...............
နေ့လည်စာကို စိတ်မပါသလိုစားနေတဲ့ လာလီကိုကြည့်ရင်း ရူဘီ ဘေးနားဝင်ထိုင်လိုက်ကာ
"စားမကောင်းဘူးလား လာလီ"
"ကောင်းပါတယ် မင်းသမီးရ"
"ရှင်ကတို့တိ တို့တိလုပ်နေလို့လေ ကျွန်မချက်တာမို့မကြိုက်လို့လားလို့"
"မဟုတ်ပါဘူး မင်းသမီးရာ ကျုပ်အတွက် မင်းသမီးလက်ကလေးတွေအနာတရဖြစ်မှာစိုးရိမ်လို့ ထမင်းတောင်စားမဝင်တော့ဘူး အမေ့အိမ်ပဲသွားစားကြမလား"
"ရှင်ဟာလေ အမေ့ကိုပဲဒုက္ခပေးချင်နေတယ် "
"ကျုပ်က ခင်ဗျားကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ထားချင်တာ"
ယုံပါတယ်လို့ ရူဘီပြန်မပြောဖြစ်တော့ဘူး။သူ့လုပ်ရပ်တွေကသက်သေပဲလေ။သူများအိမ်ပေါ်မှာ အကြင်လင်မယားအရာမမြောက်ချင်ဘူးပြောခဲ့တဲ့သူက အခု အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားသည်။
အခုလည်း ကျွန်မကချက်ပြုတ်နေရလို့ပါဆိုပြီး စားမဝင်ဖြစ်နေပြန်သတဲ့။တကယ်ပါ ရင်ထဲမှာပီတိဖြစ်လွန်းလို့ ရူဘီ့ပါးစပ်တောင်စိမရတော့ဘူး။
"မင်းသမီး ဘာဖြစ်လို့လဲ"
"ဘာကိုလဲ"
"မသိဘူးလေ မင်းသမီးက ကျုပ်ကိုပြုံးပြီးကြည့်နေတော့ ထမင်းဆက်စားရမလား ထသွားရမလားလို့လေ"
ထမင်းလုပ်ကြီးကြီးသွင်းကာဝါးနေတဲ့သူ့ပုံစံဟာတကယ့်ကို ချစ်စရာ။
"လာလီ ကျွန်မတကယ် ပီတိဖြစ်တယ် ဖေကြီးကိုချစ်သလို ရှင့်ကိုလည်းချစ်တော့
ကျွန်မဖေကြီးနဲ့ရှင့်ကိုအဆင်ပြေစေချင်ခဲ့တာ ဖေကြီးကရှင့်ကိုအထင်သေးတာမျိုးလုံးဝမလိုလားဘူး ဒါကြောင့် ရှင်တော်ကြောင်းပြချင်ခဲ့တာ ကျွန်မလူရွေးမမှားခဲ့ဘူး"
"မင်းသမီးက ကျုပ်ကိုနေ့နဲ့ညမှားစေချင်ပုံပဲ"
စားပြီးလက်ဆေးကာ လက်သုတ်ရင်းပြောလာတဲ့လာလီကိုကြည့်ရင်း
"ဟင် ဘာဆိုင်လို့"
"ခင်ဗျား အဲ့လိုတွေခြွေနေတော့ကျုပ်က ခင်ဗျားကို ရင်ခွင်ထဲထည့်ပြီးနမ်းပစ်လိုက်ချင်ရော အဲ့နောက်ကျရင် ဘာဆက်ဖြစ်မယ်ဆိုတာ မင်းသမီးကောင်းကောင်းသိပါတယ်"
ညစ်ကျယ်ကျယ်ပြုံးကာပြောတော့ ရူဘီ့မျက်နှာဟာရဲခနဲ။
"ရှင်ဟာလေ စကားအကောင်းပြောလို့မရဘူး"
"ကဲပါ နေ့နဲ့ညမှားပြီး မိန်းမနဲ့နှပ်ချင်ပေမဲ့ရွာသားတွေ ရှင်းပြဖို့ရာကိစ္စရှိသေးတော့သွားရဦးမယ် ကျုပ်သွားရင် အမေ့အိမ်သွားနေနော် အပြန်ကျ ကျုပ်ဝင်ခေါ်မယ်"
"ဟုတ်"
.........................
