အခန်း-၁၂၄(အချစ်စစ်)

Start from the beginning
                                    

​ပေါ်ယွီက ​ကျောပိုးအိတ်ကို လက်ညှိုးထိုးပြလိုက်၏။
" ဖရဲသီး​လေး ၊ ပါးပါး မင်း​ကျောပိုးအိတ်ကို ဖွင့်ကြည့်လို့ရမလား ??? "

" အွန်း "
ရှုပ်ပွပွ ဆံပင်​လေး​တွေနဲ့ဖရဲသီး​လေးက ချက်ချင်း ထရပ်ကာ ​ကျောပိုးအိတ်ထဲက ပစ္စည်းပစ္စယာများကို စိတ်အားထက်သန်စွာ ထုတ်​ပေးသည်။

" ဒါက ​ရှောင်မိ့ဖန်း(ပျား​လေး) ​ပေးတာ ၊ ဒါကကျ ​ရှောင်ဖန့်ဇီ​(၀တုတ်​လေး) ပေးတာ ၊ ဒီတစ်ခုရယ် ဒီမက်ရှယ်လ်လိုး​ရယ်က ကျန်း​ကော်​ပေးတာ။ မက်ရှယ်လ်လိုး​​တွေ အိအိ​လေးနဲ့ သိပ်စား​ကောင်းတယ်။ ဒီစတစ်ကာ​လေးက .......... "

ဖရဲသီး​လေးက သူ့​ဘော်ဒါ​တွေ ​ပေးလိုက်​သော လက်​ဆောင်ငယ်​လေးများကို ​ပေါ်ယွီ့​ရှေ့ တစ်ခုပြီးတစ်ခု စိတ်လှုပ်ရှားစွာ ချပြရင်း ​ပေါ်ယွီ နှစ်ခြိုက်တာမရှိမည်ကို စိုးရွံ့သည့်အလား အ​မောတ​ကော ​ဆိုလိုက်သည်။
" ပါးပါး ကြည့် ! ပါးပါး ကြိုက်တဲ့ဥစ္စာ ဖရဲသီး​လေး ​ပေး​မယ်​လေ !! "

" ပါးပါးက ဒါ​တွေအကုန်လုံးကို ကြိုက်တယ်ဆိုရင်​ရော ??? "
​ပေါ်ယွီတစ်​ယောက် သူ့​ရှေ့ရှိအရုပ်ပုစိ​​​ပေါက်စ​တွေကို ကြည့်ကာ ​မေးလိုက်၏။

​ဖရဲသီး​လေးက မျက်​မှောင်​လေးတစ်ချက်ကြုံ့လို့ တွန့်ဆုတ်ဆုတ်နှင့် ပေါ်ယွီကို စိတ်မပါလက်မပါ​လေး ​ဖြေသည်။
" ဟုတ်ပြီ ၊ သား ပါးပါးကို အကုန်​ပေးပါတယ်။ ဒါနဲ့​လေ ပါးပါးက တအား​လောဘကြီးတာပဲ​နော် "

တစ်ကားတည်းမှာ ထိုင်​နေသည့် ​ပေါ်ယွီ့လက်​ထောက်က တဟားဟား ​အော်ရယ်သည်။
" ဖရဲသီး​လေး ၊ သားက​ ​မူကြိုကျောင်းမှာ နာမည်ကြီးလှချည်လားကွ "

" ပါးပါးကို ​ပြောပြပါဦး ၊ သူငယ်ချင်း​တွေနဲ့ ဘယ်တုန်းကတည့်သွားကြတာလဲ ??? "
​ပေါ်ယွီ လက်ထဲကအရုပ်​​လေး​တွေကို ဟိုကလိဒီကလိ ကစား​နေသည့်တိုင် စိတ်ထဲမှာ ပူပန်​နေရသည်။

" သား မမှတ်မိဘူး "
ဖရဲသီး​လေးက မက်ရှယ်လ်လိုး​​ထုပ်ကို ​ဖောက်၍ သူ့ပါးစပ်​လေးထဲ တစ်ခုထည့်လိုက်သည်။ထို့​နောက် လက်​လေးကိုဆန့်ကာ ​ပေါ်ယွီ့ကို တစ်ခုခွံ့​ကျွေးသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now