Chapter (17)

1.3K 158 2
                                    

နွေဦးတစ်ယောက်မှာ ကိုယ့်ကွန်ဒိုတိုက်ခန်းကိုယ် မပြန်ရဲဘဲ ကားလျှောက်မောင်းနေရသည်။ ဘေးမှာပါလာတာကတော့ ဆယ်မင်းဆက်ပင်။ ထိုကလေးဘယ်လောက်တောင် လန့်သွားလဲမပြောတတ်။ မျက်နှာတစ်ပြင်လုံးနီရဲခတ်နေသည်။

"ငါတို့ဆိုင်တစ်ခုခုမှာ ထိုင်ကြမလား"

"ရတယ်လေ ကိုကို ဒါမှမဟုတ်လည်း ကျွန်တော့်ဆိုင်ပဲသွားကြတာပေါ့"

တိုက်ခန်းမှာကျန်နေခဲ့သည့် လင်မယားကဘယ်အချိန်မှ ပြီးမလဲမပြောတတ်။ နွေဦးမှာ ဤအဖြစ်ပျက်ပေါ် ရယ်ချင်စိတ်သာရှိသည်။ ဖြစ်မှဖြစ်တတ်ပလေ...
ဆယ်လေးက သူ့ဘေးမှာငြိမ်ငြိမ်လေးထိုင်လိုက်လာသည်။ သူ့ကိုဆို တစ်ခုမဟုတ်တစ်ခု စကားလာပြောတတ်သည့်ကောင်လေးမို့ အခုလိုငြိမ်နေခြင်းက နွေဦးကိုစိတ်မသက်မသာဖြစ်စေသည်။

သူတို့နှစ်ယောက်မတွေ့ဖြစ်တာ နှစ်ပတ်နီးပါးရှိသွားပြီထင်ရဲ့...

"ကျောင်းတက်ရတာ အဆင်ပြေရဲ့လား... ဒရိုင်ဘာအသစ်ကရော ဘယ်လိုနေလဲ"

"အဆင်ပြေပါတယ်"

ဆယ်မင်းဆက်အဖြေက တိုတောင်းလွန်းသည်။ နွေဦးလည်း ဘာဆက်ပြောရမှန်းမသိတော့၍ ကားမောင်းခြင်းကိုပဲ အာရုံစိုက်လိုက်သည်။

"ကိုကိုရော အဆင်ပြေရဲ့လား... ကျွန်တော့်ကိုမတွေ့ရတဲ့ ရက်တွေမှာဘယ်လိုနေလဲ ကျွန်တော့်ကိုမလွမ်းဘူးလား"

ဆယ်မင်းဆက်စကားကြောင့် နွေဦးတစ်ယောက် သဘောတကျပြုံးမိသွားသည်။ ဒါမျိုးတွေ မေးမှမေးပါ့မလားလို့လေ... အချိန်ကာလအတော်ကြာလာသောအခါ သူသည် အနှီကောင်လေးကိုသံယောဇဥ်ရှိလာသည်။ အငယ့်လိုပဲ ဆယ်လေးကို မေတ္တာစေတနာထားသည်။

"အင်း နည်းနည်းတော့အထီးကျန်တာပေါ့"

ကိုကို့အဖြေကြောင့် ဆယ်မင်းဆက်ကျေနပ်သွားသည်။ နည်းနည်းတော့အထီးကျန်တယ်တဲ့လား...ဒါဆိုရင် ကိုကို့ရင်ထဲမှာ သူ့အတွက်နေရာအနည်းငယ်ရှိတယ်လို့ ဆိုလိုတာပဲ... ဆယ်မင်းဆက်က ရှေ့ဆက်တိုးချင်နေပြီ ဒါပေမဲ့အခုအခြေအနေနဲ့ ရှေ့တိုးသင့်မတိုးသင့် တွေဝေနေရတုန်းပဲ။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now