လာလီသွားယူခိုင်းထားတဲ့ ဘိလပ်မြေတွေရပြီမို့ သူကြီးအပါအဝင် ရွာသားတွေဟာ တရုန်းရုန်းဖြစ်နေကြသည်။
"ဒါတွေနဲ့ဘာလုပ်မှာလဲ"
"ငါလည်းမသိဘူးလေ"
"လူချောလာမှ သိရမှာ"
တစ်ယောက်တစ်ပေါက်စကားသံတွေဟာ သူကြီးရဲ့ လူချောလာပြီ ဆိုတဲ့ အသံအောက်မှာတိခနဲ။
လူချောဟာ အရှေ့ဆုံးမှာရှိနေပြီး ငုတ်တုပ်ထိုင်နေကြတဲ့ရွာသားတွေကို သေချာရှင်းပြနေသည်။
''ဒါကတော့ပုံစံခွက် သဲကိုပြည်တောင်းနဲ့ချိန်မယ် ဘိလပ်မြေကိုရောပဲ သဲနှစ်ခွက် ဘိလပ်မြေတစ်ခွက်ကိုရောမယ် ပြီးရင် ရေနည်းနည်းစီထည့်ပြီးသမမယ် နှံ့သွားရင် ဒီပုံစံခွက်ထဲထည့် နေလှန်းလိုက်ရင် သဲအုတ်ရပြီပေါ့"
"ကျုပ်တို့က ရွံ့နဲ့လုပ်တဲ့မြေအုတ်ပဲကြားဖူးတာ မီးတွေဘာတွေဖုတ်ရသေးတယ်လေ"
"ဟုတ်တယ် ဒါကသဲအုတ် မီးဖုတ်စရာမလိုဘူး ရွံ့အုတ်ထက်ပိုခိုင်တယ် အလုပ်လည်းမရှုပ်ဘူး သဲချောင်းကလည်းကျုပ်တို့မှာရှိပြီးသား အုတ်ဆိုတာ အသုံးများတယ်လေ ကျုပ်တို့ကဒီအုတ်တွေလုပ်ပြီး ရောင်းမယ် လိုတဲ့လူတွေကလာဝယ်လိမ့်မယ် အဲ့ကျ ကျုပ်တို့ရွာ"
ဆက်မပြောဘဲ ဘယ်လိုလဲဟူသောပုံဖြင့် မျက်ခုံးပင့်မေးငေါ့ပြလိုက်ရာ "ရေး"ဟူသောအသံကြီးထွက်လာသည်။
"ဒါဆို ကျုပ်တို့ရွာချမ်းသာပြီပေါ့"
"အေးပေါ့ ငါတို့သဲချောင်းကို အသက်နဲ့လဲကာကွယ်ရမယ်"
"သူကြီးအခုမှအမြင်မှန်ရနေတာ"
"အစကတည်းက ကာကွယ်ရမှန်းသိပါတယ်ဟ"
"လူချောလိုတော့အသုံးမချတတ်ဘူးမလား"
သူကြီးခေါင်းငုံ့ကာအသံတိတ်သွားသည်။
"ပြောသားပဲ လူချောက ငါတို့ရွာကိုကယ်တင်မယ့်နတ်သားလေးပါလို့"
ဒေါ်ဟိုလင်းရဲ့ ဂုဏ်ယူသံဟာ ဖြောင်းဒုံတစ်ရွာလုံးလွှမ်းသွားသည်။
#next part coming
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
