အခန်း - ၁၂

1.6K 201 1
                                    

Chapter: 12
Translator: Summer sunshine
Editor: Alice Kim

နောက်တစ်နေ့ မနက်စောစောတွင်တော့ ​ဟောက်ဝေ့က မနက်စာစားဖို့ထပြီးနောက် ​​စွေ့ကျင်းအား သူမနဲ့လော့ရှောင်တို့၏ ချိန်းဆိုမှုအတွက် အင်္ကျီကူရွေးပေးခိုင်းလေသည်။

​ဟောက်မင်နဲ့ ကျောက်စီကျားတို့ကလည်း မနက်စာစားဖို့အတွက်ဌာ ဆင်းလာကြသည်။ ဒါပေမယ့် ​ဟောက်ဝေ့အခန်းရှေ့က ဖြတ်လျှောက်တာနဲ့ ကြားရတဲ့ ရယ်သံတွေကြောင့် သူတို့၏ ခြေလှမ်းတွေရပ်သွားမိတော့သည်။

ကျောက်စီကျားက မကျေနပ်တဲ့လေသံဖြင့် ပြောလိုက်သည်။

"ဒါဆို သူက ​လော့ရှောင်နဲ့ တကယ်ကြီးချိန်းထားတာပေါ့? သူ ဘာမဟုတ်တာတွေကြံစည်နေတာပါလိမ့်?"

ဒီလိုစကားမျိုးက ​ဟောက်မင်ကို စိတ်ခုစေပြီး သဝန်တောင်တိုစေပါသည်။ ထို့ကြောင့် သူသည် စိတ်တိုနေသလို လေသံမျိုးဖြင့် တုံ့ပြန်လိုက်သည်။

"ကြံစည်နေတာက ​လော့ရှောင်ရောမဖြစ်နိုင်ဘူးလား? ​ဟောက်ဝေ့က ဒီတိုင်းသာမန် ကောလိပ်ကျောင်းသူ​​​လေး တစ်ယောက်ပဲကို သူက ဘယ်လိုလုပ်​ လော့ရှောင်ကို မြူဆွယ်နိုင်မှာမို့လို့လဲ? တစ်ဖက်မှာ ​လော့ရှောင်က ရုတ်တရက်ကြီး ​ဟောက်ဝေ့ကိုထူးထူးဆန်းဆန်း သဘောတွေကောင်းပေးနေတာလေ သူကပဲ ​ဟောက်ဝေ့နဲ့ ဝေးဝေးနေသင့်တာမဟုတ်ဘူးလား?"

"​ဟောက်မင်! နင်ဘယ်လိုတွေတောင် ပြောလိုက်တာလဲ? ​လော့ရှောင်က အဲ့လိုလူမျိုးမဟုတ်ရပါဘူးနော်!"

ကျောက်စီကျားက အရင်ကအခဲမကျေတာတွေနဲ့ပါ ပတ်သက်ပြီး အောက်ထပ်သို့မဆင်းခင်မှာ ​ဟောက်ဝေ့ကို မျက်စောင်းထိုးသွားတော့လေသည်။

​ဟောက်မင်လည်း မျက်မှောင်ကြုတ်သွားပြီး ​ဟောက်ဝေ့အခန်းဆီကိုသွားကာ ကန့်လန်တိုက်ပြီး မေးတော့သည်။

"ဟောက်ဝေ့ နင်​လော့ရှောင်နဲ့ ဘယ်လိုတွေ့ခဲ့တာလဲ? သူက နင့်ကိုချဉ်းကပ်စရာအကြောင်းမှ မရှိတာ။"

​ဟောက်မင် အခန်းထဲဝင်လာတဲ့အချိန်မှာ ​ဟောက်ဝေ့က ဝှီးချဲပေါ်မှာ အင်္ကျီတွေခေါက်နေတာဖြစ်၏။ ​ဟောက်မင်အသံကြားတာနဲ့ သူမမျက်နှာပေါ်က အပြုံးက လျှပ်စီးထက်မြန်တဲ့အရှိန်နဲ့ ပျောက်သွားပြီး အသံခပ်မာမာနဲ့ပြောလိုက်သည်။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now