အခန်း - ၁၅ +၁၆

2.1K 222 0
                                    

အမျိုးသမီးအမြောက်စာကောင်းလေးအဖြစ်ပြန်လည်နိုးထလာခြင်း:
Chapter: 15
Translator: Summer Sunshine
Editor: Kris shi

လော့ရှောင်ကတော့အိမ်ပြန်သွားပေမယ့် ဟောက်ဝေ့ကတော့ ကျောက်စီကျားကို အိမ်ပြန်ခွင့်မပေးသေးပါချေ။ သူမက ကျောက်စီကျားအရှေ့ကိုသွားလိုက်ပြီး သူမရဲ့ မရှုမလှမှုန်ကုပ်ကုပ်မျက်နှာထားကို နည်းနည်းလောက်ကြည့်ပေးလိုက်သေး၏။ ပြီးတော့မှ ဟောက်ဝေ့သည် သူမကို မချိတချိ ပြုံးပြလိုက်ပြီးတော့ ပြောလိုက်လေသည်။

 

“နောက်ကျရင်၊ အိမ်ရှင်မိသားစုက နင့်ကိုဒါရိုင်ဘာငှားပေးရလောက်တဲ့ထိ သူများအိမ်မှာနောက်ကျတဲ့အထိ ဧည့်သည်လုပ်မနေနဲ့တော့လေ ဘယ်လောက်ထိတောင် ယဉ်ကျေးမှုမရှိတာလဲ? အခုဆို နင်ဟောက်စံအိမ်မှာနေတာဖြင့် တစ်နှစ်တောင်ကျော်နေပြီ။ ငါ့အမေကနင့်ကို ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို မသင်ပေးထားလုိ့လား?”

 

ကျောက်စီကျားက ခပ်တည်တည်နဲ့ပြန်ဖြေလိုက်သည်။

 

“နင့်မှာ ဘာအစီအစဉ်ရှိရှိ ငါဂရုမစိုက်ဘူး။ ငါ့သူငယ်ချင်းလော့ရှောင်ကိုတော့ နင့်ကြောင့်မထိခိုက်စေရဘူး။”

 

ဟောက်ဝေ့က ဂရုမစိုက်သလိုဖြင့် ကျောက်စီကျားကို ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် သူမ၏ဖုန်းကိုလှမ်းကြည့်လိုက်ပြီးနောက်တွင် ဟောက်ကုမ္ပဏီ၏ ဖြေရှင်းချက်ကိုတွေ့သည့်အခါမှာတော့ သူမဟာ လန့်ချင်ယောင်ဆောင်လိုက်ပြီး ကျောက်စီကျားကို ပြလိုက်လေသည်။

 

“အဲ့ဒီနေ့က ဟောက်မင်က ငါ့ကိုထားခဲ့တော့ နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ ငါထင်လိုက်တာ။ ဒါပေမယ့်လဲ  အဲ့ဒါကအရေးတော့မကြီးပါဘူးလေ။ ကြည့်ရတာ သူ့အတွက်ပဲသူတွေးတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ညီမရှိနေရတာကို ဟောက်မင်ကမကြိုက်ဘူး ထင်ပါရဲ့နော်။ နင်က ဟောက်မင်ကိုအားကိုးတဲ့အခါကျတော့ သူ့ကိုယ်သူဖြစ်ဖြစ်မြောက်မြောက်ရှိတယ် ဆိုပြီးခံစားရလို့နေမယ်။ ဒါကတော့ ရှင်းပါတယ်လေ၊ ဖန်းဟန်နဲ့ တခြားသူတွေကလည်း အဲ့လိုပဲဆိုတော့။”

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now