အခန်း ၃၁ မှ ၃၅ ။ (Unicode)

2.7K 176 8
                                    

အမျိုးသမီးအမြောက်စာကောင်းလေးအဖြစ်ပြန်လည်နိုးထလာခြင်း:
Chapter: 31
Translator: Summer Sunshine
Editor : Kris shi.

ကျန်းကျန့်နှင့် ပေါင်ကျန်းတို့က ငါး သုံးကောင်ဖြင့် သူမစခန်းဆီသို့ ပြန်လာသော် အားလုံးအံ့ဩသွားကြပြီး မယုံနိုင်အောင် ကြည့်နေကြသည်။

"ဟောက်ဝေ့က ဒါတွေအားလုံးကို သစ်ကိုင်းတစ်ခက်တည်းနဲ့ ဖမ်းခဲ့တာ။ ငါ့မျက်စိနဲ့ကို မြင်ခဲ့တယ်။ တကယ်ကြီးပြောတာ။"

လက်ဗလာနှင့် ဟောက်ဝေ့က သူတို့ဆီသို့ အေးဆေးအေးဆေးပင် စိတ်မရှည်သည့်ဟန်ဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက် အံ့ဩနေသည့် လူတစ်စုကို အပြစ်တင်တော့သည်။

"ငါက သေလောက်အောင် ဗိုက်ဆာနေတာ။ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်လို့ရတာ ဘာရှိလဲ?"

ဟန်တင်းက ထခုန်လိုက်ပြီး ငါးကိုဆွဲယူလိုက်သည်။ ထို့နောက် သူတို့ကို တစ်ဖန်ပြန်ကြည့်၍ တအံ့တဩမေးပြန်သည်။

"ဟောက်ဝေ့! နင်ဘယ်လို ဖမ်းလိုက်တာလဲ? ငါတို့ဖမ်းတုန်းက နှစ်နာရီတောင်ကြာတယ်။ ဘာမှမရခဲ့ဘူး။"

ဟောက်ဝေ့က ကျန်းကျန့်​၏လက်ထဲမှ သစ်ကိုင်းချွန်ကို လှမ်းယူလိုက်ပြီး ဟန့်တင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သစ်ကိုင်းအား လွှင့်ပစ်လိုက်သည်။ သစ်ကိုင်းမှာ သစ်ပင်ကြီးထဲသို့ မြှားတစ်စင်းလို စိုက်ဝင်သွားတော့သည်။ အားလုံးလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြတော့သည်။

ဟောက်ဝေ့က လက်ခုပ်တီးလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါက အားသန်တယ်လို့ ပြောသားပဲ။ ကြီးကြီးကျယ်ကျယ်ပြောနေတာ မဟုတ်ရပါဘူး။ ဒီ ငါးကိုဘယ်လိုကိုင်ရမလဲဆိုတာ ဘယ်သူသိလဲ? ဆရာပေါင်ကို ဝိုင်းကူကြရအောင် ဒါဆိုတို့တွေ မြန်မြန်စားလို့ရပြီ။ ဟင်းခတ်မှုန့်တွေရော? ရွေးထားပြီးကြပြီလား?"

ကျန်းကျန့်နှင့် ဆုန်းချီက ပေါင်ကျန်းကို ငါးကိုင်သောအခါ ဝိုင်းကူညီပေးကြသည်။ ကျန်သူများမှာ အပြန်အလှန်ကြည့်နေကြပြီး သစ်ငုတ်တိုလေးများကို ထုတ်ကြည့်ကာ ချီတုံချတုံဖြင့် ပြောလိုက်ကြသည်။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now