အခန်း - ၁ မှ ၅

5.1K 314 4
                                    

Chapter: 1

Translator: Summer sunshine

Editor:Little Fox

 

 

"ဟောက်ဝေ့၊တောင်းပန်လိုက်စမ်း "

 

ဒေါသသံပါနေတဲ့အသံခပ်တိုးတိုးကိုကြားလိုက်ရတော့ဟောက်ဝေ့မော့ကြည့်မိလိုက်သည်။ထိုအသံပိုင်ရှင်ကငယ်ရွယ်ပြီးချောမောတဲ့လူငယ်တစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရလေ၏။  သူမရဲ့မူလကိုယ်မှတ်ဉာဏ်အရတော့ဒီလူငယ်ဟာမူလကိုယ်ရဲ့အမွှာအကိုဖြစ်မှန်းသိလိုက်ရလေ၏။

 

သူ့အစ်ကိုနောက်မှာကွယ်နေတဲ့ကောင်မလေးကိုလည်းသူမတစ်ဖန်ပြန်ကြည့်လိုက်ပါ၏။အဲ့ဒီကောင်မလေးကလှတယ်၊သွက်လက်တယ်၊သူများဒုက္ခရောက်တာကိုမြင်ရတာဝမ်းသာနေတဲ့အကြည့်တွေလည်းသူ့မျက်ဝန်းထဲမှာပေါ်လွင်နေသေးတယ်။ပြီးတော့ကုတ်ခြစ်ရာတွေရှိတဲ့  လက်ကိုလည်းဆုပ်ကိုင်ထားသေးတယ်လေ။

 

ဟောက်ဝေ့တစ်ချက်ကြည့်လိုက်တာကြောင့်ကျောက်စီကျားကတွန့်သွားပြီး၊အားနွဲ့ဟန်ဆောင်ကာဟောက်မင်ရဲ့လက်မောင်းကိုထိလိုက်သည်။

 

"ဟောက်ဝေ့ကတမင်လုပ်တာမဟုတ်လောက်ပါဘူး။ငါအဆင်ပြေတာမလို့မေ့လိုက်တော့နော် "

 

ကျောက်စီကျားရဲ့စကားကြောင့်ဟောက်မင်ကပိုလို့တောင်စိတ်ဆိုးသွားလေ၏။  သူဟာဟောက်ဝေ့ကိုစိုက်ကြည့်လိုက်ပြီးတော့ခပ်တည်တည်မျက်နှာထားနဲ့ပြောလိုက်၏။

 

" စီကျားကမင်းသူ့ကိုတွန်းထုတ်လိုက်တာတောင်မှခု ​  ကြားကနေငါတို့ကိုဝင်ဖျန်ဖြေပေးနေသေးတာ

မင်းကတော့ဘယ်လိုမှမခံစားရဘူးလား? တောင်းပန်စကားတစ်ခွန်းတောင်မဟလာဘူးပဲ။ဘယ်တုံးကတည်းကစပြီးဒီလိုခေါင်းမာတတ်လာတာလဲ? မင်းကိုယ်မင်းပြန်သုံးသပ်ကြည့်ပါဦး  "

 

ဟောက်ဝေ့ရဲ့ခေါင်းကအတော်ကိုက်ခဲနေခဲ့လေရာသူမငြိမ်ငြိမ်လေးရပ်နေတာတောင်မှ၊မအီမသာဖြစ်နေပြီးရီဝေနေတဲ့ခံစားချက်ကပျောက်မသွားခဲ့ပါချေ။  သူမမှတ်ဉာဏ်ထဲကရှုပ်ထွေးလွန်းတဲ့ပုံရိပ်တွေကိုနားလည်းမလည်နိုင်သလို၊သူမအရှေ့ကအဖြစ်အပျက်တွေကိုလည်းသူမသဘောပေါက်ပုံမရပါချေ။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now