အခန်း - ၉

2K 226 2
                                    

Chapter: 9
Translator: Summer sunshine
Editor:Little Fox

ဟောက်ဝေက စက္ကန့်အနည်းငယ်ကြာလောက်ပဲ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

"ကျွန်မလည်း ပုံဆွဲရတာကြိုက်တယ်။ တိုက်ဆိုင်လိုက်တာနော် အဲ့ဒီလိုမျိုး ရုတ်တရက်ပေါ်လာတဲ့ အနုပညာဉာဏ်မျိုးကို ကျွန်မကောင်းကောင်းကြီးသိတာပေါ့ အခုတော့ ခြေချင်းဝတ်လိမ်ထားတာဆိုတော့ သက်သာဖို့ တော်တော်တော့ ကြာဦးမှာ။ ဘယ်ပဲဖြစ်ဖြစ် ကိစ္စတော့မရှိပါဘူးလေ။"

"ဒင်! လော့ရှောင်၏ သဘောကျမှုနှုန်းက ၁၀ ကနေ ၂၅ရာခိုင်နှုန်းအထိ တက်သွားပါပြီ။"

လော့ရှောင်ရဲ့မျက်လုံးတွေ အရောင်လဲ့လာပြီး ပြောလာချေ၏။
​"ဟောက်မိန်းကလေးလည်း ပန်းချီဆွဲရတာ ကြိုက်တာလား?"

"ဟုတ်တယ်။ တက္ကသိုလ်တုန်းက ကျွန်မ ယူထားတဲ့မေဂျာက ပန်းချီနဲ့ဆိုင်တယ်လေ။"

ဟောက်ဝေ့က ရုတ်တရက်ပေါ်လာတဲ့အတွေးကို ပြောလိုက်သည်။

"စစတုံးကတာ့ ဘွဲ့ယူပြီးလို့ ခရီးသွားတဲ့အချိန်မှာ တောတောင်တွေ ကမ်းခြေဘက်တွေမှာ ပန်းချီဆွဲစရာရှုခင်းလေးများ တွေ့မလားဆိုပြီး သွားတာပေါ့။ ဒီလိုဖြစ်မယ်လို့ ဘယ်သူကထင်မှာလဲ? ဒါပေမယ့် ဆွဲချင်တဲ့အကြံရလိုက်တာမလို့ တန်တယ်လို့တော့ပြောရမယ်။"

လော့ရှောင်စိတ်ဝင်စားသွားပြီး ပြောလာသည်။
​"ဟောက်မိန်းကလေးရော ဆွဲချင်တဲ့ပုံရှိတာလား? ဘာအကြောင်းလဲ?"

ဟောက်ဝေ့က မျက်ခုံးကိုပင့်လိုက်ပြီး ခေါင်းခါရင်းပြုံးလိုက်သည်။
"အခုတော့ လျှို့ဝှက်ချက်ပဲပေါ့။ နောက်ကျရင် ကျွန်မတို့ ပန်းချီတူတူဆွဲလို့ရတယ်လေ။ အခက်အခဲတစ်ခုခုရှိလာရင်လဲ ကျွန်မတို့အချင်းချင်း အပြန်အလှန်ကူညီလို့ရတာပေါ့။"

"ဟုတ်ပြီလေ "

လော့ရှောင်ကတော့ မစောင့်နိုင်တော့ပါချေ။

​"ဟောက်မိန်းကလေး ဘယ်တော့အချိန်ရမလဲ? မြန်လေပိုကောင်းလေပဲပေါ့။"

"ဒီနေ့တော့ ဆေးစစ်စရာရှိလို့ မနက်ဖြန်မှရလားဟင်?"

​ဟောက်ဝေ့သည် လော့ရှောင်၏ သူမအား သဘောကျမှုနှုန်းဟာ ၃၀အထိ ချက်ချင်းတက်သွားတာကို သတိထားလိုက်မိသည်။ အခုချက်ချင်း ​လော့ရှောင်နဲ့လိုက်သွားချင်ပေမယ့် လေယာဉ်ကဆင်းဆင်းချင်း အနားမယူရင် သူမအမေစိတ်ဆိုးမှာလည်း စိုးရိမ်မိသည်။ ဒါကြောင့် သူမ ရင်ခုန်သံတွေကို ခဏတော့ထိန်းထားရဦးမယ်လေ။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now