Chapter - 13

593 107 2
                                    

Unicode

၂၂၀၇။ နှလုံးသားဟာရေပြင်လို

စစ်နန်က ရုပ်ရှိရေလျှံပြီး သူမလိုချင်တာမှန်သမျှဝယ်ဖို့ သူ့ဘဏ်ကတ်ကိုသုံးလို့ရတာနဲ့ပဲ သူမက စစ်နန်ရဲ့ကောင်မလေးဖြစ်သင့်တယ်ပေါ့?

လောကကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့ကိစ္စရှိနိုင်မှာလဲ? ဘယ်လိုလုပ်ပြီး ပိုင်မုန့်တစ်ခုက ကောင်းကင်ကနေ အလကားကျလာနိုင်မှာလဲ?

အားလုံးက သူမကိုသွေးဆောင်ဖို့ပဲ။ 'မင်းက ထူးခြားတယ်လို့ ကိုယ် မင်းကို ပထမဆုံးစမြင်လိုက်တည်းကခံစားမိတယ်'တဲ့လား?

ဟားဟားဟား...

စစ်နန်လိုယောက်ျားမျိုးတွေ အများကြီးမြင်ဖူးပြီးပြီမို့ နဉ်ရှုမှာ အချစ်အတွက်ဆန္ဒမရှိတော့ပါချေ။

သူမမှာ တောင့်တမှုလေးနည်းနည်းတော့ ရှိနေလောက်သေးပေမယ့် အဲ့တောင့်တမှုက အပြန်အလှန်လေးစားမှုပဲ၊ သူမ မြင်ဖူးတဲ့အချစ်မျိုးတွေမဟုတ်ဘူး။

နဉ်ရှုက စစ်နန်ရဲ့မျက်နှာကိုစိုက်ကြည့်နေလိုက်သည်။ သူ့မျက်နှာက ပြတ်သားကာ ဆွဲဆောင်မှုရှိပြီး သူ့မျက်လုံးတွေက အလင်းတွေဖြာကာတောက်ပနေပုံရသည်။ ဒါက တကယ်ပင် စိတ်ကိုဖမ်းစားနိုင်သည်။

သို့တိုင် နဉ်ရှုရဲ့နှလုံးသားကတော့ရေပြင်လိုပင်။ ဘာလား? ဒီလောက်ချောတဲ့လူနဲ့ရင်ဆိုင်နေရတာတောင် သူမ ဘာမှမခံစားရဘူး။

ဒီလူ့မှာ ကောင်းတဲ့ရည်ရွယ်ချက်ရှိမနေဘူးဆိုတာ သူမ သိနေတာပဲဟာ။ သူက ဒီမျက်နှာချောချောလေးနဲ့ အရက်စက်ဆုံးကိစ္စတွေကိုလုပ်နိုင်တယ်။

"ကျွန်မ ရှင့်ကောင်မလေး မလုပ်ချင်ဘူး။"

နဉ်ရှုက စစ်နန်ရဲ့လက်မောင်းအောက်ကနေ ငုံ့ထွက်လိုက်ကာ စစ်နန် နံရံနဲ့ပိတ်ထားမှုကနေရုန်းထွက်လိုက်သည်။

"ဘာလို့လဲ?"

စစ်နန် နည်းနည်းအံ့ဩသွားရသည်။

"ကိုယ်က လုံလောက်အောင်မကောင်းလို့လား?"

"အကြောင်းပြချက်မရှိဘူး၊ ကျွန်မ ကျွန်မကောင်လေးကောချိုးကိုပဲသဘောကျတာ၊ ပြီးတော့ သူက အရမ်းကောင်းတယ်လို့ထင်တယ်။"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now