အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)

Start from the beginning
                                    

​ပျော်စရာ​လေးဘာ​လေး​တွေ့ရင် သူများလက်တို့ရ​ကောင်းမှန်း မသိတဲ့လူ​တွေ ​နောင်ဘ၀ ​နတ်သားဖြစ်သွားရင်​တောင် ​အတောင်ပံကျိုး​နေပါ​စေဗျာ !!!

ချူဖန်းက လက်ထဲမှာ ထီးတစ်​ချောင်းနှင့် ​ပေါ်ယွီဆီ ​လျှောက်လာသည်။အ​တော်​လေး စိတ်လက်​ပေါ့​ပေါ့ပါးပါးရှိ​နေဟန်။

ဝတုတ်​လေးက ပါးစပ်ကို အကျယ်ကြီးဟ​အော်ဟစ်ရင်း ​ပြေးလာ၏။
" ​ပေါ်ကော​ကော ၊ ​ကော​ကော ဘာလို့ ဝိတ်​တွေကျသွားတာလဲဟင် ??? "

လ၀က်​ကျော်​ကျော်မျှ လက်မလည်​အောင် အလုပ်ရှုပ်​​နေခဲ့သော အချိန်ဇယား​​ကြောင့် ​ပေါ်ယွီ သိသိသာသာ ပိန်လျသွားခဲ့သည်။ထင်းထွက်​လာ​သည့် ​မေး​စေ့ ၊ ​သေးသွယ်​နေ​သော ခါးကျင်ကျင် ၊ အရိုးနှင့်အသား ကပ်​နေပြီဖြစ်​သော ​ခြေတံရှည်များ။ပိန်ပိန်ပါးပါးရှိသင့်သည့်​ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ပိန်သွားသည်ဟု ဆိုရမလား။

​လျော့ရဲပိန်ကျမသွားသင့်သည့် ​နေရာ ၊ ဥပမာ --- တင်ပါးလိုအစိတ်အပိုင်းမျိုးကမူ ကျစ်ကျစ်လျစ်လျစ်ရှိ​နေစမြဲ​ပေ။

​​ပေါ်ယွီ ယခင် ၀တုတ်သည်ထက် ဝတုတ်လို့​နေပါ​သော ဝတုတ်​လေးအား ငုံ့ကြည့်လိုက်သည်။
" ချူလင်းရွှိန် ၊ မင်းကျ ၀ိတ်​တွေတက်လာလှချည်လား "

အမှန်တကယ်ကို ဝတုတ်​လေးက ဝတုတ်​ဖောင်းကား​နေခဲ့သည်။မျက်နှာ​လေးက ပိုမိုလုံးကစ်လာသည့်အပြင် ​မေး​​စေ့​လေး၌ အသားထပ်က နှစ်ရစ်ဖြင့်။ဝမ်းဗိုက်​လေးက စည်ပိုင်း​လေးတစ်ခုနှယ် မို့မို့​မောက်​မောက်။အရပ်​လေးလည်း ရှည်လာ၏။

၀တုတ်​လေးက ယခု ၀တုတ်လတ်အဆင့်သို့ ​ရောက်​နေပြီး ထိုမှတစ်ဆင့် ဝတုတ်ကြီးဖြစ်လာမည့်အ​ရေးက သိပ်မ​ဝေး​တော့။

စိတ်​လေ​နေသည့် မျက်နှာထားနှင့် ချူဖန်းက ​ပေါ်ယွီကို ရင်ဖွင့်ရှာသည်။
" ဟိုတ​လောက ငါ အလုပ်မအားတာနဲ့ သူ့ကို ငါ့မိဘ​တွေဆီ ပို့လိုက်မိပါတယ် ၊ ပြန်သွား​ခေါ်​ရော အဲဒီပုံ ဖြစ်​နေတာပဲ "

​ပေါ်ယွီ ​လေး​လေးနက်နက် ဆင်ခြင်မိပါ၏ ၊ ဝတုတ်​လေးရဲ့ဖြစ်အင်ကို သာဓကယူရလျှင် ဖရဲသီး​လေးအား စုန့်ရှီလင်အ​မေထံ ၀ကွက်အပ်​စောင့်​ရှောက်ခွင့်ပြုလိုက်လို့ လုံး၀ မဖြစ်​ရေးချမဖြစ်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now