Chapter 116 ( Zawgyi)

814 20 0
                                    

အဲဒါဒီအတိုင်းလိပ်ပြာတောင်ပံခတ်သလို ခဏတာပဲဖြစ်ဖို့ သူမဆုတောင်းမိပေမဲ့ နှစ်ယောက်သားရဲ့ကီးကိုက်တဲ့မြင်ကွင်းကို တွေ့ပြီးနောက် ရှုဘီယင်ရုတ်တရက် ပူပန်လာသည်။
'ချန်ကုမ္ပဏီက ပိုစောပြီးဒေဝါလီခံသွားရတယ်။ ချန်ကျမ်းကလည်း မကွာရှင်းဘူး။ ဇူးမာကလည်း အခုချိန်အစအနတောင်ကောက်မရဘူး။ ပြန်လှည့်စရာလမ်းမရှိတော့ဘူး'
သူမဘဝရဲ့ကယ်တင်ရှင်က ချက်ချင်းပိုးကောင်တကောင်လိုမျိုး လျော့ကျသွားတယ်။ ဘယ်တော့မှပြီးဆုံးမယ်မသိရပေ။
ရှုဘီယင်ရုတ်တရက် ဆိုးရွားတဲ့ကိစ္စတခုကိုစဉ်းစားမိသွားသည်။ 'တကယ်လို့ ဇူးမာသာ ပြန်နလန်မထူနိုင်ခဲ့ရင်ကော? သူလုံးဝလက်လျော့လိုက်ရင် ငါဘာလုပ်ရမှာလဲ?'
ဇူးမာဟာ အခုချိန်မှာ ဘေးကြပ်နံကြပ်ဖြစ်နေပြီး အခက်အခဲအများကြီးနဲ့ရင်ဆိုင်နေရသည်။ သူ ဘုရားရဲ့အမိန့်ကိုနာခံပြီး ကုမ္ပဏီရဲ့သာမန်ဝန်ထမ်းဖြစ်လာပြီလို့ ရှုဘီယင်တွေးခဲ့ပေမဲ့ သူမနှလုံးသားထဲမှာရှိတဲ့အပေါက်က အဆုံးမရှိပိုကြီးလာသည်။
အထူးသဖြင့် သူမ ကျူးကျူးကိုမြင်ပြီးချိန်မှာပေ။ 'သူမကရိုးရှင်းပုံပေါ်နေပေမဲ့ Brand တွေကို တကိုယ်လုံးမှာ ဝတ်လိုက် ဆင်လိုက် လုပ်နိုင်တယ်။ ပျော်ရွှင်ဖွယ်၊ နူးညံပြီး ချိုသာနေတယ်။ သေချာပေါက် ပြည့်စုံတဲ့ဘဝမှာနေနေရတာပဲ'
'နင့်အခြေအနေနဲ့ ယှဉ်ကြည့်လိုက်စမ်း။ ငါ့မိသားစုအခြေအနေက ပုံမှန်အတိုင်းပဲ။ ဇူးမာက ငါ့ကို တခါတလေပစ္စည်းတွေဝယ်ပေးပေမဲ့ တန်ဖိုးကြီးတာတွေမဟုတ်ဘူး'
ရှုဘီယင်အနည်းငယ် ချမ်းစိမ့်စပြုလာသည်။ 'ငါပြန်လှည့်လို့မရတော့ဘူး။ ဇူးမာကိုပဲဆက်ပြီးကပ်ထားရတော့မှာပဲ'
လှေကားအဆုံးမှာရပ်နေတဲ့ ချန်ကျမ်းဟာ ကျူးကျူးကြည့်နေတဲ့ဘက်ဆီ လှည့်ကြည့်လိုက်ပြီး သူ့အကြည့်ကို စိတ်မဝင်စားစွာနဲ့ ပြန်ရုတ်သိမ်းလိုက်သည်။
သူ ဖြေးဖြေးပြောလိုက်သည်။ "သွားမယ်"
အခုချိန်ဆိုရင် ၂၄ နာရီဖွင့်တဲ့စတိုးဆိုင်မှာ ထမင်းဘူးလည်းဝယ်လို့ရနေပြီဖြစ်သည်။
