Chapter - 3

991 146 20
                                    

Unicode

၂၁၉၇။ သူတို့အချစ်ကိုသစ္စာဖောက်သွား

ကောချိုးက အကျင့်စရိုက်ကောင်းပြီး တခြားလူတွေကို ဘယ်လိုဂရုစိုက်ရမလဲသိတယ်။ ဒီတော့ တုပင်းက သူနဲ့လမ်းမခွဲချင်ဘူး။ ဒါပေမယ့် ဒီကိစ္စတွေကြောင့် နှစ်ယောက်သား လမ်းခွဲဖြစ်သွားတယ်။

တုပင်းက မတရားစွပ်စွဲခံရတာ။ ဘာမှမဖြစ်ခဲ့တာ အသိသာကြီးကိုတောင် သူမက သူတို့အချစ်ကိုသစ္စာဖောက်သွားပြီရယ်လို့ ကောချိုးက မလျှော့တမ်းပြောနေတော့တာပဲ။

ပထမတော့ တုပင်းက စစ်နန်နဲ့အီစီကလီဇာတ်လမ်းတွေရှိတယ်ဆိုတာငြင်းပြီး စစ်နန်က သူမကိုထောင်ချောက်ဆင်တာလို့ပြောပြတယ်။

ကောချိုးက သူများစကားကို အလွယ်တကူနားယောင်တတ်တဲ့သူ။ တုပင်းပြောတာကြားတော့ သူက စစ်နန်ကို ချက်ချင်းသွားမေးပါရော။

သူက စစ်နန်ကို ဘာလို့ သူနဲ့တုပင်းရဲ့အချစ်ကိုဖျက်ဆီးချင်တာလဲလို့မေးတယ်။

စစ်နန်က တုပင်းကိုထောင်ချောက်ဆင်တာကို တည်တည်ငြိမ်ငြိမ်ပဲဝန်ခံတယ်။ ဒါပေမယ့် သူက သူမကို ဒီအတိုင်းလေးပဲစမ်းသပ်ချင်ခဲ့တာပေမယ့် တုပင်းက ကောချိုးကိုသစ္စာဖောက်တယ်လို့ စစ်နန်ကပြောတယ်။ သူမက ယုံကြည်လို့မရတဲ့မိန်းမပဲ။

ကောချိုးက အဲ့အကြောင်းတွေးပြီးယုံကြည်သွားတယ်၊ နောက်ဆုံး တုပင်းနဲ့လမ်းခွဲလိုက်ပါရောလား။

တုပင်း ဆွံ့အသွားရတယ်။ သူမ ဘာလို့ လမ်းခွဲခံရတာလဲ - ဘာမှမဖြစ်ခဲ့ဘူးလို့ သူမ ပြောခဲ့ပြီးပြီပဲ။

ဒါပေမယ့်လည်း ကောချိုးက လမ်းခွဲဖို့ပဲပြောနေတာမြင်တော့ တုပင်းလည်း သဘောတူဖို့ဆုံးဖြတ်လိုက်တယ်။ လက်တွဲကြဖို့ဖိအားပေးခံနေရပြီး သူမကိုတောင်မယုံကြည်တဲ့လူနဲ့ဆက်ပြီးလက်တွဲနေမယ်ဆိုရင် သူမတို့တွေ ပျော်နိုင်မှာမဟုတ်ဘူးလေ။

နှစ်နှစ်တာတည်မြဲခဲ့တဲ့ သူမတို့ရဲ့ကောလိပ်ကအချစ်တွေမရှိတော့တာက နှမြောတော့နှမြောစရာပဲ။

ဒါက ရိုးရိုးတန်းတန်းလမ်းခွဲတာ‌လောက်ပဲလို့ တုပင်းထင်ခဲ့တာ။ သူမကို ကုမ္ပဏီက အလုပ်အတွက်မသင့်တော်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ထုတ်လိုက်လိမ့်မယ်လို့ တုပင်း မထင်ထားခဲ့ဘူး။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now