Chapter 135 (Zawgyi)

240 4 0
                                    

ဇူးမာနဲ့ ပြီးခဲ့တခေါက်က ရန်ဖြစ်ပြီးကတည်းကနေ ဇူးမာဟာ ဖုန်းလည်းမကိုင်သလို တံခါးလည်း မဖွင့်ပေးပေ။ ဇူးမာဟာ တယောက်နဲ့မှလည်း မဆက်သွယ်ပဲ ပျောက်နေလေသည်။ မိသားစုဝင်တွေအကုန်လုံးက နှစ်ယောက်သား ဘာဖြစ်ကြလဲ၊ ဘာကြောင့် စေ့စပ်မဲ့ရက်ကို သေချာမသတ်မှတ်ရသေးတာလဲ ဆိုပြီး မေးလာကြလေပြီ။
ရှုဘီယင်ဟာ ဖိအားတွေပိပြီး သတိမေ့လဲတော့မတတ်ပေ။ အဲဒီအချိန်မှာပဲ ဇူးမာဟာ ကျားချန်ရဲ့ လက်ရွေးစင်အဖွဲ့ထဲ ပြန်ဝင်သွားပြီ ဆိုတဲ့သတင်းကို ရှုဘီယင်သိလိုက်ရလေသည်။
သူမရဲ့ ခြေလက်တွေက သွေးတွေဆုံးရှုံးသွားသလိုမျိုး အေးစက်ဖြူဖျော့သွားလေသည်။ သူမဟာ သိန်းတသောင်းဆု ထီလက်မှတ်ကြီး ဖျောက်ပစ်လိုက်ပြီး ဆုကြေးငွေတွေ ပျောက်ကွယ်သွားတာကို ကြည့်နေရသလို ခံစားနေရသည်။
'ငါနဲ့ရန်ဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဇူးမာပြန်ထနိုင်လာပြီး ပြိုင်ပွဲကို ဝင်ပြိုင်သွားတယ်ပေါ့?!!'
ရှဘီယင်ဟာ ဇူးမာကို မတွေ့နိုင်တာကြောင့် သူ့မိဘတွေက်ု ဆက်သွယ်ပြီး နှစ်ယောက်သား ကတောက်ကဆဖြစ်ကြတယ်လို့ တိုင်လေသည်။ ဇူးမာဟာ အခုတလော သူမကို လျစ်လျှရှုထားကြောင်း ပြောလေသည်။ နောက်ဆုံးတော့ ဇူးမာဟာ ရှုဘီယင်ကို ခေါင်းကိုက်ကိုက်နဲ့ ဆက်သွယ်လာရလေသည်။
ရှုဘီယင်ဟာ မြန်မြန်ကို အိမ်ကိုတောင်းပန်ဖို့ သွားလေသည်။
သူမက အိမ်ထဲဝင်ချင်ပေမဲ့ ဇူးမာမှာ တံခါးဝမှာ အေးစက်စက်နဲ့ ပိတ်ရပ်ထားလေသည်။
ဇူးမာ ။ "ငါတို့ကြား ပြီးသွားပြီ"
ရှုဘီယင်ဟာ သွားကြိတ်လိုက်ပြီး "ကျွန်မလက်မခံနိုင်ဘူး"
ဇူးမာဟာ သူမရဲ့ထိတ်လန့်တုန်လှုပ်နေပုံကိုကြည့်ပြီး သူ့မှတ်ဉာဏ်ထဲက ရိုးရှင်းတဲ့ကောင်မလေးက လုံးဝပျောက်သွားသလ်ုပေ။ သူမဘယ်အချိန်ကနေ ကြီးပြင်းလာသလဲ ဘာကြောင့်ဒီလိုမျိုး ခေါင်းကိုက်စရာမျိုး ဖြစ်လာသလဲ မသိတော့ပေ။
ဇူးမာဟာ သက်ပြင်းလေးချလိုက်ပြီး နောက်ဆုံးအနေနဲ့ နူးညံ့တဲ့လေသံလေးနဲ့ ပြောလိုက်သည်။ "သွားတော့၊ ဘီယင်၊ နောက်ထပ်မလာနဲ့တော့နော်"
'ငါတို့နှစ်ယောက်ကြား တခုခုမျိုးလည်းရှိခဲ့တာမျိုးလည်း မဟုတ်ဘူး'
ရှုဘီယင်ဟာ လက်မလျော့နိုင်သေးပေ။
သူမဟာ ဇူးမာကို သူမမျက်လုံးထဲ မျက်ရည်တွေ အပြည့်နဲ့ကြည့်လိုက်ပြီး "အကိုမာ၊ ညီမတခဏလောက် စိတ်လွှတ်သွားရုံတင်ပါ။ ညီမအတွက် စိတ်ပူစရာမလိုပါဘူး။ ညီမကို အကို အကြာကြီးသိလာတာပဲ။ ညီမဘယ်လိုလူလဲ အကိုသိတယ်မလား?"
ဇူးမာဟာ မျက်မှောင်ကြုတ်လိုက်ပြီး "လူတွေက အမြဲပြောင်းလဲနေတာပဲ"
ရှုဘီယင်ရဲ့ မျက်နှာလေးဟာ ဖြူဖျော့သွားလေသည်။ "ဘာကိုဆိုလိုချင်တာလဲ? ညီမပြောင်းလဲသွားတယ်လို့ ပြောချင်တာလား?"
ဇူးမာဟာ သက်ပြင်းချလိုက်ပြီး "ပြန်လိုက်တော့"
ဇူးမာပြောင်းလဲသွားပုံမြန်လွန်းလို့ ရှုဘီယင်ဟာ အခုထက်ထိ မယုံနိုင်သေးပေ။ ရုတ်တရက် သူမတခုခုကို တွေးမိသွားသည်။ 'ဇူးမာရဲ့ အရင်ဘဝက မိန်းမများ ပေါ်လာလို့လား?'
ရှုဘီယင်ရဲ့ ရင်ဘတ်ဟာ တင်းကြပ်လာပြီး အသင်ရှုရခက်လာလေသည်။
သူမ တုန်လှုပ်သွားပြီး မေးလိုက်သည်။ "အကို ကြိုက်နေတဲ့တယောက်ယောက်ရှိလို့လား?"
သူမရဲ့ စကားကြားတာနဲ့ ဇူးမာဟာ တခဏလောက် ကြောင်အသွားလေသည်။
ဇူးမာဟာ နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး သူ့အတွေးထဲမှာ သူလှမ်းမမှီနိုင်တဲ့ ပုံရိပ်လေးတခုပေါ်လာလေသည်။ "ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်"
ရှုဘီယင်ဟာ နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ခံလိုက်သလို ခံစားလိုက်ရပြီး မျက်ရည်တွေဟာ မိုးရွာသလိုမျိုး စီးဆင်းလာပြီး လှည့်ကာ ထွက်ပြေးသွားလေသည်။
ဇူးမာဟာ သူမနောက်ကျောကို ကြည့်နေပေမဲ့ နောက်ကတော့ မလိုက်သွားလေပေ။
.......
ကျူးကျူးဟာ နှာချေမိလိုက်သည်။
'ထူးဆန်းလိုက်တာ။ ဘယ်သူ ငါ့အတင်းပြောနေတာလဲဟ?'

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now