Chapter 104 (Zawgyi)

953 29 1
                                    

မရီးက အဲလိုပြောနေတာကိုကြားပြီးနောက် တုနွမ်ဟာ သူဌေးကိုတိတ်တဆိတ်ကြည့်လိုက်ပြီး သူဌေးခေါင်းပေါ်က ဦးထုပ်စိမ်းက ပိုပိုစိမ်းလာပုံပဲလို့ တွေးလိုက်သည်။
ချန်ကျမ်း ။ "....."
"အဟမ်း၊ ဟို၊ ညစာစားလို့ရပြီ" တုနွမ် အလောတကြီးနဲ့ ကျူးကျူးပြောနေတာကို စကားဖြတ်လိုက်သည်။
ကျူးကျူးဟာ ဖမ်းမိသွားတာတောင် နောင်တရပုံတစက်မှမပေါက်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အသားကင်စားရန်ထွက်သွားသည်။
နှပ်ထားတဲ့အသားဟာ ဆီတလွှာသုပ်ထားပြီး မီးသွေးမီးနဲ့ကင်ထားကာ ဆီပေါက်သံညံနေသည်။ မွှေးကြိုင်လွန်းတဲ့ရနံ့က ကျူးကျူးကို လျှာရည်ကျလာစေသည်။
အန်ရူဟာ ထိုင်ခုံပေါ်မှာ လှုပ်ရှားမှုမရှိ ထိုင်နေတာကိုကြည့်ပြီး ကျူးကျူးကမေးလိုက်သည်။ "နင်မစားဘူးလား?"
သူမရွံ့ရှာစွာနဲ့မျက်မှောင်ကြုတ်လိုက်သည်။ "ငါက သက်သက်လွတ်သမား"
ကျူးကျူး ။ "နင့်ကို နှောင့်ယှက်မိတာတောင်းပန်ပါတယ်"
အန်ရူဟာ အနီရောင်ပုံးဆီလျှောက်သွားပြီး လှုပ်နေတဲ့ငါးကိုကြည့်လိုက်သည်။ သူမနူးညံ့စွာနဲ့ပြောလိုက်သည်။ "ဒီငါးတွေကိုမစားပါနဲ့လား။ သူတို့ဘယ်လောက်တောင်အသက်ရှင်ချင်နေကြလဲ။ သူတို့ကိုလွှတ်ပေးကြရအောင်နော်"
သူမအသံက အနီးအနားမှာထိုင်နေတဲ့ ချန်ကျမ်းကြားရလောက်အောင် မကျယ်လောင်ပေ။
ကျူးကျူး ငြင်းဆန်လိုက်သည်။ "ဟင့်အင်း၊ ငါစားချင်တယ်"
"နင်ဒီလိုမျိုး အရမ်းရက်စက်တာပဲလား။ ငါးတွေက အသက်ရှင်နေတယ်လေ"
ကျူးကျူး ။ "????"
"ငါ နှစ်တိုင်း အသက်လွှတ်တဲ့လှုပ်ရှားမှုတွေမှာ ပါပြီး လိပ်နဲ့ ငါးတွေလွှတ်ပေးတယ်" အန်ရူဟာ သူမဖုန်းကိုထုတ်ပြီး သက်သေပြရန် ပုံတွေပြလေသည်။ "နင်တွေ့လား၊ ဒီလိပ်ကအရမ်းကြီးတာ၊ ဘယ်လောက်ကြာကြာအသက်ရှင်ခဲ့မှန်း ငါတောင်မခန့်မှန်းနိုင်ဘူး"
ကျူးကျူး တွန့်ဆုတ်စွာနဲ့မေးလိုက်သည်။ "ဒါက....ဘရာဇီးလိပ်လား...."
