Chapter - 27

510 88 6
                                    

Unicode

၂၂၂၁။ နည်းလမ်းတစ်ခုက ဒုတိယအကြိမ်အလုပ်မဖြစ်

ကိစ္စတွေက ချစ်သူလေးယောက်အတွက် ချောချောမောမောမဖြစ်ခဲ့။ အင်တာနက်ပေါ်မှာ ရွှီရှစ်ရှောင်းက အမှန်ပင်အနိုင်ကျင့်တာခံနေရသော်ငြား ဒါက သူမ အရာရာကိုဆုံးရှုံးသွားပြီလို့လည်းဆိုလိုသည်။ အဲ့အတွက်ကြောင့် သူမက ဘာကိုမှမကြောက်တော့ပေ။

သူတို့ရဲ့နဂိုအစီအစဉ်က ကောင်းပေမယ့် ထင်မထားဘဲ ကျီပေယဲ့က ဝက်လိုအသင်းဖော်မျိုးဖြစ်နေတယ်။

နောက်ပြီး လူတွေရဲ့အာရုံကိုလွှဲဖို့ နောက်ထပ်အတင်းအဖျင်းသတင်းတစ်ခုပေါ်လာပြီး ကြားကဒဏ်ခံမယ့်သူကိုထပ်ထုတ်လိုက်ရင် လူတွေရိပ်မိမသွားဘူးလား?

တူညီတဲ့နည်းလမ်းတစ်ခုက ဒုတိယအကြိမ်အလုပ်ဖြစ်မှာမဟုတ်ဘူး။

"မင်း ကိုယ့်ကိုကိုယ်သတ်သေပြီးတောင်းပန်သင့်တယ် ကျီပေယဲ့။"

စစ်နန်က သူ့ခြေတံရှည်တွေကိုဆန့်ကာ ကျီပေယဲ့ကိုကန်လိုက်သည်။ ကျီပေယဲ့က ကန်ချက်ကို အလျင်စလိုရှောင်၏။

"ငါလည်း ဒီလိုဖြစ်စေချင်တာမှမဟုတ်တာ။ ဒီလိုတွေဖြစ်လာလိမ့်မယ်ဆိုတာ ငါ ဘယ်လိုလုပ်သိမှာလဲ? ဘယ်သူလုပ်လဲဆိုတာ မင်း ငါ့ကိုပြောရင် ငါ အဲ့လူကို ငါ့လက်နဲ့သတ်မယ်။"

ကျီပေယဲ့က ခက်ထန်တဲ့မျက်နှာထားနဲ့ဆိုသည်။

ကျီပေယဲ့တစ်ယောက် မျက်တွင်းတွေကျကာ ကြည့်ရတာအမြင်မတင့်လှ။ သူ့မှာရှိခဲ့တဲ့အကြောက်တရားကင်းတဲ့ရောင်ဝါ‌တွေ ပျောက်ကွယ်ကုန်ပြီဖြစ်၏။

အခု သူက အတင်းအဖျင်းသတင်း‌တွေမှာ နက်နက်နဲနဲပတ်သက်‌နေပြီဖြစ်သည်။ ဒီကိစ္စမှာ သူတစ်ယောက်တည်းဆိုရင် သူ လုံးဝဂရုစိုက်မှာမဟုတ်ပေမယ့် သူ ကောချိုးကိုလည်းဆွဲထည့်မိသည်။ ဒါက ကျီပေယဲ့ကို ကြောက်လာစေသည်၊ အထူးသဖြင့် ကောချိုးကို‌ဆုံးရှုံးရမှာကိုပင်။

ဒီကိစ္စက သူ့အဆင့်အတန်းကို အနိမ့်ဆုံးအထိထိုးကျသွားစေသည်။ စုချီ၊ စစ်နန်နဲ့ သူ့ကြားက လျှို့ဝှက်ပြိုင်ပွဲမှာ သူ ပိုပိုပြီးအားအင်မဲ့လာသည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Kde žijí příběhy. Začni objevovat