Chapter - 26

622 113 7
                                    

Unicode

၂၂၂၀။ အနုပညာလောကဒရမ်မာ

သူမက အဲ့အချိန်တုန်းကရှိနေတဲ့လူတွေကိုပင် နာမည်ဖော်လိုက်သေး၏။

ဒါရိုက်တာလျိုရဲ့jjကအရမ်းသေးတယ်။ သူ ထောင်နေတဲ့အချိန်မှာတောင် လက်ညှိုးလောက်ပဲရှည်တယ်။ အရွယ်အစားကျပြန်တော့လည်း အသင့်စားခေါက်ဆွဲနဲ့တွဲစားတဲ့ကြက်အူချောင်းလောက်ပဲရှိတယ်၊ ကြက်အူချောင်းတောင် အသေးဆုံးအချောင်း။

ထုတ်လုပ်သူလီကကျ ဟိုဒင်းလုံးဝမလုပ်နိုင်ဘူး။ အကြိမ်တိုင်းဆေးသောက်ရပြီး ဆေးသောက်ပြီးတာတောင်ပျော့ခွေနေတုန်း။ ဒါတောင် သူမမယ် သာယာနေသလိုဟန်ဆောင်နေရသေးတယ်၊ ခွီး...

ဒါရိုက်တာဝေကတော့ ဇာခြေအိတ်ရှည်ကြီးတွေနဲ့ဒေါက်မြင့်ဖိနပ်တွေစီးရတာကိုကြိုက်ပြီး သူများတွေကို သူ့ကို ကြာပွတ်နဲ့ရိုက်ခိုင်းတယ်။ သူက Mကောင်။

အဆုံးသတ်မှာတော့ ရွှီရှစ်ရှောင်းက အဲ့နေ့တုန်းကအဖော်လုပ်ပေးခဲ့တဲ့အနုပညာရှင်နောက်တစ်ယောက်ရဲ့နာမည်ကိုပါပြောလိုက်ပြီး သူမတို့နှစ်ယောက်လုံး ကစားတာခံခဲ့ရတယ်လို့ပြောသည်။ ဒီမဒမ့်အပေါ်တက်နင်းပြီး မြင့်မြတ်တော်ဝင်သလိုဟန်ဆောင်နေတာ သူရပ်သင့်တယ်။

ပထမတော့ အားလုံး အံ့ဩသွားကြသော်ငြား အဲ့နောက်မှာတော့ သူတို့က ရွှီရှစ်ရှောင်းကို အရှက်မရှိတဲ့မိန်းမလို့ခေါ်ကြတော့သည်။ သို့သော်ငြား လူအတော်များများကလည်း အနုပညာလောက,က ဒီနာမည်ကြီးဒါရိုက်တာတွေရဲ့ထူးခြားတဲ့အကြိုက်တွေကိုဆွေးနွေးလာကြ၏။

‌အနုပညာလောကဒရမ်မာတွေ တစ်ခုပြီးတစ်ခုဖြစ်နေသည်မှာ ခေါင်းမူးချင်စရာပင်ကောင်းသည်။

ဒီပို့စ်ကိုမြင်တဲ့အခါ နဉ်ရှု ကြောင်သွားရသည်။ ဒါပေမယ့် ဒါကယုတ္တိရှိတယ်၊ ရွှီရှစ်ရှောင်းက အရေထူပြီးစိတ်ပိုင်းဆိုင်ရာဖိအားတွေကိုခံနိုင်ပြီး အနုပညာလောကထဲကလူတစ်ယောက်ပဲလေ။

တုပင်းမှာသာ ရွှီရှစ်ရှောင်းရဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုခံနိုင်မှုရဲ့တစ်ဝက်လောက်သာခံနိုင်ရည်ရှိခဲ့မယ်ဆို သူမ ရေတွင်းထဲခုန်ချခဲ့မှာမဟုတ်ဘူး။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Où les histoires vivent. Découvrez maintenant