အခန်း ၅၃ မှ ၅၅ (Unicode)

699 45 0
                                    

 

 

အခန်း ၅၃ ။

 

သူငယ်ချင်းဖြစ်သူများကိုလည်းဆိုင်တစ်ဆိုင်ဝယ်၍ ပိုက်ဆံရှာချင်ကြောင်းကိုဟောက်ဝေ့ကမေးမြန်းခဲ့သည်။

 

 

 

သူကြွယ်မိသားစုမှ အမျိုးသမီးတစ်ယောက်မှာလူလုံးထွက်ပြခြင်းကမသင့်လျော်သော်လည်းမင်းသမီးတစ်ပါး​၏ နောက်လိုက်လုပ်လျှင်တော့ အဆင်ပြေသည်။

 

 

 

ယခု၊ ဟောက်ဝေ့မှာချင်နိုင်ငံတော်တွင် အချစ်ခံရဆုံး၊ နန်းတွင်းထဲတွင် တစ်ဦးတည်းသောမင်းသမီးနှင့် ဘုရင်နှင့်မိဖုရားတို့​၏ အသည်းကျော်လေးဖြစ်ပေသည်။ မည်သူကမျှ သူမအားအပုပ်မချရဲကြသလိုသူမနှင့် နီးစပ်ခွင့်ရရန်ပင် ကြိုးစားနေကြပြီဖြစ်သည်!

 

 

 

သို့သော်လည်း၊ အမျိုးသမီးငယ်လေးများ​၏ စိတ်တိုင်းကျဖြစ်လာခဲ့သည်။ သူတို့ အိမ်ပြန်ရောက်သည်နှင့်၊ တစ်ခဲနက်ထောက်ခံမှုကိုရရှိခဲ့ပြီးဆိုင်များနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ မိသားစုဝင်များကလည်းဟောက်ဝေ့နှင့် တည့်တည့်ယှက်ယှက်နေပြီးဆက်ဆံရေးမပြတ်စေရန် မှာကြားသည်။

 

 

 

ထို့ကြောင့်၊ မိန်းမပျိုလေးများပီပီစိတ်လှုပ်ရှားလျက် စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။ ဟောက်ဝေ့ဖွင့်လိုသည့်ဆိုင်မျိုးကိုမေးမြန်းကြသည်။ အချို့မှာစားသောက်ဆိုင်၊ အချို့မှာလက်ဖက်ရည်ဆိုင်၊ အချို့မှာလက်ဝတ်ရတနာဆိုင် စသည်ဖြင့် အသီးသီးဖွင့်လိုကြသည်။ နေ့စဉ်နှင့်အမျှ အဆက်အသွယ်အမျိုးစုံရှိသောမိန်းကလေးများလည်းပါဝင်ပေသည်။

 

 

 

ဟောက်ဝေ့ကလည်းသူတို့အားစိတ်မပျက်စေရပါ။ သူတို့ သဘောကျသည်များကိုချရေးခိုင်းစေပြီးဆိုင်မဖွင့်ခင် အသေးစိတ်စီစစ်ရန် ဆုံးဖြတ်ထားလိုက်သည်။ ဖွင့်လိုသည့်နယ်ပယ်​၏ အကျိုးအမြတ်နှင့် ဆုံးရှုံးနိုင်သည်များကိုသေချာလေ့လာပြီးကျသင့်ငွေနှင့် ပြန်ရနိုင်ငွေ​၏ အချိုးအစားကိုလည်းထည့်တွက်ရဦးမည် ဖြစ်သည်။ ထို့ကြောင့်၊ တဇွတ်ထိုးပြုလုပ်၍မရနိုင်ပါ။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now