Chapter 103 (Unicode)

2.2K 266 1
                                    

စားဖိုမှုးအများအပြားဟာ နှပ်ထားတဲ့အသားကင်တွေကို မီးသွေးမီးနဲ့ ပြင်ဆင်နေကြသည်။ အနီးအနားမှာ မိန်းမလှလေးတယောက်ဟာ ဂါဝန်ရှည်ကို ကုတ်အင်္ကျီနဲ့တွဲဝတ်ထားပြီး ခေါင်းငုံ့ကာ ကျောက်တုံးအသေးလေးတွေနဲ့ ဆော့ကစားနေလေသည်။ အပြင်ကင်းစင်၊ ချစ်စရာကောင်း၊ တောက်ပနေတဲ့ကြယ်နှစ်လုံးလို မျက်လုံးတွေဟာ အကုန်လုံးကို သိချင်နေပုံပေါ်လေသည်။

အရမ်းလှပတာကြောင့် အလုပ်များနေကြပေမဲ့ တချက် တချက် လှည့်မကြည့်ပဲ မနေနိုင်ကြပေ။ 

ထို့နောက် အလှလေးဟာ ဂဏန်းအကြီး ကြီးတကောင် ကို ကောက်ယူလိုက်ပြီး ရယ်မောကာပြောလိုက်သည်။ "ချန်ကျမ်း၊ ကြည့်!  ငါဖမ်းထားတာ"

ချန်ကျမ်းဟာ တိတ်တဆိတ် လုံခြုံတဲ့နေရာဆီ နောက်ဆုတ်သွားတော့သည်။ "...."

ကြည့်နေတဲ့သူတွေ ။ "..."

ဖမ်းထားတဲ့ဂဏန်းဟာ စားဖိုမှုးတွေလက်ထဲရောက်သွားပြီး ဆော့စ်ထဲမှာနှပ်ထားရန် ဆေးကြောလိုက်သည်။ ကျူးကျူးဟာ ကျေနပ်မှုအပြည့်နဲ့ ပင်လယ်ရေနဲ့ ကမ်းတင်လာတဲ့ ကျောက်တုံးလေးတွေကို ဆက်လက်ကောက်ယူနေလိုက်ပြီး ဆိုင်သွားကာ လက်ကောက်လိုမျိုး ဝတ်လို့၇အောင် အပေါက်ဖောက် သွယ်တန်းရန် တွေးနေသည်။ 'လက်မှုလောကမှာ ဆိုရင် ဒါက တခုတည်းသော ငါ့ပိုင်လက်ကောက် ဖြစ်လာမှာလား?'

သူမနောက်ကိုလှည့်လိုက်ချိန် တခြားသူတွေနဲ့တိုက်မိတော့မလိုဖြစ်သွားသည်။ ကျူးကျူးဟာ အန်ရူမှန်း သေချာမမြင်၇သေးခင် ခန္ဓာကို တည့်မတ်လိုက်၇သည်။

"ငါနင့်ကိုပြောစရာရှိတယ်" အန်ရူဟာ အမူအရာမဲ့ပြောလိုက်သည်။ နူးညံ့မှုမရှိ၊ နေ့လည်တုန်းက ပုံစံလိုမဟုတ်ပဲ ကျူးကျူးကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။ "နင်ရူးချင်ယောင်ဆောင်နေတာလား၊ တုံးအတာလား ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ချန်ကျမ်းကိုတော့ ငါသေချာပေါက် ရအောင်ယူမှာ"

ကျူးကျူး ။ "ကောင်းပြီလေ"

အန်ရူ ။ "ငါနောက်နေတာမဟုတ်ဘူး!"

ကျူးကျူး ။ "ငါ့လည်း နောက်နေတာမဟုတ်ဘူး၊ နင်ကနင်လေ၊ ငါတို့ညီအစ်မတွေဖြစ်လာမှာပေါ့?"

အန်ရူ ။ "...."

