.............................
ထမင်းစားပြီးတာတောင်မအိပ်သေးဘဲတကုပ်ကုပ်နဲ့တွက်ချက်နေသော လာလီဟာ ရေနံဆီမီးအိမ်ရောင်ကြောင့် ကြည့်ကောင်းနေသည်။ရာသီဥတုအေးတာကြောင့် ရေနွေးပူလေးကိုသောက်စေချင်တဲ့စေတနာအရင်းခံဖြင့် ရူဘီယူလာပေးမိသည်။
"ရော့ ရေနွေးပူလေးသောက်"
ရူဘီအနားရောက်မှ ဆက်ခနဲဆွဲခေါက်လိုက်သောစာရွက်ခေါက်ကြီးကြောင့် ရူဘီ့မျက်ခုံးသွယ်သွယ်တွေဟာတွန့်ခနဲ။
"ဘာမို့လို့ကျွန်မကိုမမြင်စေချင်တာလဲ လာလီ"
"ဘာမှမဟုတ်ပါဘူး မင်းသမီးရဲ့ အချိန်တန်မင်းသမီးသိရမှာပါ"
ပြောပြောဆိုဆို သိုင်းဖက်လာတဲ့သူ့လက်တွေကိုရူဘီဖယ်ချကာ
"နေဦး အဲ့တာလည်းပြောမလို့ ကျွန်မကိုရူဘီလို့ခေါ်ဖို့ ဘယ်နှစ်ခါပြောရမလဲ ရှင်က မင်းသမီးလို့ခေါ်နေတာနဲ့တစ်ရွာလုံးကမင်းသမီးလို့ပဲလိုက်ခေါ်နေကြတယ်"
"အဲ့တာမကောင်းဘူးလား"
"မကောင်းဘူးရှင့်မကောင်းဘူး"
"ဒါပေမဲ့ကျုပ်ကမင်းသမီးကိုမင်းသမီးလို့ခေါ်ရတာကြိုက်တယ်လေ"
ရူဘီစိတ်ဆိုးကာ ထသွားဖို့ပြင်တော့ သူကလက်ကိုလှမ်းဆွဲကာ
"ရူဘီ"
"ဘာလဲ အခုတော့ရူဘီဖြစ်သွားပြန်ပြီလား"
သူကလက်ကိုအားနဲ့ဆွဲချကာ ရင်ခွင်ထဲပိုက်ထားပြီး
"ခင်ဗျားက ကျုပ်ထက်အသက်ငယ်မှန်းသိပေမဲ့ ကျုပ်ဇနီးဖြစ်နေပေမဲ့ ကျုပ်အမြင်မှာ ခင်ဗျားကမင်းသမီးလေးတစ်ပါးပဲ Kim အိမ်တော်ကိုစရောက်ဖူးကတည်းက ရာဇဝင်တွေထဲက နန်းတော်ကြီးကိုတွေ့လိုက်ရသလိုခံစားလိုက်ရတာ တကယ်တော့ကျုပ်က ခင်ဗျားကိုတန်ဖိုးထားလို့ မြတ်နိုးလို့ မင်းသမီးလို့ခေါ်တာပါ ဒါကြောင့်မပိတ်ပင်ပါနဲ့မင်းသမီးရယ်"
သူ့ရှင်းပြချက်မှာရူဘီကျေနပ်သွားမိတာလားပဲ။
"ကဲ ပြောမရလည်းသဘောပဲရှင်"
"အင်း"
"ရှင်လုပ်တာနဲ့ကျွန်မတကယ်မေးချင်တဲ့လိုရင်းတောင်မရောက်လိုက်ဘူး"
"နောက်မှမေးပါလား"
"မရဘူး အခုမေးမှာ လာလီအခုရှင်ဘာတွေလုပ်နေတာလဲ ကျွန်မကသူများပြောမှသိရတာမျိုးက မဟုတ်သေးဘူး"
"မပြီးခင်ဗမာမမြင်စေနဲ့တဲ့"
"ကျွန်မက ရှင့်မိန်းမ"
"မိန်းမမို့ပိုမပြောချင်ဘူး"
ရူဘီတကယ်စိတ်ဆိုးမိပြီ။
"ရတယ်လေ ရှင် ယောက်ျားပီသချင်လို့လုပ်သမျှအရာတွေကျွန်မကိုဘာမှလာမပြောနဲ့ စိတ်လည်းမဝင်စားေတာ့လို့မသိချင်တော့ဘူး"
ဆူစောင့်ကာပြောတော့
"စိတ်မဆိုးပါနဲ့မင်းသမီးရယ်"
"...''
"ညနက်နေပြီမင်းသမီး အိပ်ကြရအောင်"
အေးနေသောရာသီဥတုကြောင့် စိတ်ဆိုးေသာ်လည်း မမာကျောနိုင်သောရူဘီ့နှလုံးသားကကွပ်ပျစ်မှာအိပ်မယ့်သူ့ကို စိတ်ပူသည်။
"လာလီ အပြင်မှာအေးပါတယ်ရှင်ဒီမှာပဲတစ်ယောက်တစ်ခြမ်းအိပ်လည်းဖြစ်တာပဲမဟုတ်လား"
"ဘာလို့လဲ ကျုပ်လေဖြတ်မှာစိုးလို့လား"
"စိုးရိမ်တာပေါ့ရှင် ရှင်ကကျွန်မအိမ်ထောင်ဦးစီးပဲ"
"..."
"ဒီမှာပဲအိပ်ပါရှင်"
"ကျုပ်မင်းသမီးကိုဖက်မိရင်ဘယ်လိုလုပ်မလဲ"
"ကျွန်မက ရှင့်မိန်းမပဲ ဒီထက်ပိုလို့တောင်ရပါတယ်"
ပြောပြီးမှ သူမစကားကိုရှက်သွားဟန်ရှိတဲ့ ရူဘီ့ပါးလေးတွေဟာ မို့မို့ရဲရဲလေး။
ချစ်လိုက်ရတာရူဘီရယ် ကျုပ်မပြောလည်း ခင်ဗျားသိမှာပါ။ဒါပေမဲ့ သူများအိမ်ပေါ်မှာတော့အကြင်လင်မယားအရာမြောက်မသွားချင်တဲ့ ယောက်ျားမာနကခွင့်မပြု။
"မရလောက်ဘူး ကျုပ်ကအခြောက်ဆိုလည်းကောင်းသား ကဲ မင်းသမီးပဲအိပ်ပါ ကျုပ်အဆင်ပြေတာမို့ မီးအိမ်ငြိမ်းပေးခဲ့မယ်"
ရင်ထဲကလှိုက်တက်လာတဲ့ဆန္ဒတွေကိုမီးအိမ်နဲ့အတူ ငြိမ်းသက်ကာ အပြင်သို့ထွက်လာခဲ့သည်။တကယ်ချစ်ရင်ယောက်ျားပီပီသသ စောင့်ထိန်းလိုက်တော့လာလီ။
#next part coming
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