ချန်ကျမ်းကတော့ သူဘာစားချင်တာလဲဆိုတာကို စဉ်းစားလို့တောင်ပြီးသွားပြီဖြစ်သည်။
တဖက်လူကြောင်အပြီးအံ့သြနေတာကိုတွေ့ချိန် ကျူးကျူးပိုသေချာသွားသည်။ 'အဲမိန်းမက ရှုဘီယင်ပဲဖြစ်ရမယ်။ သူမမှတ်ဉာဏ်ထဲမှာတော့ ငါကကွာရှင်းပြီးတာကြာလောက်ပြီ။ အခုလိုတွေ့လိုက်ရတော့ သူမဘယ်လိုမျိုးခံစားနေရမလဲ မသိတော့ဘူး'
သူမရှုဘီယင်ကို ကြောက်နေစရာမလိုဘူးလို့ ကျူးကျူးတွေးလိုက်သည်။
'ရှုဘီယင်မှာ အနီရောင်စာအိတ်လည်းမရှိဘူး။ ကိုယ်ပိုင်နေရာလည်းမရှိဘူး။ အလှအပပြောင်းပေးတဲ့စနစ်လည်းမရှိဘူး။ ပြန်လှည့်နိုင်မဲ့ အခွင့်အရေးလည်းမရှိဘူး။ သူမရဲ့တခုတည်းသောနည်းလမ်းက နွယ်ပင်တွေ မသေဖို့အရေး ဘေးနားကအရာကို တွယ်တက်သလိုမျိုး ဇူးမာကိုပဲ သေချာတွယ်ကပ်ထားတာပဲ'
ကျူးကျူးဇာတ်ကြောင်းကိုပြန်စဉ်းစားကြည့်ပြီးနောက် သူမ သိတဲ့ဇာတ်ကြောင်းဖြစ်ကြောင်း ပိုသေချာသွားသည်။
"မြန်မြန်သွားရအောင်၊ ခဲပြီးသေတော့မယ်"
သူတို့အဝေးကြီးလျှောက်သွားပြီး ပျောက်ကွယ်မသွားခင်ထိ ရှုဘီယင်ဟာ ကြောင်အနေတုန်းပေ။
'ငါဘယ်လိုလုပ် ဒီလမ်းကိုဆက်လျှောက်ရတော့မှာလဲ?'
......
ကျူးကျူး လက်ကို အိတ်ကပ်ထဲထည့်ပြီး အနည်းငယ်အတွေးလွှင့်နေသည်။
'ပြောရရင် ငါဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုတွေ့လိုက်တိုင်း အကျိုးဆက်က မကောင်းဘူး'
သူမဘေးက ချန်ကျမ်းဟာ ရုတ်တရက်ပြောလိုက်သည်။ "သူမနဲ့ဝေးဝေးနေ"
"သူမ?" ချန်ကျမ်းဘယ်သူ့ကိုပြောနေတာမှန်း ကျူးကျူး ချက်ချင်းနားလည်လိုက်သည်။
ကျူးကျူး ။ "နင်သိလို့လား?"
ချန်ကျမ်းခေါင်းခါလိုက်သည်။
'တကယ်လို့ရှုဘီယင်သာ ဒါကိုကြားရင် ဒေါပွလောက်တယ်။ ဘယ်လိုတွေတောင်လုပ်ထားလို့ ချန်ကျမ်းက သူမကိုမှတ်တောင်မမိရတာလဲ?'
အရေးအကြီးဆုံးက ချန်ကျမ်းက သူ့ခေါင်းကို အလေးအနက်နဲ့ခါတာဖြစ်ပြီး မသိချင်ယောင်ဆောင်နေတာမျိုးမဟုတ်ပေ။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Hikayelerin yaşadığı yer. Şimdi keşfedin