲ တစ်သက်လုံးနေချင်စိတ်ပေါက်လာသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now