Chapter 107 (Unicode)

2K 238 2
                                    

ကျူးကျူး အဲသတင်းကိုသိချိန်မှာ အန်ရူဟာ လေယာဉ်ပေါ်တောင် တက်ပြီးလို့ ထွက်ခွာသွားလေပြီ။

ကျူးကျူးအံ့ဩသွားတော့သည်။

သူမကျားချန်မှာ အလုပ်လုပ်၇တော့မယ်လို့ သိလိုက်၇တုန်းက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

သုံးရက်အားလပ်ရက်ခရီးစဉ်ဟာ မြန်မြန်ပြီးဆုံးသွားသည်။ ဘာလို့ဆို ကျားချန်ဟာ Project တခုကို အကောင်အထည်ဖော်နေတဲ့ အချိန်ဖြစ်နေတာကြောင့်ပေ။ သူမပြန်ရောက်ရောက်ချင်း အလုပ်သင်ကာလစတော့မည်ဖြစ်ကြောင်း သိလိုက်၇သည်။

ကျူးကျူးဟာ လေယာဉ်ပေါ်မှာထိုင်နေရင်း နဂါးမောက်သီး စားနေတဲ့ ချန်ကျမ်းကို ကြည့်လိုက်ပြီး သူ့နာမည်ကို တိုးတိုးလေးခေါ်လိုက်သည်။

"ချန်ကျမ်း"

"......" ချန်ကျမ်း သူမကို ပြန်လှည့်ကြည့်လိုက်သည်။

"နင်ကုမ္ပဏီမှာ ရာထူးကောင်းကောင်းရှိပုံ၇တယ်နော်" အန်ရူနဲ့ ချန်ကျမ်းနှစ်ယောက်ထဲက တယောက်ကို ရွေးတာမှာ အန်ရူကို ဖြုတ်ချလိုက်တာက ကျားချန်က အရမ်းသတ္တိရှိပြီး ဆုံးဖြတ်ချက်ချတာ တိကျတာပဲ။

ချန်ကျမ်း နဂါးမောက်သီး ကို တကိုက်ကိုက်လိုက်ပြီး ပြန်မဖြေပေ။

ကျူးကျူး ပျင်းလာတာကြောင့် စူပုတ်ပုတ်နဲ့ ထိုင်နေလိုက်သည်။

ရုတ်တရက် ကျားချန်ရဲ့ သူဌေး တုနွမ်ကို သတိ၇လိုက်သည်။ သူတို့ပြန်သွားပြီလား မပြန်သေးဘူးလား မသိ၇ပေ။ First Class မှာသူတို့ရဲ့ အရိမ်အယောင်မတွေ့၇တာကြောင့် သူတို့ခရီးမှာ ဆက်နေခဲ့ပုံ၇သည်။

ကျူးကျူး အခုလေးတင်တွေးနေတဲ့ သုံးယောက်ကတော့ Economy Class ထဲမှာ ထိုင်ပြီး သက်ပြင်းချနေကြသည်။

သူတို့လည်း First Class ကို သွားချင်ကြပေမဲ့ မသွားရဲကြပေ။

'သူဌေးက မရီးနဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်နေတာ၊ ငါတို့သွားရင် ငါတို့ပဲ ခွေးစာကျွေးခံ၇မှာမဟုတ်ဘူးလား?'

တုနွမ်သူ့ရှေ့မှာရှိနေတဲ့ ကြက်ဆီထမင်းကို ကြည့်လိုက်ပြီး ကိုးကြိမ်မြောက်သက်ပြင်းချလိုက်သည်။  'ဒါကြီးက ကြက်ဆီထမင်းလား? ငါးထမင်းလား?'

'ဒီလိုနည်းနဲ့ပဲ အားလပ်ရက်ခရီးရက်တွေ ကုန်ဆုံးသွားတာပါပဲ'

.....

အိမ်ပြန်ရောက်ရောက်ချင်း ကျူးကျူး အိပ်ရာထဲကို တန်းသွားလေသည်။ နူးညံ့တဲ့အိပ်ရာပေါ်ကို ခုန်တက်လိုက်ပြီး သူမအကြိုက်ဆုံးစောင်နဲ့ လူးလိမ့်နေလိုက်သည်။

'စျေးကြီးတဲ့ဟိုတယ်နဲ့ယှဉ်ရင် ဒီစောင်လေးက သက်တောင့်သက်သာအဖြစ်ဆုံးပဲ'

ကျူးကျူး တကိုယ်လုံး စိတ်အေးလက်အေးဖြစ်သွားသည်။

တုနွမ်က သူမကို ပြင်ဆင်ဖို့ အချိန်နှစ်ရက်ပေးထားသည်။ သူမရဲ့ ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ အချိန်လေးတွေ မရှိတော့ဘူးလို့ တွေးမိပေမဲ့ တဖက်မှာလည်း ကျားချန်လိုမျိုး ကုမ္ပဏီကြီးတခုမှာ အလုပ်လုပ်၇မှာက သူမကို စိတ်လှုပ်ရှားစေသည်။

'အလုပ်မသွားခင် ဘာအရင်ဆုံးလုပ်၇မလဲ?'

'အင်္ကျီအသစ်တွေ ဝယ်၇မှာပေါ့'

သူမရဲ့အလုပ်ကြောင့် ပိုလှတဲ့ အဝတ်အစားတွေ ဝယ်၇တော့မယ်လို့ တွေးလိုက်သည်။ အဝတ်ဗီရိုထဲမှာရှိနေတဲ့အင်္ကျီအများစုက ထသွားထလာတွေပဲ များနေပြီး ကုမ္ပဏီမှာ ဝတ်လို့၇မှာက အနည်းငယ်ပဲရှိလေသည်။ စျေးဝယ်ထွက်မဲ့အကြောင်းတွေးလိုက်တာနဲ့ သူမရဲ့စိတ်အားထက်သန်မှုတွေ ပြန်ရောက်လာပြီး အင်္ကျီကောက်လဲလိုက်ကာ မိတ်ကပ်လိမ်းကာ ထွက်သွားတော့သည်။

အဲဒါကိုမြင်ပြီးနောက် ချန်ကျမ်းတယောက် ကျူးကျူးသာ အလုပ်မှာလည်း အဲလိုမျိုး စိတ်အားထက်သန်မှုသာ ရှိနေရင် အနာဂတ်မှာ ကျားချန်ဟာ ဘုရားကျောင်းလိုမျိုး ဖြစ်လာတော့မှာ ပဲ လို့ တွေးမိလိုက်သည်။

အဝတ်အစားအသစ်လေးတွေ ဝယ်နေတုန်း သူမကောက်လာခဲ့တဲ့ ကျောက်တုံးသေးလေးတွေကို သတိ၇မိသွားသည်။ 'လက်လုပ်လက်ဝတ်၇တနာဆိုင်ကတော့ အရောင်တင်ပြီး အပေါက်ဖောက်ပေးနိုင်မှာပဲ' 

'အပေါက်ပဲဖောက်ရင် ၇လောက်ပါတယ်၊ ပုံစံအတွက်က နဂိုအတိုင်းပဲ ထားလိုက်ရင် ကောင်းမှာပါ'

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now