.............................
လာလီ ချောက်ကမ်းပါးကို မသွားတာ ၄ရက်မြောက်တော့ ရွာသားတွေကအိမ်ကိုလိုက်လာကြသည်။
"လာလီ ထပါ ထွက်တွေ့လိုက်ပါ"
"ကျုပ်အိပ်နေတယ်လေ မင်းသမီးရာ"
"သူကြီးပါ ပါလာတော့မကောင်းဘူးလေ စောင့်နေတာအားနာစရာ"
"မစောင့်နိုင်ရင်ပြန်သွားလိမ့်မယ်"
"ထ ပါမောင်ရယ်"
".."
"ရှင်ဘုန်းကြီးကျောင်းမှာလဲအဲ့လိုပဲပျင်းနေတာပဲလား"
"အင်းဟုတ်တယ်"
"ရွဲ့မနေပါနဲ့ လာလီရယ် သူများတွေကရှင့်ကိုလူပျင်းထင်သွားလိမ့်မယ်"
"အဲ့ထဲမင်းသမီးပါလား"
"မပါဘူးလေ"
"ရပြီလေ ကျန်တဲ့သူတွေကမေးရင် ဟုတ်တယ် ကျုပ်ကမွေးကတည်းပျင်းတယ်ပျင်းတယ်အော်ပြီးမွေးလာတာလို့ဖြေလိုက်မယ်"
ချော့မရခြောက်မရတဲ့အဆုံး ရူဘီစိတ်ညစ်စွာနဲ့ပဲအိမ်ရှေ့ကိုထွက်လာရသည်။
"အားနာလိုက်တာရှင် အထဲကိုကြွကြပါဦး"
ရူဘီ့ကိုမြင်ကတည်းက သူကြီးမှာမတ်တပ်မေ့နေပြီဖြစ်ကာ အသံချိုချိုနဲ့ဧည့်ဝတ်ပြုလာတော့အယောင်ယောင်အမှားမှား
"လှပါတယ်ဗျာ"
"ရှင်!!"
"ဟို အဲလေ ရ ရပါတယ်ဗျာလို့ပြောတာပါ"
ကြက်မက မဲ့ကာရွဲ့ကာဖြင့်
"ဟွန်း သူကြီးကတော့လုပ်ပြီ"
ဟုပြောတော့ကျန်တဲ့သူများကပြုံးစိစိ။လာလီအိပ်နေတာကိုအခန်းဝကမြင်နေသော်လည် နှိုးဖို့ခက်နေသည့်သူကြီးဟာ အခန်းဝမှာပြူတစ်ပြူတစ်
"ဟဲ့ ဟဲ့ ငါ့ကိုမတွန်းကြနဲ့လေ"
သူကြီးစကားမဆုံးလိုက် ဝေါခနဲပြိုကျလာတဲ့လူအုပ်ကြောင့်သူကြီးမှာ အခန်းအတွင်းမှောက်လျားထိုးရောက်သွားရတော့သည်။
"ဘာလို့အနောက်ကနေတွန်းနေတာလဲ"
အနောက်ဘက်ရှိဂွမ်နီတို့ကလေးတစ်သိုက်ကို အံကြိတ်ကာဟောက်လိုက်တော့
"ကျုပ်တို့တိုးတာမဟုတ်ဘူး အနောက်နေဒေါ်ကြက်ကြီးကတွန်းဝင်လာတာ"
ဟု ဆက်ဆက်ထိမခံချေပသည်။ လာလီက ခေါင်းမြီးခြုံထားရာမှ လှမ်းကြည့်တော့ မျက်နှာချိုသွေးကာ
"ဟဲဟဲ ရောက်နေမှတော့မထူးတော့ပါဘူး ခဏထိုင်မယ်နော်လူချောလေး"
"မင်းသမီးကလည်း တံခါးမဖွင့်ပေးပါနဲ့လို့ပြောတာကိုနားမထောင်ဘူး"
အထဲကိုဝင်လာတဲ့ရူဘီကို လှမ်းပြောရင်း စောင်ကို ခေါင်းမြီးပြန်ခြုံလိုက်သည်။
