Chapter - 44

576 130 2
                                    

Unicode

၂၂၃၈။ ဥပဒေကမျှတသင့်တယ်

စစ်နန်ရဲ့မျက်နှာက အနည်းငယ်ဖြူရော်နေ၏။ သူက သူမကို သေချာကြည့်လာသည်။

"ငါ့မှာ AIDSရှိတယ်ဆိုတာကို မင်းသိသားပဲ။"

"သိတာပေါ့။ အင်တာနက်ပေါ်မှာ ဒီလောက်တောင်နာမည်ကြီးနေတာ၊ ငါ ဘယ်လိုလုပ်မသိဘဲနေမှာလဲ?"

နဉ်ရှုက နောက်ကိုဆုတ်ကာ သူ့ကိုစိုက်ကြည့်နေလိုက်သည်။ ဒီကောင်က တကယ်ကိုလုပ်ရည်ကိုင်ရည်ရှိတယ်၊ မဟုတ်ဘူးလား? သူက တကယ်ကြီးရဲခေါ်လာတယ်!

"ငါနဲ့ကောချိုးကြားကကိစ္စကို ဖော်လိုက်တဲ့သူက မင်းလား?"

စစ်နန်က နဉ်ရှုကို ခဏကြာအောင်စိုက်ကြည့်လာသည်။

စက်ဆုပ်ဟန်က နဉ်ရှုမျက်နှာထက်‌မှာပေါ်လာသည်။

"ငါ့ကောင်လေးက ဘာလို့ ငါနဲ့ရုတ်တရက်လမ်းခွဲပါလိမ့်လို့တွေးနေတာ။ လတ်စသတ်တော့ ရှင်က နောက်ကွယ်ကလူကိုး၊ ကောင်းကင်ဘုံက မျှတသားပဲ။ ရှင်တို့တွေ STDရသွားတယ်!"

သူတို့က အပျော်လေးတွေရှာဖို့ ဟိုဒင်းပတ်လုပ်ကြပြီး လူမိခံလိုက်ရတယ်။ အခု သူတို့ ပျော်နေကြသေးရဲ့လား?

"တုပင်း၊ မင်း စစ်နန်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုဖော်ထုတ်ပြီး သူ့ကို အနေရခက်စေခဲ့လား?"

ရဲအရာရှိက နဉ်ရှုကိုမေးလာသည်။

နဉ်ရှုက အေးဆေးစွာပြန်ဖြေသည်။

"ကျွန်မလည်း နိုင်ငံသားတစ်ယောက်ပါပဲ ရဲအရာရှိကြီးရှင့်။ ကျွန်မလည်း နိုင်ငံသားအားလုံးရသင့်တဲ့အခွင့်အရေးတွေကို ခံစားခွင့်ရှိသင့်တယ်မို့လား? ရှင်တို့မှာ ဘာသက်သေအထောက်အထားမှမရှိဘဲ ကျွန်မက ပြောပြလို့မရနိုင်တဲ့ကိစ္စတစ်ခုကိုဖော်ထုတ်လိုက်တယ်လို့ပြောနေတယ်။ ဒါဆို ကျွန်မလည်း ဒီလူ့ကို တရားစွဲချင်ပါတယ်..."

နဉ်ရှုက စစ်နန်ကိုလက်ညှိုးထိုးသည်။

"ဒီလူက ကျွန်မကို မတရားစွပ်စွဲနေတာ!"

"ဥပဒေက မျှတသင့်တယ်မဟုတ်ဘူးလား?"

"မင်းက တကယ်အပြောကောင်းတာပဲ တုပင်း။"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now