Chapter - 14

590 99 2
                                    

Unicode

၂၂၀၈။ တုပင်းက ကောချိုးကောင်မလေးဖြစ်နေလို့

နဉ်ရှု အဆောင်ကိုပြန်လာလိုက်သည်။ သူမ ရက်နည်းနည်းပဲလုပ်ပြီးရလာတဲ့သူမရဲ့လစာကသိပ်မများလှ။ အိုင်း၊ သူမ အလုပ်သစ်ရှာရတော့မယ်ထင်တယ်။

သူမရဲ့လက်ရှိအခြေအနေနဲ့ ရေရှည်ဖြစ်ပြီးတည်ငြိမ်တဲ့အလုပ်ရှာဖို့မဖြစ်နိုင်ဘူး။

ဒီလူတွေကိုရှင်းပြီးမှ သူမ ဘဝသစ်စနိုင်မှာ။ မဟုတ်လို့ကတော့ သူမ အလုပ်သစ်ရှာတွေ့တိုင်း အလုပ်ထုတ်တာပဲခံနေရမှာ။

ဒီလူသုံးယောက်ရဲ့‌ဓနအင်အားနဲ့အဆက်အသွယ်တွေနဲ့ဆို သူတို့က တုပင်းကိုလွယ်လွယ်ရှင်းထုတ်နိုင်တယ်။

တုပင်းက ကောချိုးကောင်မလေးဖြစ်နေတာနဲ့ပဲ သူမ ဒီယောက်ျားလေးယောက်လက်က မလွတ်နိုင်‌တော့ဘူး။ သူမ ရည်းစားဟောင်းဖြစ်သွားရင်တောင် သူမတို့နှစ်ယောက်ကြားမှာ ဆက်နွယ်မှုရှိနေဦးမှာ။

ဖုန်းမြည်လာချိန်မှာ နဉ်ရှုတစ်‌ယောက် ကုတင်ပေါ်မှာထိုင်ကာ ကျင့်ကြံနေခဲ့တာဖြစ်သည်။ ‌ဖုန်းခေါ်သူက ကောချိုးမှန်း နဉ်ရှုတွေ့လိုက်ရသည်။

ညဆယ်နာရီထိုးနေပြီဖြစ်ပြီး ကောချိုးက အတော်လေးအလုပ်များတာမို့ ပုံမှန်ဆို သူ ဖုန်းမဆက်တတ်ပေ။ ဒီလောက်နောက်ကျနေတာကို ဖုန်းခေါ်နေပုံထောက်တော့ ပြသနာတစ်ခုခုတက်တာပဲဖြစ်ရမယ်။

နဉ်ရှု ဖုန်းကိုင်လိုက်သည်။ ကောချိုးအသံက အနည်းငယ်တိမ်ဝင်နေကာ စိတ်ဓာတ်ကျနေပုံပေါ်သည်။

"တုပင်း၊ မကြာသေးခင်က တစ်ခုခုဖြစ်ခဲ့သေးလား?"

"မဖြစ်ပါဘူး။"

နဉ်ရှုက ခပ်ပေါ့ပေါ့ဆိုသည်။

"မင်းမှာ ငါ့ကိုပြောစရာ တကယ်ဘာမှမရှိဘူးလား?"

ကောချိုးရဲ့အသံက ပိုပိုတိမ်ဝင်လာကာ တုန်ပင်တုန်လာသည်။

"မရှိဘူး။"

နဉ်ရှု ခေါင်းခါလိုက်သည်။

"လူလိမ်၊ မင်းနဲ့စစ်နန်ကြားမှာ တစ်ခုခုဖြစ်နေတာ အသိသာကြီး!"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now