အခန်း ၂၆ မှ ၃၀ ထိ။ (unicode)

3.3K 198 5
                                    

Unicode

အမျိုးသမီးအမြောက်စာကောင်းလေးအဖြစ်ပြန်လည်နိုးထလာခြင်း:
Chapter: 26
Translator: summer sunshine
Editor: Kris Shi

ဟောက်ဝေ့ ​၏ အာရုံက ဟောက်မင်​၏ ကံဆိုးမှုဆီသို့ ရောက်သွားခဲ့ပြီး သူမအမေနှင့် ခွဲခွာရခြင်းကိုပင် သူမသတိမရနိုင်တော့ပေ။ ဟောက်မင်​၏ အဖြစ်အပျက်ကို လော့ရှောင် အား မေးမိသည်​။ ဟောက်မင်က ကလိမ်ကကျစ်နိုင်သော်လည်း စီးပွားရေး စီမံခန့်ခွဲရာတွင် အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။ အနာအဆာတွေရှိနေသော ကုမ္ပဏီကို သူရွေးချယ်လိမ့်မည်မဟုတ်။

လော့ရှောင် က သူမအား ကားဆီသို့ ပြန်ခေါ်သွားပေးပြီး ဟောက်မင်မှာ အမျှော်အမြင်ကောင်းသူ တစ်ယောက်ဖြစ်ကြောင်း ပြောပြသည်။ ဆွေ့ကျင်း ကိုင်တွယ်ထားသော ကုမ္ပဏီများအနက်တွင် သူရွေးချက်လိုက်သော ကုမ္ပဏီမှာ အလားအလာရှိဆုံးဖြစ်သည်။

သို့သော်လည်း ပြဿနာက ကုမ္ပဏီ​၏ ကုန်ကြမ်းပစ္စည်းအချို့တွင် ချို့ယွင်းချက်များရှိနေခဲ့သည်။ သူနှင့် အမျိူးအစားတူသော နိုင်ငံခြား ကုမ္ပဏီမှာလည်း ရက်အနည်းငယ်ကပင် ပိတ်ပစ်ခဲ့ရသော်လည်း သတင်းများမပြန့်သေးပေ။ ဟောက်ဝေ့ ကြောင့်ပင်၊ ဆွေ့ကျင်းရှယ်ယာဝင်ထားသည့် ကုမ္ပဏီများကို လော့ရှောင် က အာရုံစိုက်နေမိသောကြောင့် ဤသတင်းများကို သိခြင်းဖြစ်သည်။

စက်ရုပ်များ​၏ သုတေသနနှင့် တီထွင်ထုတ်လုပ်မှုအား နှစ်ကြိမ်တိတိ အောင်မြင်ခဲ့ပြီးနောက် ဟောက်ဝေ့ ​၏ အသိုင်းအဝိုင်းမှာပို၍ အဖိုးတန်လာကာ အစိုးရနှင့်ပင် အဆက်အသွယ်ရှိလာသည်။ ထို့ကြောင့် သူမ အသိတစ်ယောက်ကို ဖုန်းဆက်ပြီး သူမ အကူအညီတောင်းကြည့်သည်။ အစိုးရမှာလည်း သည်ဖြစ်စဉ်ကို မကြာသေးခင်ကပင် သိခဲ့သည့်အတွက် လိုအပ်သည့် မူဝါဒများအား ထုတ်မည်ဖြစ်ကြောင်းသိရသည်။

တစ်နည်းအားဖြင့်၊ ပျော်ရွှင်စွာပင် ကုမ္ပဏီအားလွှဲယူလိုက်သော ဟောက်မင်မှာ နှစ်ရက်အတွင်း၌ ဟောက်ကုမ္ပဏီနှင့် တူညီသောဖြစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဟောက်ဝေ့သည် ဟားတိုက်ရယ်မိသည်။

"အမေ့ အသည်းကိုခွဲထားလို့ အပြစ်ပေးခံရတာလေ။ သူ့အသည်း နုနုနယ်နယ်လေးက ဒီထိုးနှက်ချက်တွေကို ခံနိုင်ပါ့မလားပဲ။ သူနဲ့တော့ တန်တယ်!"

အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်းWhere stories live. Discover now