Chapter - 22

556 114 0
                                    

Unicode

၂၂၁၆။ ဗျူဟာကျကျပြန်ဆုတ်ခွာတာ

ဒါက ခေတ်သစ်ရဲ့မကောင်းတဲ့အချက်တွေထဲကတစ်ချက်ပဲ။ နည်းနည်းလောက်ခက်ခဲတဲ့အလုပ်ဆိုတာနဲ့ ဘွဲ့လက်မှတ်လိုတယ်။ မဟုတ်ရင် ကုမ္ပဏီက အလုပ်ခန့်မှာမဟုတ်ဘူး။

ရှေးခေတ်သာဆိုရင် သူမ နယ်လှည့်သမားတော် ဒါမှမဟုတ် သူတော်စင်လုပ်လိုက်လို့ရပေမယ့် ခေတ်လူတွေက သူတော်စင်ဝါဒီကိုအယုံအကြည်မရှိကြဘူး၊ ဘွဲ့လက်မှတ်မရှိတဲ့ဆရာဝန်ဆို ပိုဆိုးပေါ့။

သူမ ခဏထွက်လာရတာက တောင်သုံးတောင်လုံး အဲ့မြို့မှာရှိနေလို့ပဲ။ သူမက တစ်ယောက်တည်းလေ။

သူမကိုရှင်းထုတ်ဖို့က သူတို့အတွက် လွယ်လွန်းနေတယ်။

ဗျူဟာကျကျပြန်ဆုတ်ခွာလာရုံပါ၊ ဟားဟားဟား...

အခု သူမအတွက် အရေးအကြီးဆုံးကိစ္စက အဲ့တောင်သုံး‌တောင်ကို ဖြိုချဖို့ပဲ။ မဟုတ်ရင် သူမတစ်ဘဝလုံး အေးအေးဆေးဆေးနေရမှာမဟုတ်သလို ဘဝသစ်စဖို့လည်း ဖြစ်နိုင်မှာမဟုတ်ဘူး။ ကြွက်တစ်ကောင်လိုပုန်းကွယ်နေတာက ဖြေရှင်းနည်းမဟုတ်ဘူး။

AIDSရောဂါရတာက ဘာမှမဟုတ်သေးဘူး။ တုပင်းက အသတ်ခံလိုက်ရတာ။ ဒီလူတွေ လူတွေဝိုင်းပယ်ကြတာဘယ်လိုလဲဆိုတာခံစားနိုင်အောင် သူတို့ကြားက မသတီစရာဆက်ဆံရေးကို လူတိုင်းရှေ့မှာ ဖွင့်ချဖို့လိုတယ်။

နဉ်ရှု စူပါမားကတ်ဆိုင်လေးကနေ အလုပ်ဆင်းလိုက်ပြီး ငှားထားတဲ့အိမ်ကိုပြန်သွားကာ ကွန်ပျူတာကိုဖွင့်လိုက်ပြီးနောက် ကျီပေယဲ့က ဝေ့ပေါ်မှာ ဖြေရှင်းချက်အရှည်ကြီးတင်ထားတာကိုတွေ့သွားသည်။

ယောက်ျားနှစ်ယောက် တရင်းတနှီးချွေးသုတ်ပေးနေတဲ့ပုံကို သူက ပြတ်ပြတ်သားသားရှင်းပြသည်။ ကြော်ငြာရိုက်တာက သူ့လက်ကိုတောင်မမြှောက်နိုင်လောက်အောင်ပင်ပန်းသွားစေတာမို့ လက်ထောက်ကို ချွေးသုတ်ပေးခိုင်းတာလို့ သူကပြောသည်။

ဒီအခြေအမြစ်မရှိသည်းခံလို့မရတဲ့စွပ်စွဲချက်ကို ဥပဒေနဲ့အညီအရေးယူသွားမယ်လို့လည်း သူက ပြောသေးသည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now