အခန်း (၁၇၃)

Começar do início
                                    

ရွှမ်ရွှီလောကကြီးကို ချီယုံဖျက်ဆီးပြီး အိပ်မက်ထဲကလို လုပ်ပစ်မှာထက်စာလျှင် ပြည်နယ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်က ပို၍ ကောင်းမည်ဟု ကျန်းလော့ထင်သည်။

ကျန်းလော့သည် သူ့ကိုယ်သူ မထိန်းနိုင်အောင် ချီးကျူးမိသည်။ သူနှင့် ချီယုံတို့သည် တစ်ယောက်နှင့် တစ်ယောက် မုန်းတီးဆန့်ကျင်ကြရန် မွေးဖွားလာခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးတွင် ရွှမ်ရွှီလောကကို ဖျက်ဆီးချင်သည့် ရည်မှန်းချက်ချင်း တူညီနေကြလျှင်တောင် သူတို့သည် အစွန်းနှစ်ဖက်မျာ ရပ်နေကြသူများ ဖြစ်သည်။

ချီယုံ၏ အရာအားလုံးကို ဖျက်ဆီးပြီး စနစ်သစ်နှင့် အုပ်ချုပ်မှုကို ဤအဖွဲ့အစည်းဖြင့် တားဆီးနိုင်အောင် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

'တော်တော် မိုက်မှာပဲ'

ကျန်းလော့သည် တကယ်လဲ ထိုသို့တွေးမိပြီး ဤကဲ့သို့ လှည့်ဖြားမှုနှင့် အလွဲသုံးစား လုပ်ခြင်းတို့ ရောထွေးနေသော ဆက်ဆံရေးသည် မည်သည့် ရှုထောင့်ကကြည့်ကြည့် အဆိပ်သင့်နေသော ဆက်ဆံရေးမျိုး ဖြစ်သည်။ အထွေထွေ လိုအပ်ချက်များကို ဆွေးနွေးကြပြီးနောက် အရာရှိလင်သည် အလောတကြီး ထွက်သွားဖို့ ပြင်ဆင်ခဲ့သည်။

"ကျွန်တော်တို့ ချီ(ချီယယ်)နဲ့ ချီ(ချီယုံ) မိသားစုက လူတွေကို ဖမ်းဖို့ကျန်သေးတယ်ဗျ ချီယွမ်နဲ့ ချီကျုံးယဲ့တို့ပြောခဲ့တဲ့ သူတို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ နေရာတွေအားလုံး နဲ့ ဝန်ခံချက်တွေကို မှတ်တမ်းတင်ထားပြီးသားပါ ပြီးတော့ ကျွန်တော်တို့ ကြံရာပါလို့ ထင်တဲ့သူတွေနဲ့ မိသားစုဝင်တွေကို တစ်ယောက်ချင်းစီ စစ်ဆေးရဦးမယ် အိုး ပြီးတော့ မင်းတို့အတန်းဖော် ချီယယ်ကိုလည်း ကျွန်တော်တို့ ခဏတော့ ခေါ်ထားရမယ်ဗျ နောက်ဆုံးတော့ သူက ချီမိသားစုဝင်ဖြစ်နေတယ်လေ သူအပြစ်ရှိမရှိက စစ်ဆေးကြည့်မှ သိရမှာဆိုတော့ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို စစ်ဆေးလို့ပြီးလို့ အပြစ်ကင်းတယ်ဆို ချက်ချင်းပြန်လွှတ်ပေးမှာပါ ဒါကြောင့် အရမ်းကြီး မစိုးရိမ်ကြပါနဲ့"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Onde histórias criam vida. Descubra agora