အခန်း - ၁၁

1.7K 215 0
                                    

Chapter: 11
Translator: Summer sunshine
Editor:Little Fox

ကျောက်စီကျားသည် အိမ်ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် ​လော့ရှောင်ဆီသို့ အပူတပြင်း ဖုန်းခေါ်ပါတော့သည်။ ထိုအချိန်တွင် ​လော့ရှောင်ကတော့ အလုပ်လုပ်ပြီးသွားသဖြင့် ပန်းချီဆွဲသည့်အခန်းကို သန့်ရှင်းရေးလုပ်နေတာဖြစ်သည်။ သူသည် ဖုန်းလာနေတာကို တွေ့တဲ့အခါ ဖုန်းကိုင်လိုက်ပြီးတော့ speaker ကိုဖွင့်ထားလျက် ဘေးစားပွဲခုံပေါ်မှာတင်လိုက်ပြီး ပန်းချီကားတွေကို ဆက်စီနေလိုက်သည်။

ကျောက်စီကျားကတော့ ရှိုက်ကြီးတငင်ဖြင့် ဖုန်းဆက်ပြောပါတော့သည်။

​"လော့ရှောင်၊ ငါ တောင်းပန်ပါတယ်ဟာ ငါ ပြဿနာထပ်ရှာမိပြန်ပြီထင်တယ်။ ငါ့ကို နင်အများကြီးကူညီခဲ့တာတောင်မှ နင့်ကို ငါက ဝန်ထုပ်ဝန်ပိုးတွေချည်း ပေးမိနေတာပဲ"

"ဘာကိုဆိုလိုချင်တာလဲ? "
​လော့ရှောင်က တည်ငြိမ်သောအသံဖြင့် ဆေးစုတ်တံတွေကို ဆေးကြောလိုက်ကာ တစ်ခုချင်းစီကို သေချာ စီနေရင်းနဲ့ မေးလိုက်သည်။

ကျောက်စီကျားက အပြစ်ရှိတဲ့လေသံဖြင့် ပြန်ဖြေသည်။

"အခု ငါအကုန်သိသွားပြီ။ ​​​ဟောက်ဝေ့က ငါ့အပေါ်ဒေါသထွက်လို့မရတော့ နင့်အပေါ်ကိုပုံချတော့မယ်ဆိုတာလေ။ နင်နဲ့ချိန်းတွေ့ရဖို့အတွက် ​ဟောက်ဝေ့က ဘာတွေအကြောင်းပြပြီး နင့်ကို တိုက်တွန်းနေတာလဲ? ဘာပဲဖြစ်ဖြစ်၊ နင် သူ့ဆီ မသွားနဲ့နော်! အခုပဲ ​ဟောက်ဝေ့ အဖေက ပြဿနာကိုဖြေရှင်းပေးမယ်လို့ ငါ့ကိုပြောတယ်။ ငါလည်း မနက်ဖြန်အိမ်ပြောင်းရတော့မှာ နင်လဲ သူ့ကိုသွားမတွေနဲ့၊ စိတ်လည်း မပူပါနဲ့။ မနက်ဖြန်ပြီးရင် သူနင့်ကိုနှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး။"

ကျောက်စီကျားက အောင်နိုင်သူလေသံဖြင့် သူမစကားကို အဆုံးသတ်လိုက်သည်။ ဒါပေါ့၊ သူမထင်တဲ့အတိုင်းပဲလေ။ ​

ဟောက်ဝေ့နဲ့ ​လော့ရှောင်က တစ်ခါမှလည်းမတွေ့ဖူးသလို သိလည်းမသိကြဘူးလေ။ အခုမှသိတဲ့နှစ်ယောက်က ချိန်းတွေ့ဖို့စီစဉ်ထားပြီး ​လော့ရှောင်ကိုယ်တိုင်က သွားခေါ်မယ်ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now