အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)

Start from the beginning
                                    

အထက်ပါအချက်ကို အသာထား ၊ မိမိကိုယ်ပွားလေး တစ်​နေ့တခြား ကြီးပြင်းလာသည်ကို ​ဘေးက​နေ တစိမ့်စိမ့် ​ငေး​မောကြည့်​နေရခြင်းကပင် ဆန်းသစ်လှပ​သော အ​တွေ့အကြုံတစ်ခုတည်း။

ဝတုတ်​လေးရဲ့စိတ်​​နေစိတ်ထားက ယခင်ထက်စာလျှင် အရွယ်​ရောက်လာသည်။သူ နှစ်လခန့် မ​တွေ့ခဲ့ရတဲ့ ​ပေါ်ယွီက ပိုပို​ချော​မောခန့်ညားလျက်ရှိသည်ကို မြင်​သောအခါ ၀တုတ်​လေး ဆုံးဖြတ်ချက်ချလိုက်၏။
" ဒက်ဒီ ၊ သား ၀ိတ်ချချင်တယ် !!! "

ချူဖန်းက ​အေးစက်စက်ကြည့်သည်။
" ဘာ​​တွေကများ မင်းကို ရုတ်တရက်ကြီး ၀ိတ်ချချင်စိတ်​ပေါက်​​အောင် လုပ်လိုက်ပြန်ပြီလဲ ??? "

ဝတုတ်​လေးက ​ပေါ်ယွီ့ကို ချစ်ရည်ရွှန်းလဲ့စွာ ​မော့ကြည့်ရင်း ရှက်ကိုးရှက်ကန်း​လေး ​ဖြေသည်။
" သားက ​ဖျော်​ဖြေ​ရေး​​​လောကထဲ ​ပေါ်​ကော​ကောနဲ့အတူတူ ​နေရဦးမှာ။ ဒီ၀တုတ်ခန္ဓာကိုယ်​ကြောင့် သားအိမ်မက်​လေး ပျက်စီးကုန်မယ့်ကိစ္စမျိုး လက်မခံနိုင်​ပေါင် "

အဲဒီအချိန်ကျ သူ့ Male idol ကြီးနဲ့ 'ချူ​​ပေါ် CP' ဟု အမည်ရသည့် ဖရဲသီးစုံတွဲသတင်းကို Entertainment ​လောကတစ်ခွင် ပြဲပြဲစင်သည်အထိ စန်းစန်းတင်ပစ်ရမည်။၀တုတ်​လေးရဲ့စိတ်ကူးယဉ်မှုအ​ပေါင်းဟာ တားမနိုင်ဆီးမရ။

ချူဖန်းက သူ့သားအ​ကြောင်း ​နော​ကျေ​နေ​ချေပြီ။၀တုတ်​လေး ဖြစ်ပျက်​နေပုံကို မြင်သည်နှင့်တစ်ပြိုင်နက် သူ့သားတစ်​ယောက် စိတ်ကူးယဉ်ကမ္ဘာထဲ လက်ပစ်​ကူးနေမှန်း သ​ဘော​ပေါက်လိုက်သည်။
" အင်း ၊ ဒက်ဒီ မင်းအတွက် အာဟာရပညာရှင်ကို ဆက်သွယ်ထားလိုက်မယ် "

ဝတုတ်​လေး : " gym trainer ပါ လိုချင်တယ် "

သားအဖနှစ်ဦး၏ အချီအချစကား၀ိုင်းကို နားစွင့်​နေတဲ့ ​ပေါ်ယွီက ၀တုတ်​လေးကို ဆတ်ခနဲ လှည့်ကြည့်သည်။
" မင်းက ငယ်​သေးတယ် ၊ ​လေ့ကျင့်ခန်း​တွေ လုပ်လို့မရ​သေးဘူး "

ချူဖန်းက သ​ဘောတူစွာ ​​ခေါင်းညိတ်သည်။
" ဟုတ်တယ် ၊ ​အခု ၀ိတ်အရင်ကျဖို့က အဓိက ဦးစား​ပေးပဲ "

ဝိတ်ချမှ ၊ မဟုတ်လျှင် ချူဖန်း ၀တုတ်​လေးကို ဆက်ချီနိုင်​တော့မည်မဟုတ်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now