သူကြီးဆိုသည်မှာလည်းရူဘီ့ကိုမြင်ရင် လိပ်ပြာလွင့်သလိုငေးရင်ငေး မငေးရင်အယောင်ယောင်အမှားမှားဖြစ်တတ်သည်ကအမြဲပင်။တဏှာစိတ်နဲ့မဟုတ်ဘဲ အရမ်းလှပလွန်းတဲ့အရာတစ်ခုကို မမြင်ဖူး၍ငေးမောသလိုမျိုးသာ။အခုလည်းစိတ်လွတ်လပ်လွတ်ငေးနေသောကြောင့် ကြက်မက
"သူကြီး သွားရည်တွေသုတ်ဦး အိုင်နေပြီ"
ပြောတာကို အယောင်ယောင် အမှားမှားသုတ်မိနေသည်။
"ကဲ သူကြီးရယ် ဒီနေ့လိုရင်းမှပြောပါ့မလား"
ကြက်မရဲ့စိတ်မရှည်သလိုအပြောကိုမျက်စောင်းထိုးကြည့်ပြီးမှ လာလီ့ကိုစကားပြောသည်။
"လူချော မင်းကချောက်ကမ်းပါးဘက်ကိုမလာတာကြာပြီလေကွာ ငါတို့ သယ်တာဘယ်လောက်ရပြီလဲလာကြည့်ပေးပါဦး ပစ်ထားတော့မလို့လား"
"ဟုတ်ပါတယ် လူချောရယ် ငါတို့သယ်နေတာလေးရက်ရှိပြီ"
"မင်းသမီးရယ်ပြောကူပါဦး"
တစ်ယောက်တစ်ပေါက်နဲ့ရွာသားတွေက ရူဘီ့ကိုပါပြောလာတာမို့
"သွားကြည့်ပေးလိုက်ပါ မောင်ရယ်"
"ဘာမှလုပ်လို့မရသေးဘူး မင်းသမီးရဲ့"
"ဟင် လာလည်းမကြည့်ဘဲလူချောက ဘယ်လို ပြောလဲ"
"ကျုပ်ကတွက်ထားပြီးသား ခင်ဗျားတို့ကလူများပြီးပွဲမစည်ဘူးလေ ခဏထိုင်းနားမယ့်လူအရေအတွက် စကားပြောမယ့်လူအရေအတွက်တွေပါ ထည့်တွက်ထားတာ အဲ့တော့ အလုပ်မတွင်ကျယ်လို့ ခင်ဗျားတို့အခုထိ လှည်းတစ်စီးစာပဲရသေးတာလေ"
လာလီ့စကားအဆုံးရွာသားတွေခေါင်းငုံ့သွာသည်။ပြောတာမှန်နေသည်ကိုး။သူကြီးလည်းခေါင်းမဖော် သူကလေပေါတဲ့လူထဲထိပ်ဆုံးကလေ။
"ဘာပဲဖြစ်ဖြစ်ပါ လူချောရယ်မနက်ဖြန်တော့လာကြည့်ပါဦး"
"ဟုတ်ပါတယ် အိပ်ရေးပျက်တယ်ဆိုရင်လည်း အရိပ်ကောင်းကောင်းမှာ စောင် ခေါင်းအုံး ထားပေးပါမယ် အိပ်ပြီးပဲ ညွှန်ကြားလည်းဖြစ်ပါတယ်"
တစ်ယောက်တစ်ပေါက်ပြောနေတာမို့လာလီစိတ်နောက်ကာ
"ပြီးရောဗျာ မနက်လာမယ် အခုပြန်ကြတော့"
ပြောလိုက်မှ အချင်းချင်းလက်တို့ကာ
"ဟဲ့ ဟဲ့မနက်လာမယ်တဲ့"
"အေးအေး"
"အဲ့တာဆိုပြန်ကြမယ်လေအေ သူများလင်မယား ညမှုညတာအလိုက်ကမ်းဆိုးမသိ"
"အမလေး နင်ထိပ်ဆုံးကပါကြက်မရယ်"
လူအုပ်ကြီးပြန်သွားမှ စောင်ခေါင်းမြီးခြုံကိုဖွင့်ကာ လာလီအော်ရယ် ပစ်လိုက်သည်။ချစ်ရသူရူဘီဟာလည်းတအံ့တဩနဲ့ပေါ့။
#next part coming
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
