Chapter (26)

1.4K 159 30
                                    

နွေဦးသည် တစ်ညလုံး အိပ်မပျော်ဘဲ အိပ်ရာထဲလူးလွန့်နေပြီးမှ မနက်လင်းကာနီးတွင်မှေးခနဲ အိပ်ပျော်သွားသည်။
မနေ့ညက ပုံမှန်အိပ်မပျော်သောညတွေလို အေးစက်စက် ခြောက်ကပ်ကပ်နှင့် သက်ပြင်းရှည်တွေချရသည့်ညမဟုတ်ဘဲ တစ်ကိုယ်တည်းအတွေးတွေထဲ နစ်မြုပ်လိုက် ရင်ခုန်လိုက်ဖြင့် ဖြတ်သန်းခဲ့ရသော ညဖြစ်သည်။

နံနက် ၉နာရီထိုးတော့ နွေဦးနိုးလာသည်။ စူးအောင့်နေသောမျက်လုံးတွေကို ဖွင့်ကာလန်းဆန်းသွားစေဖို့ ရေဘူးကိုယူသောက်မည်ကြံသည်။ အိပ်ရာဘေးထားနေကျ ရေဘူးကကုန်နေပြီ။

မနေ့ညက အိပ်ခန်းထဲကထွက်လျှင်
ဆယ်မင်းဆက်နှင့် တိုးနေမည်စိုးသဖြင့် သူရေတောင်ထွက်မသောက်ခဲ့ပေ။

အဖြစ်အပျက်တွေက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲသွားရသည်။

သူဟာ မနေ့ညက ဆေးလိပ်သောက်ရင်းစိတ်တွေညစ်ထွေးနေခဲ့တာ...ပျက်သုဥ်းကြေကွဲပြီးသားဘဝဟာ အကောင်းတိုင်းပြန်မဖြစ်နိုင်တော့သလိုမျိုး ခံစားချက်တွေနဲ့ မွန်းကြပ်ပိတ်လှောင်နေပြီး တစ်ချိန်တည်းမှာပဲ ထိုခံစားချက်တွေကိုမလိုချင်လို့ ငြင်းဆန်နေခဲ့တာ...ထိုမှောင်မိုက်မှုထဲပျော်ဝင်နေတဲ့အချိန် ဆယ်လေးကရောက်လာပြီး မီးဖွင့်လိုက်တယ်...

ပြီးတော့...

နွေဦးသည် သူတို့ဆက်ဆံရေးက ဘယ်နေရာမှာ မှားယွင်းသွားခဲ့တာလဲဟု လှိုက်မောစွာတွေးနေမိသည်။ အချစ်ဆိုတဲ့အရာကို မထိတွေ့တော့ပါဘူးရယ်လို့ ကိုယ့်ကိုယ်ကိုယ်ကျိန်ဆိုခဲ့တယ်...ဒီနှလုံးသားက ဘယ်သူ့အတွက်မှထပ်မခုန်တော့ဘူးရယ် လို့သတ်မှတ်ထားခဲ့တယ်...

ဒါဆိုဆယ်လေးကို ရင်မခုန်ဖူး ဘူးလားဆိုသည့် မေးခွန်းကခေါင်းထဲအလိုအလျောက် ရောက်လာ၏။ ထိုအခါမှာတော့ နွေဦးရှက်ရွံ့သွားသည်။

သူ ဆယ်မင်းဆက်အပေါ် အကြိမ်ပေါင်းများစွာ ရင်ခုန်ခဲ့တယ်...

သူမရဖူးတဲ့ဂရုစိုက်မှုတွေ ရလာတိုင်း၊ နီးကပ်သွားတဲ့အခြေအနေတွေတိုင်း၊ သူဆယ်လေးကို ယောက်ျားတစ်ယောက်လို့ မြင်မိတဲ့အချိန်တွေတိုင်း သူရင်ခုန်ခဲ့ပါတယ်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now