အခန်း ၄၁ မှ ၄၇ ။ (zawgyi)

511 17 0
                                    


 
Chapter: 41 

 

လုမိသားစုမှာ မသင့်တော်သည့် လုပ်ရပ်တစ်ခုကိုကျူးလွန်မိခဲ့ကြသော်လည်း သူတို့သည် အရှက်တရားကို ဖုံးကွယ်ထားကြသည်။ အများစုက လီမိသားစုပြန်လည် ပေါင်းစည်းရေးလုပ်နေကြသည်ဟု အားလုံးက ယူဆထားကြသည်။ လုမိသားစုက ဤပုံစံကို ဖန်တီးရုံမှလွဲ၍ ဟောက်ဝေ့​၏ ကံဆိုးခြင်းများကို ဖယ်ရှားရန် မတတ်နိုင်တော့ပေ။

 

လူကုံထံအများစုမှာ ဤပုံစံအတိုင်းပင်ဖြစ်သည်။ သူတို့​၏ သဏ္ဍာန်အမှန်ကို လွှမ်းခြုံထားကြသ၍ သူတို့ အဆင်ပြေကြသည်။

 

အချို့မှာ လုမိသားစုက ဂြိုဟ်ဆိုးတစ်ယောက်ကို အိမ်တွင်ဆက်မထားချင်သည့် သဘောကိုပင် နားလည်ထားကြသည်။ နိုင်ငံရေးလောကထဲတွင် မိသားစုတစ်စု ကြီးပွားချမ်းသာနေရန်အတွက် ထိန်းသိမ်းရန်မှာ မလွယ်ကူပါတကား။ မည်သူမျှ အလောင်းအစားမလုပ်ရဲကြချေ။

 

ထို့ကြောင့် ဟောက်ဝေ့​၏ အဖြစ်အပျက်များကို သိကြလျှင်ပင်၊ သူမက တကယ်ကံဆိုးမှုဖြစ်နေသည်ဟု သက်ပြင်းချ၍ လက်ခံရုံမှ တစ်ပါး သူတို့လည်း မတတ်နိုင်ပေ။

 

မှူးမတ်မိသားစုကလည်း ဝမ်းသာနေခဲ့ကြသည်။ ဟောက်ဝေ့မှာ ဖန်းသခင်လေးကိုပင် လက်ထပ်လုနီးပါးဖြစ်ခဲ့သည်။ မှူးမတ်မျိုးဆက်​၏ အမေဖြစ်လုနီးပါးပင် ဖြစ်ခဲ့ရသည်။ ထိုအခါ မှူးမတ်အသိုင်းအဝိုင်း မည်သို့ ဖြစ်သွားမည်နည်း? ကံကောင်းစွာဖြင့်၊ လုကျင်းယွင်ကို ရှာတွေ့ခဲ့သည်။ ဟောက်ဝေ့ သယ်ဆောင်လာခဲ့သည့် ကံဆိုးမှုများကိုပင် ဖယ်ရှားပေးနိုင်မည့် ကံကောင်းသည့် ကြယ်ပွင့်လေးမှာ လုကျင်းယွင်သာ ဖြစ်တော့သည်။

 

မှူးမတ်မိသားစုမှာ အမွှေးနံ့သာများ လှူဒါန်းရန်အတွက် ပိုက်ဆံအမြောက်အမြား မတည်ခဲ့သည်။ အစေခံများကိုလည်း အိမ်တော်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်စေပြီး ကံဆိုးမှုများ လွင့်စဉ်သွားစေရန် ဖန်းချင်းကျဲအား လက်ဖက်ရည်အိုးထဲရှိ လက်ဖက်ရည်ထဲတွင် နှစ်စေသည်။ သူမက ဟောက်ဝေ့ကို မုန်းနေပြီးသားဖြစ်သည်။ နောင်တွင်လည်း ဖန်ချင်းကျဲတွင် ပြဿနာတစ်စုံတစ်ရာပေါ်လာပါက၊ ဟောက်ဝေ့ကြောင့်ဟုသာ သူမ ထင်မိမည်ဖြစ်သည်။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now