"လိုင်းပေါ်ပုံမတင်ချင်လို့ပါ..."
နွေဦးစကားကို ဆယ်လေးကလက်ခံချင်ဟန်မရှိ။ သို့ရာတွင် နွေဦးကိုယ်တိုင် ပုံမတင်တာကတကယ်ပဲကြာနေပြီ။ ဆယ်လေးတိုက်တွန်းလွန်းမှသာ ဆယ်လေးသေချာရိုက်ပေးသည့်ပုံတွေကို ဆယ်လေးစိတ်ချမ်းသာအောင်တင်ပေးတာပဲရှိသည်။ ထိုအကြောင်းရာကို ဆယ်လေးကဆက်မပြောတော့ချေ။
သို့ပေမဲ့ ရဲလွင်လွင်နှင့်သူ့အမျိုးသမီးကို ဆယ်လေးနှင့်အတူအပြင်သွားရင်း တိုက်တိုက်ဆိုင်ဆိုင်ဆုံမိသွားလေသည်။ ရဲလွင်လွင်က အိမ်ထောင်ကျပြီးတည်းကနေပြည်တော်ပြောင်းသွားတာ တစ်နှစ်နီးပါးရှိရော့မည်။
ရဲလွင်လွင်သည် နွေဦးကိုတော်တော်များများ ကူညီပေးခဲ့သည်။ ဓနသိုက်နှင့်လုံးဝအဆက်အသွယ်ဖြတ်ပေးတာကနေစလို့ ဓနသိုက်နှင့်အတူစပ်ဝယ်ထားသည့်ခြံကို အစအဆုံးတာဝန်ယူရောင်းချပေးတာအထိ။
နွေဦးတို့အမှတ်မထင်ဆုံဖြစ်ကြတော့ ညစာအတူစားဖြစ်ကြသည်။ ဆယ်လေးလည်းအတူပါသည်။
တိုက်ခန်းပြန်ရောက်ချိန်မှာ ဆယ်လေးက နွေဦးကိုစကားခပ်ဟဟမပြောတော့ချေ။ တစ်ခုခု စိတ်ခုသွားမှန်းနွေဦးသိလိုက်သည်။ ဆယ်လေးက အမြဲတမ်းသူ့ကိုဖက်တွယ်နေပြီး ပွတ်သီးပွတ်သပ်နေတတ်သူမို့ ဆယ်လေး၏ရှောင်ခွာမှုက ဘယ်လိုပဲဖြစ်ဖြစ် သိသာပါသည်။
ထိုညမှာ ဝရန်တာထွက်ပြီးဆေးလိပ်သောက်နေသည့် ဆယ်လေးနှင့်သူပက်ပင်းတိုးတော့သည်။
ဆယ်လေးက ဆေးလိပ်သောက်တတ်သူမဟုတ်ပေ။ နွေဦးလန့်သွားရသည်။
"ဆယ်လေး"
ဆယ်လေးက သူ့ကိုမြင်တော့ ဆေးလိပ်မီးကိုလျင်မြန်စွာငြိမ်းသတ်လိုက်သည်။
"ကိုကို တရေးနိုးလာတာလား"
"အင်း မင်းကိုမတွေ့တာနဲ့"
"ကျွန်တော်ဒီတိုင်းအိပ်မပျော်လို့ပါ..."
ဆယ်လေးက အမှိုက်ကိုလွှင့်ပစ်ပြီး ရေချိုးခန်းထဲတန်းဝင်သွားလေသည်။ ပြန်ထွက်လာတော့ မျက်နှာသစ်ကာသွားတိုက်ထားပြီးပြီ။ နွေဦးသည် သူ့သံသယကိုထုတ်မေးလိုက်သည်။
YOU ARE READING
နွေဦးသည် နောက်တစ်ဖန်
Romanceပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်လင့်ချက်တွေ အစွမ်းကုန်ပွင့်လန်းတဲ့အချိန်ပါ။ အကယ်၍ ချစ်ခြင်းမေတ္တာနဲ့ နွေဦးသာမရှိရင် ဘဝနေ့ရက်တွေက အလ...
Chapter (36) Zawgyi
Start from the beginning