ဘရာဇီးလိပ်တွေဟာ ပတ်ဝန်းကျင်ဖျက်ဆီးသူတွေ အနေနဲ့နာမည်ကြီးလေသည်။ ကြမ်းတမ်းတဲ့အသားစားသတ္တဝါတွေဖြစ်ပြီး တခါတရံ လူတွေကိုတောင် ကိုက်ရဲလေသည်။ အန်ရူလွတ်လိုက်တဲ့ အဲလိပ်ဟာ ကန်ထဲမှာရှိတဲ့ ငါးတွေအားလုံးနီးပါး စားလိုက်လောက်ပြီလို့ တွေးမိလိုက်သည်။
'ဘယ်လိုမျိုးလွှတ်ပေးလိုက်တာလဲ?'
အန်ရူဟာ ဘရာဇိးလိပ်ကိုသိပေမဲ့ ပုံစံအတိအကျမသိပေ။ သူမမျက်နှာတောင့်တင်းသွားပြီး သူမပြောစရာစကားပျောက်သွားသည်။ ဒါကြောင့် သူမ အကူအညီတောင်းတဲ့ပုံစံမျိုးနဲ့ ချန်ကျမ်းကို ကြည့်လိုက်သည်။
ထို့နောက် ချန်ကျမ်းရဲ့မျက်လုံးတွေဟာ ငါးတွေကို စိုက်ကြည့်လိုက်ပြီး "အကုန် ကင်လိုက်တော့" လို့ပြောတာကို တွေ့လိုက်ရသည်။
အန်ရူ ။ "...."
'ယောကျာင်္းတွေက တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့ ကြင်နာတဲ့မိန်းကလေးတွေကို သဘောကျတာမဟုတ်ဘူးလား?'
တုနွမ်ဟာ ပြုံးလိုက်ပြီး အန်ရူ အရိုက်မခံရသေးခင် သူမကိုပြန်ဆွဲခေါ်လာခဲ့ပြီး သူတို့ကိုနှောင့်ယှက်နေတာကို ရပ်လိုက်သည်။
ကျူးကျူး သူမနေရာပြန်သွားလိုက်သည်။ ပုစွန်ကင်ထားတာကိုတွေ့ပြီး လောဘတက်နေတဲ့မျက်လုံးတွေနဲ့ သူမလက်ဆန့်တန်းလိုက်ပြီး ယူလိုက်သည်။ ဒါပေမဲ့ တယောက်ယောက်က သူမထက်အရင် ပုစွန်ကင်ကို ယူသွားသည်။
ချန်ကျမ်းဟာ ကျူးကျူးကိုကြည့်လိုက်သည်။
ကျူးကျူးဟာ တခဏတွေးလိုက်ပြီး သူမကိုကူညီပြီး အခွံခွာပေးမှာလို့တွေးလိုက်တာကြောင့် ပြောလိုက်သည်။ "ကျေးဇူးပဲ.......နင် နင် ခေါင်းကြီးသရဲ!"
ချန်ကျမ်းရဲ့ပါးစပ်ထဲကို ပုစွန်ကင်ဝင်သွားတာကို တွေ့လိုက်ရသည်။
ချန်ကျမ်းဟာ အနည်းငယ်အပူလောင်သွားပေမဲ့ သက်ပြင်းချလိုက်ပြီး မှတ်ချက်ချလိုက်သည်။ "အရသာရှိတယ်"
ကျူးကျူး ခါးသက်စွာနဲ့ အံကြိတ်လိုက်သည်။
သူမ ပြည်ကြီးငါးကင်ဆီ သွားလိုက်သည်။ ဒီတခေါက်လည်း ချန်ကျမ်း သူမထက်လျင်သွားသည်။ သူ့လက်တံတွေက ကျူးကျူးကိုကျော်ပြီး ပြည်ကြီးငါးကင်ကို ကောက်လိုက်သည်။
"စားကောင်းလိုက်တာ"
ကျူးကျူး ။ "......နင်သေချင်နေတာလား?"
{အမောင်ချန်ကျမ်းတယောက် ကျူးကျူး အန်ရူနဲ့ပြောနေတာတွေကြားပြီး ကျူးကျူးကို စိတ်ကောက်နေတာပါ😄😄😄}

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now