Chapter - 24

615 106 2
                                    

Unicode

၂၂၁၈။ မင်းလုပ်တယ်ဆိုတာ ငါမသိဘူးမထင်နဲ့

"ယူ တို့ကို ရှာတယ်ဆို ကျီပေယဲ့?"

ရွှီရှစ်ရှောင်းက ကျီပေယဲ့ကိုစိုက်ကြည့်လာသည်၊ သူမရဲ့ဟန်ပန်က ကြာပစ်နေဟန်။

ကျီပေယဲ့က သူ့ပခုံးပေါ်ကိုတင်လိုက်တဲ့ ရွှီရှစ်ရှောင်းရဲ့လက်ကိုဖယ်ချလိုက်ပြီး အေးစက်စက်မျက်နှာထားနဲ့ဆိုသည်။

"မင်းလုပ်တယ်ဆိုတာ ငါ မသိဘူးမထင်နဲ့။"

"တို့ ဘာလုပ်မိလို့လဲ?"

ရွှီရှစ်ရှောင်း အနည်းငယ်အံ့ဩသွားကာမေးမိရသည်။

"ယူ တို့ကို ဘာကိစ္စ ဒီနေရာကိုခေါ်တာလဲ?"

"ငါနဲ့ငါ့လက်ထောက်ကိစ္စမှာ နောက်ကွယ်ကလူက မင်းမဟုတ်လား? အရင်တုန်းက ငါ မင်းကို ရင်းမြစ်တွေပေးဖို့ငြင်းဆန်တာနဲ့ပဲ မင်းက ငါ့ကို ဒီလိုလုပ်ပြီးလက်စားချေတယ်ပေါ့?"

ကျီပေယဲ့က ရွှီရှစ်ရှောင်းကို ထိုးဖောက်မတတ်စိုက်ကြည့်လာသည်။

"မင်းက အရမ်းစက်ဆုပ်ဖို့ကောင်းမနေဘူးလား?"

"ယူ ဘာပြောနေလဲဆိုတာ တို့ မသိဘူး။ ဒီကိစ္စက တို့နဲ့ ဘာမှမဆိုင်ဘူး။ တို့သွားတော့မယ်။"

တစ်ခုခုမှားနေတယ်ဆိုတာ ရွှီရှစ်ရှောင်းခံစားမိလိုက်သည်။ ကျီပေယဲ့ကိုဖျားယောင်းဖို့ကို သူမ ဂရုမစိုက်တော့။

ကျီပေယဲ့က ရွှီရှစ်ရှောင်းကိုတားသည်။

"ဒီနေ့ ငါ ရှင်းရှင်းလင်းလင်းသိရမှဖြစ်မယ်။ မင်း ငါ့ကို ခြိမ်းခြောက်နေတာလား?"

"တို့ မသိဘူး၊ တို့ မလုပ်ဘူး။"

ရွှီရှစ်ရှောင်းက အလျင်အမြန်ပင်ငြင်းသည်။

ရွှီရှစ်ရှောင်းဘယ်လိုပဲငြင်းပါစေ ကျီပေယဲ့ပြောသမျှက ဒီကိစ္စက ရွှီရှစ်ရှောင်းလက်ချက်ဆိုတာ သူ သေချာသိနေသလိုစကားတွေသာဖြစ်၏။

သူ့စကားလုံးတိုင်းက ဒီကိစ္စကို ရွှီရှစ်ရှောင်းလုပ်တယ်လို့ပြောနေသည်။ ရွှီရှစ်ရှောင်းက သူ့ကို လက်စားချေဖို့လုပ်ခဲ့တာ။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now