Chapter - 18

614 102 3
                                    

Unicode

၂၂၁၂။ မင်း စိတ်ပျက်သွားတာလား?

လူနှစ်ယောက်စကားပြောနေသံတိုးတိုးကိုကြားနေရသည်။

နဉ်ရှုက အဝတ်လဲခန်းတံခါးနားမှာ အသံဖမ်းစက်ကိုကိုင်ထားလိုက်သည်။

အဝတ်လဲခန်းလို့ပြောပေမယ့် တကယ်တမ်းတော့ အဝတ်လဲဖို့အခန်းကန့်လေးသာဖြစ်သည်။

"ကိုယ့်အဝတ်တွေကိုချွတ်ပေးပါဦး။ ကိုယ့် ကြော်ညာရိုက်ရလို့ အရမ်းပင်ပန်းနေပြီ။"

ကျီပေယဲ့အသံ။

"ဒါ မကောင်းဘူးနော်။ အခု ကျွန်တော်တို့က လူတွေ အမြဲမပြတ်သွားလာနေတတ်တဲ့အဝတ်လဲခန်းထဲမှာလေ။"

ကောချိုးက ခပ်သွက်သွက်ဆိုသည်။

ကျီပေယဲ့ကရယ်သည်။

"မင်း ဘာတွေတွေးနေတာလဲ? ကိုယ်က မင်းကို ကိုယ့်အဝတ်တွေချွတ်ပေးပြီး ဝတ်စုံသစ်လဲပေးစေချင်တာ။ ခဏနေ ကိုယ် ရိုက်ကူးရေးလုပ်ရမှာတွေရှိသေးတယ်။"

"ဪ~~~"

"မင်း စိတ်ပျက်သွားတာလား? ကိုယ်တို့အိမ်ပြန်ရောက်ရင် မင်း စိတ်ကျေနပ်ရမယ်ဆိုတာ စိတ်သာချထားလိုက်။"

"မပြောနဲ့‌တော့! သူများတွေကြားကုန်မယ်။"

"မကြားပါဘူးကွာ။ ကိုယ့်စည်းကမ်းတွေကို အားလုံးသိတယ်။ ကိုယ် အဝတ်လဲခန်းသုံးရင် ဘယ်သူမှဝင်ခွင့်မရှိဘူး။ သူတို့ကြော်ညာကို ကိုယ်ရိုက်ပေးစေချင်ရင် ပစ္စည်းကုမ္ပဏီက ကိုယ့်စည်းကမ်းတွေကို မချိုးဖောက်ရဲပါဘူး။ မင်း စိတ်ချထားလို့ရတယ်။"

"ဒါပေမယ့် ခင်ဗျား သတိထားရမယ်လေ၊ အွန့်..."

ကောချိူးရဲ့ပါးစပ်အပိတ်ခံလိုက်ရသည်။

"ခင်ဗျားဘာလုပ်တာလဲ?"

"မင်းပါးစပ်ကိုပိတ်တာလေ။ မင်းက စကားများလွန်းတယ်။"

နဉ်ရှု : ...

သူတို့နှစ်ယောက်နမ်းနေတဲ့မြင်ကွင်းကိုပုံဖော်ကြည့်ရင်း နဉ်ရှုရဲ့ကိုယ်လေးတုန်သွားသည်။

သူမ ခပ်မြန်မြန်ပင်ပြန်ထွက်သွားလိုက်၏။ ဒီစကားတွေကိုဖမ်းထားလိုက်နိုင်တာကကို အတော်လေးဟုတ်နေပြီ။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Kde žijí příběhy. Začni objevovat