အခန်း ၄၈ မှ ၅၂ ။ (Unicode)

1.3K 95 6
                                    

အခန်း ၄၈ ။

 

ယခင်ဘဝက ဟောက်ဝေ့​က ဖျော်ဖြေရေးလောကထဲတွင် ဇာတ်ကောင်မျိုးစုံတွေ့ဖူးခဲ့သော်လည်း ဘုရင်နှင့် မိဖုရားစစ်စစ်ကိုတော့ တစ်ခါမျှ မတွေ့ဖူးပါ။ ယခုတော့ ရုတ်တရက် တွေ့ရတော့မည်ဖြစ်၍ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူမ ရထားလုံးထဲတွင် ခါးမတ်မတ် ထိုင်လျက် လော့ရဲကိုကြည့်ရန် လိုက်ကာကို ဆွဲဖွင့်လိုက်တော့သည်။

 

လော့ရဲက သူမဘေးတွင် လိုက်ပါစီးနင်းလာပြီး အားပေးလိုက်သည်။

 

“ဘုရင်နဲ့ မိဖုရားတို့က အရမ်းသဘောကောင်းကြပါတယ်။ မင်းကို ကျိန်းသေ သဘောကျကြမှာ။ အဲ့တော့ အရမ်းစိုးရိမ်မနေနဲ့။ နန်းတော်ထဲမှာ လည်ပတ်ရုံပါပဲ။”

 

“ဟယ်! ပြောဖို့ကောင်းမယ့်ပုံပဲ။”

 

သူမ စိတ်လှုပ်ရှားမှုများပင် ကွယ်ပျောက်သွားတော့သည်။

 

ဤကမ္ဘာရှိ အင်အားအကြီးဆုံးသူကို မြင်ဖူးချင်သော်လည်း၊ သူမက လက်ရှိကမ္ဘာနှင့် အကျွမ်းတဝင် မရှိပါ။ သို့သော်လည်း စိတ်ပေါ့ပါးသွားသည်။ ထိုအစား၊ ပို၍ သိလိုစိတ်ပြင်းလာပြီး ခမ်းနားလွန်းသော နန်းတော်ကြီးကို တွေ့ချင်စိတ်များ တဖွားဖွားဖြစ်လာတော့သည်။

 

အတိတ်က၊ လုချောင်းရှန်ကို ချန်းအမျိုးသမီးက သဘောမကျခဲ့။ နန်းတော်ရှိ စားတော်ပွဲကို ဖိတ်ကြားခံရတိုင်း၊ တစ်နည်းမဟုတ် တစ်နည်းဖြင့် လုချောင်းရှန်ကို အိမ်တွင် ထားရစ်ခဲ့သည်။ ထို့ကြောင့် ဟောက်ဝေ့​၏ မှတ်ဉာဏ်ထဲတွင် နန်းတော်နှင့် ပတ်သက်တာ တစ်ခုမျှရှိမနေပါ။

 

“ဘုရင်ကြီးနဲ့ မိဖုရားက ဘယ်လိုပုံစံများ ဖြစ်နိုင်ကြမလဲ? ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမလား? ကြည့်ကောင်းလွန်းနေကြမလား? ဒါပေမယ့်လည်း ဒါက စာအုပ်ထဲက ကမ္ဘာတစ်ခုပဲမလား? အဓိက ဇာတ်ဆောင်ရဲ့ မိဘတွေဆိုတော့ ကြီးကျယ်မြင့်မြတ်ကြပြီး မျက်စိပသာဒဖြစ်စရာ၊ ချစ်စရာလေးတွေ ဖြစ်လောက်တယ်မလား?”

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now