Flashback start..

     "မင်းတို့က ဘယ်ကလာတာတုန်း မြို့ကလား"
  သွားမတိုက်ထား၍ ဂျွတ်တက်နေသောသွားဝါဝါကြီးနှင့် ရူဘီ့အားအစွမ်းကုန်ရယ်ပြနေသော သူကြီး ယူရှင်း။
   "မဟုတ်ပါဘူးဗျာ ကျုပ်တို့က ချန်းဂူရွာကလာတာ "
   "ပြစ်မှုလုပ်လာတာလား"
သူကြီး ယူရှင်းရဲ့ညီ ထယ်ရှင်းကဝင်မေးခြင်းဖြစ်သည်။
   "ဟုတ်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာ"
လာလီ့စကားအဆုံး ဝိုင်းအုံကြည့်နေသောရွာသားများဟာ ဆူညံ့လာသည်။
   "ဟဲ့ ဓားပြတွေများလား"
  "ဓားပြတွေက အဲ့လောက်ချောမလား"
"အေးလေ ကောင်မလေးဆိုထိရက်စရာတောင်မရှိဘူး အရုပ်မလေးကျနေတာပဲ"
   "လူသတ်လာတာများလား"
ကြက်မ လို့နာမည်ပြောင်ခေါ်ကြတဲ့ မီနာရဲ့စကားအဆုံး တစ်ယောက်တစ်ပေါက် ပြောနေသောအသံတွေဟာတိတ်သွားပြီး ကြက်မအားဝိုင်းကြည့်ကာ တစ်ညီတည်းပြောလိုက်တာက
   "နင်က ကြက်မဆိုတဲ့အတိုင်းပဲကြက်ဦးနှောက်နဲ့"
"နင်တို့ကလည်း ငါလည်းငါတွေးမိတာပြောတာကို"
  "တိတ်စမ်းနင်တို့ပြောနေတာနဲ့ငါ့စကားကရှေ့ကိုမရောက်တော့ဘူး"
သူကြီးက တစ်ချက်လှမ်းငေါက်ပြီး
    "ဘာပြစ်မှုလဲ မင်းလုပ်လာတာက"
  "အဲ့ရွာက အကြီးအကဲရဲ့သမီးကို ခိုးလာတဲ့အမှုပါ"
  "ဟမ် ဒါဆို ဒီမိန်းကလေးက"
    "ကျုပ်ခိုးလာတာပါ"
သူကြီးတံတွေးတစ်ချက် မြိုချလိုက်တာ ကို လာလီမြင်သည်။
     "ကဲပါ လူငယ်ချင်းမေတ္တာမျှလို့ ခိုးပြေးကြတာပဲ သားကြီးရယ် တခြားထွေထူးပြီးမှမရှိတာပေးနေလိုက်ပါ"
သူကြီးရဲ့အမေကဝင်ပြောတော့ သူကြီးခမျာ ရူဘီ့ကို မျက်တောင်မခတ်ငေးနေရာမှသတိဝင်လာကာ
   "ဟုတ်ကဲ့အမေ ကျုပ်လည်း နေလို့ရတယ်လို့ပြောတော့မလို့ပါပဲ"
  "ဒီလိုဆိုဖြင့် သူတို့မှာအိမ်ကလည်းမရှိသေးတော့ ကျုပ်ခေါ်ထားမယ်တော့"
   အပျိုကြီး ဒေါ်ဟိုလင်းရဲ့ ဝမ်းသာအားရပြောလာတဲ့စကားကြောင့်
    "ဟာ ‌ခင်ဗျားနှယ် ကိုယ့်အသက်ကိုယ် ဆယ့်ခြောက်နှစ်ထင်နေတာလား ဆန်မုန့်ရောင်းလို့ရတာ ကိုယ်စားဖို့တောင်အနိုင်နိုင်ကို သူများတင်ကျွေးထားချင်သေးသလား"
  ဟု သူကြီးကစိတ်ပျက်ဟန်နှင့်ပြောသည်။ ဘာပြောပြော ဆန်မုန့်သည် ဒေါ်ဟိုလင်းက‌တော့ဂရုမစိုက်ခဲ့ပါ။
   "ဆန်မုန့်ရောင်းလို့ရတာကမလောက်ရင် ထင်းခုတ်ကျွေးမယ်တော် လူချောလေး အမေနဲ့လာနေနော်"
  ပြုံးရင်း လာလီနဲ့ရူဘီတို့ရှိရာဘက်ကြည့်ကာပြောလာတာကြောင့် ရူဘီ့မှာ အားနာ ဝမ်းသာသော်လည်း ဘေးက ဘုန်းကြီးကျောင်းသားကအလိုက်ကမ်းဆိုးမသိတတ်စွာနဲ့ပင်
   "ဟုတ်ကဲ့အမေ ကျုပ်တို့လိုက်နေပါ့မယ်"

Flashback end

အခုတော့ ရူဘီ့မှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်လာရသည်မို့ ဒေါ်ဟိုလင်းရဲ့ အင်္ကျီပွပွကြီးက ခါးပေါ်နေရာယူထား သည်။ သို့ပေမဲ့ ရူဘီဟာ ရုပ်ဆိုးသွားခြင်းမရှိ။ကြည့်ကောင်းနေတုန်းပါပဲ။မျက်နှာသစ်ပြီး ပြန်လာသည့် လာလီနဲ့အတူ ဆန်မုန့်ကိုအဆာပြေအတူစားရင်း
   "ကျွန်မပြောတာ သေချာရော ခေါင်းထဲဝင်ရဲ့လား လာလီရယ် "
  "သိပါတယ် ဒီမှာမင်းသမီး ခင်ဗျားစိတ်ချထား ကျုပ်ကြောင့်ခင်ဗျားမျက်နှာမငယ်စေရဘူး"
ဆန်မုန့်အစားမပျက် ပြောလာသည့်သူ့စကားများအားရူဘီ ယုံကြည်နေမိတာ ဘယ်လိုကြောင့်မှန်းကိုမသိတော့ပါဘူး။

  #next part coming

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now