အခန်း ၃၆ မှ ၄၀ ။

2.3K 139 3
                                    

CHAPTER:  36
Translator: Summer Sunshine
editor: Kris shi

ဟောက်ဝေ့ နိုးလာသည်နှင့် သူမ၏မျက်နှာဆီသို့ တိုက်ရိုက်ရောက်လာသည့် လက်ဖက်ရည်ခွက်ကို အသိစိတ်ဖြင့် ရှောင်လိုက်သည်။

 

ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသော လက်ဖက်ရည်ခွက်ကြောင့် အားလုံးရင်တုန်သွားကြတော့သည်။ မှောက်ကျနေသော လက်ဖက်ရည်များကို ကြည့်ကာ ဟောက်ဝေ့ကိုခေါင်းကို ဖြည်းဖြည်းမော့လိုက်ပြီး ဘေးဘီကြည့်လိုက်သည်။

 

ရှေးဟောင်းစံအိမ်ကြီး တစ်ခု​​၏ ခန်းမထဲတွင်၊ မိန်းမကြီးတစ်ယောက်မှာ မျက်လုံးများမှိတ်လျက် အလယ်ခုံပေါ်တွင် ထိုင်နေသည်။ သူမလက်ထဲတွင် ပုတီးတစ်ကုံးမှာလည်း တစ်လုံးချင်၊ တစ်လုံးချင်း ရွေ့လျား၍နေသည်။ သူမ​၏ မျက်နှာမှာတော့ သနားစရာပင်ဖြစ်နေသည်။ ဟောက်ဝေ့ မှတ်ဉာဏ်များကို အမြန်ရှာဖွေကြည့်လိုက်တော့ မူလပိုင်ရှင်​၏ အဖွား၊ ဖန်း အမျိုးသမီး ဖြစ်နေကြောင်း သိလိုက်ရသည်။ ( သူမလက်မထပ်ခင်က မျိုးရိုးနာမည်မှာ ‘ဖန်း’ ဖြစ်ခဲ့သည်)

 

ဖန်းအမျိုးသမီး​၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သက်လတ်ပိုင်း အမျိုးသားနှင့် အမျိူးသမီးတို့ အသီးသီးထိုင်နေကြသည်။ ထိုနှစ်ဦးမှာ မူလပိုင်ရှင်​၏ အဖေ လုယွမ်နှင့် အမေ ချန်အမျိုးသမီးတို့ဖြစ်ကြသည်။ နှစ်ယောက်သားသည် ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြလေသည်။ လက်ဖက်ရည်ခွက်ကို ခွဲလိုက်သူမှာ လုယွမ်ဖြစ်သည်။

 

လုယွမ်​၏ ဘေးတွင်ထိုင်နေသော လူငယ်တစ်ဦးမှာ သူမ​၏ အစ်ကို လုဟန်းဖြစ်သည်။ သူက ဟောက်ဝေ့ကို တည့်တည့်ကြည့်မနေဘဲ သူ့အမေဘေးတွင်ရှိသော မိန်းမငယ်လေးကို ပူပန်တကြီးဖြင့် ကြည့်နေသည်။ မိန်းမငယ်လေး​၏ မျက်လုံးများမှာ နီရဲနေပြီး ရံဖန်ရံခါ မျက်ရည်များလည်း စီးကျလာတတ်သည်။သူမသည်အရမ်းစိတ်ထိခိုက်နေပုံရသည်။ သူမက စာအုပ်ထဲရှိ မူလဇာတ်လိုက်တစ်ဦးဖြစ်ပြီး လုမိသားစု​​၏ သမီးအရင်း လုကျင်းယွင်ဖြစ်သည်။

 

ထို့အပြင် ဟောက်ဝေ့​၏ မျက်စိရှေ့တွင် ရှိသောဆွေမျိုးများမှာလည်း သူမနှင့် မတော်စပ်ပေ။ လုကျင်းယွင်နှင့်သာ တော်စပ်ကြသည်။ ဟောက်ဝေ့မှာ ဤမိသားစု​၏ သမီးအရင်းမဟုတ်သောကြောင့်သာဖြစ်သည်။ သူမက စည်းစိမ်ဥစ္စကို မက်မောလွန်းသည့်အပြင် သူမ​၏ သတို့သားနှင့်လည်း စေ့စပ်ပွဲလုပ်ခဲ့သေးသည်။ ယနေ့တော့၊ သတို့သားဖြစ်သူ၊ ဖန်ချင်းကျဲမှာ စေ့စပ်မှုကို ဖျက်သိမ်းလိုကြောင်း ပြောလာသည်။ ထိတ်လန့်မှုနှင့် ဒေါသထွက်မှုကြောင့် မူလပိုင်ရှင်မှာ လုကျင်းယွင်အား အပြစ်တင်ရန်လုပ်ခဲ့သော်လည်း သူမသာ အပြစ်တင်ခံခဲ့ရသည်။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now