ကျူးကျူးပြုံးကာပြောလိုက်သည်။ 'ဒီတော့ ငါတို့က လင်မယားဆက်ဆံရေးမရှိဘူး၊ တကယ်လို့ နင်ချောင်ပိတ်ဖမ်းချင်တာဆိုရင် ငါ့အပေါ်သရုပ်မဖော်နဲ့၊ ဘာလို့ဆိုရင် ချန်ကျမ်းက ငါ့ကိုလည်း မကြိုက်လို့ပဲ'

အန်ရူဟာ အနည်းငယ်ထိတ်လန့်သွားသည်။ 

သူမကြိုက်တယ်လို့မပြောရဲပေမဲ့ ချန်ကျမ်းဟာ ကျူးကျူးကို ဂရုစိုက်တာတော့ သေချာကြောင်းသိသည်။ ဒါပေမဲ့ ကျူးကျူးကိုကြည့်ပြီး ဘယ်သူက  ပိုဂရုစိုက်လဲ သိလိုက်၇ပြီ။ အန်ရူဟာ သဝန်တိုပြီး ဝမ်းနည်းသွားသည်။ သူမနှလုံးသားထဲမှာတောင်မြင့်ပေါ်က ပန်းနဲ့တူတဲ့ချန်ကျမ်းဟာ အဲလူတောင်မသိပေမဲ့ ကာကွယ်ပေးနေတာကို သိလိုက်၇သည်။

ချန်ကျမ်းလို လူမျိုးတွေဟာ အမြဲတမ်းအချစ်ခံ၇မှာပဲလို့တွေးခဲ့သည်။ 'ဒါပေမဲ့ ကျောက်တုံးလိုနှလုံးသားဟာ ဘယ်တုန်းကမှ ဂရုစိုက်မခံခဲ့၇ဘူးလား?'

အန်ရူဟာ စကားပြောတာ ရပ်သွားသည်။ ကျူးကျူးဟာ သူမပြောတာမှာ အမှားပါသွားလား စဉ်းစားလိုက်ပေမဲ့ အန်ရူဘာတွေးမှန်း မမှန်းနိုင်ပေ။

အန်ရူနှုတ်ခမ်းကိုက်လိုက်ပြီး ပြောလိုက်သည်။ "နင်တကယ်ဆန္ဒရှိတယ်လို့ ငါမယုံဘူး"

'ကမ္ဘာမှာ ချန်ကျမ်းလို ယောင်္ကျားမျိုး ဘယ်နှစ်ယောက်ရှိနိုင်မှာလဲ?'

'မိန်းမကောင်းလေးက ဇူးမာလိုမျိုး အရပ်ရှည်၊ ခံ့ငြားပြီး ညဏ်ရည်ထက်မြက်တဲ့သူမျိုးတွေကို သွားမရှာဘူးလား? ဘာလို့ ချန်ကျမ်းလိုမျိုး သစ်တုံးကြီးကို ကြိုက်၇တာလဲ?' ကျူးကျူး တွေးနေမိသည်။

ကျူးကျူး ကြင်နာစွာ ဖြောင်းဖြဖို့ကြိုးစားလိုက်သည်။ "င့ါမှာထပ်ပြောစရာ မရှိတော့ဘူး၊ ယောင်္ကျားတွေဆိုတာ အဟောင်းမသွားရင် အသစ်မလာ..."

{ဒီစာကြောင်းကိုပြန်ထားတာကို ကိုယ်တိုင်သဘောမတွေ့ပါဘူး၊ ဒါကြောင့် လို ရေးထားတာကို ပြန်ရေးပေးပါမယ်၊ "I have nothing to reluctantly. Man, the old one does not go, the new one does not come..," ပိုလို့ အဆင်ပြေမဲ့ ထင်တဲ့ပုံစံကို ပြောပြပေးရင် ကျေးဇူးတင်မှာပါ}

ကျူးကျူးအဲစာကြောင်းကို ပြောနေတုန်း ချန်ကျမ်းနဲ့တုနွမ် ရောက်လာဆိုက်နဲ့ တိုးသွားပြီး လုံးဝကြားသွားတော့သည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now