အခန်း - ၁၄

1.7K 202 2
                                    

Chapter: 14

Translator: Summer sunshine

editor: Kris

စတူဒီယိုထဲမှာ ဟောက်ဝေ့နှင့် လော့ရှောင်တို့နှစ်ယောက်သား ပန်းချီဆွဲနေကြသည်မှာ အချိန်အတော်အတန်ကြာနေပြီဖြစ်၏။အချိန်နည်းနည်းလောက်ကြာတော့ ကောင်းကင်ပေါ်၌ တိမ်မည်းတွေဖုံးလာတာကို လော့ရှောင်ကချက်ချင်းပဲ သတိထားလိုက်မိလိုက်လေသည်။ ထို့ကြောင့်သူဟာပန်းချီဆွဲနေတာကိုနားလိုက်ပြီး ဟောက်ဝေ့ကို သတိပေးလိုက်၏။

"ကိုယ်တို့ ပန်းချီဆွဲတာကြာနေပြီလေ။ လာ၊ မတ်တတ်လေးဘာလေး ရပ်ပြီး လမ်းလျှောက်ပါဦး။ ဟောက်ဝေ့က နေမကောင်းသေးဘူးဆိုတော့၊ မပင်ပန်းစေချင်သေးဘူး။"

"ခဏလေးနေပါဦး၊ တစ်စက္ကန့်လောက်ပဲ။"

ဟောက်ဝေ့က စုတ်တံဖြင့် မီးတောက်သဏ္ဌာန်ပုံဆွဲနေတာကြောင့် ပန်းချီကားချပ်ကနေ သူမ၏မျက်စိကိုတစ်ချက်လေးတောင်မလွှဲလာနိုင်ပါချေ။ အဲ့ဒီနောက် သူမဆွဲထားတာကို ပြန်ကြည့်ဖို့အတွက် နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်္ရင်း သူမစိတ်ထဲ စိတ်တိုင်းမကျသလို ခေါင်းရမ်းလိုက်လေသည်။

"မဟုတ်သေးပါဘူး၊ မနက်ဖြန်မှ ပြန်ဆွဲပါတော့မယ်လေ။"

လော့ရှောင် သူမ၏ပန်းချီကားကို ကြည့်လိုက်သည်​။ ခံစားချက်တွေကထိမိပေမယ့် အရမ်းတော့ မသိသာလှပါချေ။ ပြီးတော့ သိပ်လည်းလက်ရာမကောင်းဘူးလေ။ သူက ဟောက်ဝေ့ကိုနှစ်သိမ့်ပေးဖို့ လုပ်လိုက်လေသည်။

"မလောပါနဲ့။ ဖြည်းဖြည်းချင်းအချိန်ယူလုပ်ပါ။"

ဟောက်ဝေ့က သူမ၏လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး ရှက်ပြုံးပြုံးရင်းထလာလိုက်သည်။

"ရပါတယ်။ ဒီနေ့က အစမ်းဆွဲကြည့်တာပဲလေ။ လော့ရှောင့်ဟာလေးလည်း တို့ကြည့်ပါရစေဦး။ တို့ကိုဆွဲပေးတဲ့ပုံလေးက အဆင်ပြေရဲ့လားလို့လေ။"

လော့ရှောင် ရုတ်တရက် ဟောက်ဝေ့ရှေ့မှာပိတ်ရပ်လိုက်သည်​။ ထို့နောက်သူ့ခန္ဓာကိုယ်ကိုတစ်ဖက်ကိုလှည့်လိုက်ပြီးဟောက်ဝေ့အားတံခါးအပြင်ဖက်ကိုတွန်းပို့လိုက်၏။

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now