"ဟုတ်ကဲ့" ကျင်းစက ဦးညွှတ်ပြီး နောက်ပြန်ဆုတ်သွားသည်။

လို့ရှီးယန်က သူ့ဘာသာသူ မတ်တပ်ရပ်နိုင်ရန်ကြိုးစားလိုက်သော ရိုးရှင်းတဲ့ လှုပ်ရှားမှုကြောင့် အသက်ရှူမဝ ဖြစ်နေခဲ့သည်။ ကျွော့ချင်းက သူ့ကို သန့်ရှင်းတဲ့ အဝတ်အစားတွေ ပေးလိုက်ပြီး စိုးရိမ်တကြီးနဲ့ "ရှင်က ဒီအတိုင်း သွားချင်သေးတာလား"

သူက လမ်းလျှောက်ဖို့တောင် ခက်ခဲနေပြီ၊ ဒီလိုပုံနဲ့ နန်းတော်ကို ဘယ်လိုဝင်နိုင်မှာလဲ၊ မင်းသမီးလေး အရမ်း အရေးကြီးတာလား??

လို့ရှီးယန်က ကျွော့ချင်း၏အကူအညီဖြင့် စိမ်းပြာရောင်ဝတ်စုံကို ၀တ်ဆင်လိုက်သည်။ သူမ၏စိတ်ထဲမှာ အဆင်မပြေနေတာကို မြင်လိုက်ရတော့ လို့ရှီးယန်က သူမ၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ပြုံးလိုက်ကာ "တော်ဝင်အမိန့်တော်ကို ငြင်းဆန်လို့ မရဘူး၊ ကိုယ် အဆင်ပြေပါတယ်။ မင်း အရမ်း စိတ်မပူပါနဲ့"

ထားလိုက်ပါတော့၊ သေခါနီးဖြစ်နေတဲ့ မိန်းခလေးတစ်ယောက်ကြောင့် ဘာလို့ စိတ်အနှောက်အယှက်ဖြစ်ခံရမှာလဲ။ သူ အဝတ်အစားတွေ လဲဝတ်နေတာကို ရင်တထိတိထိတ်နဲ့ ကြည့်နေတဲ့ ကျွော့ချင်းက "ကျွန်မ ရှင်နဲ့လိုက်ခဲ့ရင်ရော ဘယ်လိုလဲ? ကျွန်မ ရထားလုံးပေါ်မှာ ရှင့်ကို စောင့်နေမယ်လေ"

လို့ရှီးယန်က ခေါင်းခါလိုက်ပြီး "မင်းတစ်နေ့လုံး ပင်ပန်းနေပြီးပြီ၊ အိမ်မှာ အနားယူပြီး ကိုယ်ပြန်လာတာကို စောင့်နေနော်၊ ဟုတ်ပြီလား" မယ်တော်မိဖုရားကြီးက ဒီတစ်ခါ ဘာလုပ်ချင်တာလဲဆိုတာကို သူ သေချာမသိတာကြောင့် ဒီလို အန္တရာယ်များတဲ့ အခြေအနေမှာ သူမကို အန္တရာယ်ဖြစ်စေမှာကို သူ ကြောက်နေမိသည်။

လို့ရှီးယန်၏ လေသံက နူးညံ့သိမ်မွေ့နေပေမယ့် သူပြောချင်သော စကား၏အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ကျွော့ချင်းက အတင်းအကျပ် ပြောမနေတော့ပဲ "ကောင်းပြီ သတိထားနော်"

"ခဏနေပါဦး" သူမမျက်ခုံးနှစ်ခု၏အလယ်သို့ နူးညံ့သောအနမ်းတစ်ခု ကျဆင်းလာပြီး လို့ရှီးယန်က သူ့နှာခေါင်းကို အသာအယာ ပြန်ပွတ်နေသည်။ ကျွော့ချင်းက ခဏတာ အံ့အားသင့်သွားပြီးနောက် သူမ အသိစိတ် ပြန်ဝင်လာသောအခါတွင် လို့ရှီးယန်က သူမကို ကျောပေးကာ ဖြည်းညှင်းစွာ ထွက်ခွာသွားပြီ ဖြစ်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now