အခန်း ၂၁ မှ ၂၅ ထိ။ (for zawgyi)

1.3K 25 0
                                    

Chapter: 21
Translator: Summer Sunshine
Editor: Kris shi

ပန်းချီကားတွေဟာ ပြသထားရုံသာမက ပန်းချီပြပွဲတွင် အမျိုးစုံသော ကားချပ်များကိုပါ ဝယ်ယူ၍ရသည်။ ပြပွဲတွင် လော့ရှောင်နာမည်တပ်ထားသည့်အတွက် နာမည်ကြီးပန်းချီဆရာများ​၏ ပန်းချီကားကောင်းများ အားလုံးကို ဈေးကောင်းကောင်းနှင့် ရောင်းချ၍ရသည်။

ဟောက်ဝေ့​၏ ပန်းချီကားများအတွက်တော့ ဟောက်ထင်းဝေ့ မည်သူမျှထပ်မမြင်နိုင်တော့အောင် အကုန်လုံးကို ဝယ်ပစ်လိုက်ချင်သည်။ ဟောက်ဝေ့​၏ မမျှတမှုအတွက် တောင်းဆိုနေကြသော လူငယ်တစ်သိုက်မှာလည်း ဝယ်ယူရန် စိတ်ပြင်းထန် နေကြသည်။ သူတို့တစ်ယောက်စီတွင်လည်း ပိုက်ဆံအလုံအလောက်ရှိကြသည်။ ဟောက်ဝေ့မှာ လူတွေငိုအောင် ပန်းချီကားဆွဲနိုင်သည်။ ထို့ကြောင့် ဟောက်ဝေ့ကို အားပေးသည့်အနေနှင့် ဝယ်ရမည်မဟုတ်လား? ဟောက်ဝေ့က ပန်းချီကားတွေရောင်းပြီး ဝင်ငွေရှာချင်တာကို သိတဲ့အတွက် ရောင်းဈေးပိုမြင့်လေ၊ ဟောက်ထင်းဝေ့ ပိုစိတ်ထိခိုက်လေဖြစ်သည်။ သည်လို အကြီးအကျယ်လုပ်ဖို့သူ မစိုးရိမ်သလို ခေါင်းမာစွာနှင့်ပင် လေလံကို ဈေးကြီးပေး၍ အလုအယက်ဝယ်ယူနေကြသည်။

သို့သော်လည်း လော့ရှောင်မှာ နောက်ဆုံးတွင် ဈေးအမြင့်ဆုံးဖြင့် ပန်းချီကားများအားလုံး သူတစ်ယောက်တည်း အပိုင်သိမ်းသွားမည်ကို ဘယ်သူမျှမတွေးမိကြချေ!။

ဟောက်ဝေ့​၏ ပန်းချီကားများကို ဘယ်သူ့ကိုမျှ လော့ရှောင်င်မပေးခဲ့ပေ။ အကုန်လုံးကို သူတစ်ဦးတည်းသာ ဝယ်ယူသွားလေသည်။

ဟောက်ဝေ့၏ သူငယ်ချင်းများကလည်း လျိုရှောင်နှင့်အပြိုင် လေလံလုရန် အလုံအလောက်ပိုက်ဆံမရှိသည့်အတွက် မကျေမချမ်းဖြစ်နေကြသည်။ ဟောက်ဝေ့ကို သူတို့ လှမ်းကြည့်လိုက်သောအခါ၊ သူမပြုံးနေသည်ကို တွေ့လိုက်ရသည်!။

ဟောက်ဝေ့၏ သူငယ်ချင်း၊ ရှင်းချင်က ဟောက်ဝေ့ကို တံတောင်နဲ့တွတ်ပြီး အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံလောက်သာ မေးလိုက်သည်​။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now