အခန်း ၅၆ မှ ၅၈ (unicode)

897 52 5
                                    

 

 

 

 

 

 

 

 

 

 

အခန်း ၅၆ ။

 

 

နည်းပြကိုယ်တိုင် လာရောက်သင်ကြားပေးသဖြင့် ဖန်ရှောင်၏ ပရောပရည်လုပ်နည်း မဟုတ်ဘဲ တကယ့်ပညာကိုသူမ သင်ကြားခွင့်ရသည်။ခန္ဓာကိုယ်ကို ညွတ်ကိုင်းခြင်းနှင့် ဗဟိုချက်ကို ထိန်းညှိခြင်းတို့ ပြုလုပ်ရတိုင်း နည်းပြက အသေအချာ ပြည့်ပြည့်စုံစုံ ပြသလေ့ရှိပြီး ဟောက်ဝေ့​၏ ကိုယ်နေဟန်ထားကို ပြုပြင်ပေးကာ သူမကို အဓိကအချက်တွေ ပြောပြပေးသည်။

 

 

 

 

 

 

 

ဟောက်ဝေ့လည်း ဂရုတစိုက်နားထောင်ရင်းဖြင့် ခေါင်းညိတ်ကာ သူမ လေ့လာနေသော နည်းလမ်းများကို မှတ်သားထားလေသည်။ မကြာခင်၊ ရေခဲပြင်ထဲသို့ ရောက်သော် နည်းပြနှင့်အတူ စတင်၍ ဖြည်းဖြည်းချင်း ရေခဲလျှောစီးတော့​၏။

 

 

 

 

 

 

 

ဟောက်ဝေ့ နည်းပြနှင့် လေ့ကျင့်နေသည်ကို ကင်မရာသမားလည်း မြင်၍ သင်ယူထားသည့်နည်းလမ်းများကို အသုံးချပြီး ပိုင်ယွဲ့နှင့် ယှဉ်ပြိုင်ချင်သည်ဟု ထင်သောကြောင့် သူမကို အထူးတလည်ရိုက်ကူးပေးသည်။ သူမ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အကျိုးအမြတ်တော့ ရှိသည်။ ဟောက်ဝေ့က အရေးတယူလေ့လာထားပြီး ဖန်ရှောင်နှသ့် ပိုင်ယွဲ့ကိုပင် လှမ်းမကြည့်ကြောင်းတွေ့ရလေသည်။

 

 

 

 

 

 

 

မိနစ်အနည်းငယ်မျှ သင်ယူပြီးနောက်၊ ဟောက်ဝေ့ အရှေ့သို့ တိုးလာလေသည်။ နည်းပြကလည်း ကျွမ်းကျင်စွာ လိုက်ပါလာပြီး သူမကို ဗဟိုချက် ဆက်လက်ထိန်းထားစေပြီး ကြွက်သားများ ပြေလျော့စေရုံသာ လုပ်ပေးပြီး အသေးစိတ် လိုက်မထိန်းပေးတော့ချေ။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now