Chapter - 32

634 122 8
                                    

Unicode

၂၂၂၆။ နိဂုံးချုပ်စေလိုက်တဲ့နောက်ဆုံးထိုးနှက်ချက်

ကောချိုး သေကြောင်းကြံဖို့ကြိုးစားတာကိုသိသွားတဲ့အခါ သူတို့သုံးယောက်က ကောချိုကို ဆေးရုံကိုအလျင်အမြန်ပို့လိုက်ကြသည်။ သူတို့အားလုံး အင်မတန်ပူပန်နေကြသည်။

သို့သော်ငြား သူတို့သုံးယောက် ကောချိုးကို အလောတကြီးဆေးရုံပို့ကြချိန်မှာ သတင်းထောက်တစ်ယောက် ဓာတ်ပုံရိုက်တာခံလိုက်ရသည်။ ဒါ့အပြင် သတင်းထောက်က ကောချိုး သေကြောင်းကြံဖို့ကြိုးစားတာကိုသိသွားပြီး အကြီးအကျယ်သတင်းတင်ပြတော့သည်။

စစ်နန်က အေးစက်စက်မျက်နှာထားနဲ့ အဲ့မဂ္ဂဇင်းကို ဒေဝါလီခံသွားရအောင်လုပ်လိုက်သည်။

စုချီကလည်း ထိုနည်းလမ်းကိုပင်သုံး၏။ ဒါကိုသတင်းရေးရဲတဲ့ဘယ်သူမဆို သေဖို့သာပြင်ထားကြ။

သတင်းတွေပေါက်ကြားလာတဲ့အချိန်မှာ နဉ်ရှုက စူပါမားကတ်တစ်ခုမှာရောက်နေတာဖြစ်၏။ သူမက ‌ကောချိုးသေကြောင်းကြံဖို့ကြိုးစားတဲ့သတင်းကို ကြီးမားကြည်လင်တဲ့ဖန်သားပြင်ပေါ်မှာကြည့်လိုက်ရသည်။

နဉ်ရှုကား မျက်နှာသေဖြင့်။ အဓိကဇာတ်ကောင်က ဘယ်လိုလုပ်သေမှာလဲ? မဖြစ်နိုင်တာ။

အခုတော့ ဒီလူတွေ သူတို့ကိုယ်သူတို့ ဘယ်လိုနှိပ်စက်ကြမလဲ သူမ ကြည့်ရတော့မယ်။

ကောချိုးက သွေးအများကြီးဆုံးရှုံးထားတာမို့ သွေးသွင်းဖို့လိုသည်။ ဆေးရုံက ကောချိုးရဲ့သွေးကိုစစ်ကြည့်ပြီး သူ့သွေးထဲမှာ သွေးဖြူဥတွေအတော်လေးနည်းနေတာကိုတွေ့သွား၏။

လူတွေရဲ့ကိုယ်ခံအားစနစ်မှာ သွေးဖြူဥတွေက အရေးအကြီးဆုံးကဏ္ဍမှာပါသည်။ သူသာ ရောဂါပိုးကူးစက်ခံနေရတာမဟုတ်ရင် သူ့သွေးထဲမှာ သွေးဖြူဥတွေ ဒီလောက်နည်းနေမှာမဟုတ်ပေ။

သူတို့က သွေးသွင်းဖို့ သွေးအမျိုးအစားကိုအရင်စစ်လိုက်ကြ၏။

ပြီးနောက် ဆရာဝန်က ကောချိုးရဲ့ကိုယ်ကို အသေးစိတ်စစ်ဆေးလိုက်ပြီး သူ့မေးနဲ့ဝမ်းဗိုက်ပိုင်းမှာ ပြန်ရည်ကြောဖုတချို့ကိုတွေ့သွားသည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now