Chapter - 10

595 103 3
                                    

Unicode

၂၂၀၄။ ငါမင်းကို ပထမဆုံးစတွေ့လိုက်ရတည်းက

နဉ်ရှု အလုပ်လုပ်နေချိန်မှာ စစ်နန်က နံရံမှာမှီကာ နဉ်ရှုကိုစောင့်နေတတ်သည်။ သူဘယ်သွားသွား ဖြတ်သွားတဲ့လူတွေရဲ့အာရုံကို ဆွဲဆောင်မိသည်။

တချို့မိန်းမငယ်လေးတွေကို အမျိုးသားချောချောကိုတွေ့ရဖို့အတွက်နဲ့ ဆိုင်ထဲဝင်ကာ သကြားလုံးတွေဝယ်တတ်၏။

နေ့တိုင်း အလုပ်ရှုပ်နေတတ်တဲ့စစန်နန်က နဉ်ရှု ညကိုးနာရီမှာအလုပ်ဆင်းမယ့်အချိန်ကို စောင့်ပေးသည်။ ပြီးနောက် သူက နဉ်ရှုကို ကျောင်းဆီ လမ်းလျှောက်ပြန်ပို့တတ်သည်။

နဉ်ရှု : ...

သူ့ရောဂါက အတော်ကျွမ်းနေပြီဟ။

နဉ်ရှုက စစ်နန်ကို လျစ်လျူရှုထားသည်။ သူမ ဆိုင်ကထွက်သွားတာနဲ့ အငိုက်မှာ သူမခေါင်းကို စစ်နန်ဖမ်းတာခံလိုက်ရသည်။

စစ်နန်က နဉ်ရှုခေါင်းကို သူ့ရင်ဘတ်နား အတင်းကပ်ကာ သူမကို သူ့ရင်ခွင်ထဲ ဇွတ်အတင်းသွင်းသည်။

စစ်နန်က အတော်လေးအားသန်သည်။ နဉ်ရှုနဖူးမှာ စစ်နန်ရဲ့ရင်ဘတ်ကို 'ဒုန်း'ခနဲဝင်ဆောင့်တော့၏။

"ကိုယ် မင်းကို ပထမဆုံးစ‌တွေ့လိုက်ရတည်းက မင်းက သိပ်ထူးခြားတယ်လို့ ကိုယ် ခံစားမိတယ်။"

စစ်နန်ရဲ့ညှို့ငင်မှုရှိတဲ့အသံက နဉ်ရှုခေါင်းထက်ကနေထွက်လာသည်။

ထူးခြားတယ်? ငါ နင့်ကို ထူးခြားတာလေးပေးမယ်။

နဉ်ရှုက သူမရဲ့ဒူးကို စစ်နန်ရဲ့ပေါင်ခြံဆီမြှောက်လိုက်၏။ စစ်နန်က နဉ်ရှုကို ချက်ချင်းလွှတ်ပေးကာ နောက်ပြန်ဆုတ်သည်။

နဉ်ရှုကို ဒူးကို မြှောက်ရုံသာ‌မြှောက်ထားတာဖြစ်သည်။ စစ်နန် နောက်ဆုတ်လိုက်တာနဲ့ နဉ်ရှုက ခြေဆန့်ကာ စစ်နန်ရဲ့ပြောပြလို့်ရနိုင်တဲ့အပိုင်းကိုကန်လိုက်သည်။

စစ်နန်တစ်ယောက် မသဲမကွဲမြည်သံပြုကာ ခြေထောက်တွေကို အတွင်းဘက်ကုပ်ရင်း ငုံ့ကိုင်းသွားသည်။

နဉ်ရှုက သူမရဲ့အဝတ်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ခုခံတော့မယ့်ပုံပေါ်သည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now