Chapter 103 (Zawgyi)

896 29 1
                                    

စားဖိုမှုးအများအပြားဟာ နှပ်ထားတဲ့အသားကင်တွေကို မီးသွေးမီးနဲ့ ပြင်ဆင်နေကြသည်။ အနီးအနားမှာ မိန်းမလှလေးတယောက်ဟာ ဂါဝန်ရှည်ကို ကုတ်အင်္ကျီနဲ့တွဲဝတ်ထားပြီး ခေါင်းငုံ့ကာ ကျောက်တုံးသေးလေးတွေနဲ့ ဆော့ကစားနေလေသည်။ အပြစ်ကင်းစင်၊ ချစ်စရာကောင်း၊ တောက်ပနေတဲ့ကြယ်နှစ်လုံးလို မျက်လုံးတွေဟာအကုန်လုံးကိုသိချင်နေပုံပေါ်လေသည်။
အရမ်းလှပတာကြောင့် အလုပ်များနေကြပေမဲ့ တချက် တချက် လှမ်းမကြည့်ပဲ မနေနိုင်ကြပေ။
ထို့နောက် အလှလေးဟာ ဂဏန်းအကြီးကြီးတကောင် ကောက်ယူလိုက်ပြီး ရယ်မောကာပြောလိုက်သည်။ "ချန်ကျမ်း၊ ကြည့်! ငါဖမ်းထားတာ"
ချန်ကျမ်းဟာ တိတ်တဆိတ် လုံခြုံတဲ့နေရာဆီ နောက်ဆုတ်သွားတော့သည်။ "....."
ကြည့်နေတဲ့သူတွေ ။ "...."
ဖမ်းထားတဲ့ဂဏန်းဟာစားဖိုမှုးတွေလက်ထဲရောက်သွားပြီး ဆော့စ်ထဲမှာနှပ်ထားရန် ဆေးကြောလိုက်သည်။ ကျူးကျူးဟာ ကျေနပ်မှုအပြည့်နဲ့ ပင်လယ်ရေနဲ့ ကမ်းတင်လာတဲ့ကျောက်တုံးလေးတွေကို ဆက်လက်ကောက်ယူနေလိုက်ပြီး ဆိုင်သွားကာ လက်ကောက်လိုမျိုးဝတ်လို့ရအောင် အပေါက်ဖောက်သွယ်တန်းရန် တွေးနေသည်။ 'လက်မှုလောကမှာဆိုရင် ဒါက တခုတည်းသော ငါ့ပိုင်လက်ကောက်ဖြစ်လာမှာလား?'
သူမနောက်ကိုလှည့်လိုက်ချိန် တခြားသူတွေနဲ့တိုက်မိတော့မလိုဖြစ်သွားသည်။ ကျူးကျူးဟာ အန်ရူမှန်း သေချာမမြင်ရသေးခင် ခန္ဓာကို တည့်မတ်လိုက်ရသည်။
"ငါ နင့်ကိုပြောစရာရှိတယ်" အန်ရူဟာ အမူအရာမဲ့ပြောလိုက်သည်။ နူးညံ့မှုမရှိ ၊ နေ့လည်တုန်းကပုံစံလိုမဟုတ်ပဲ ကျူးကျူးကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။ "နင် ရူးချင်ယောင်ဆောင်နေတာလား၊ တုံးအတာလား ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ချန်ကျမ်းကိုတော့ ငါသေချာပေါက် ရအောင်ယူမှာ"
ကျူးကျူး ။ "ကောင်းပြီလေ"
အန်ရူ ။ "ငါနောက်နေတာမဟုတ်ဘူး!"
ကျူးကျူး ။ "ငါ့လည်းနောက်နေတာမဟုတ်ဘူး။ နင်ကနင်လေ။ ငါတို့ညီအစ်မတွေဖြစ်လာမှာပေါ့?"
အန်ရူ ။ "...."
ကျူးကျူး ပြုံးကာပြောလိုက်သည်။ "ဒီတော့ ငါတို့က လင်မယားဆက်ဆံရေးမရှိဘူး။ တကယ်လို့ နင်ချောင်ပိတ်ဖမ်းချင်တယ်ဆိုရင် ငါအပေါ်သရုပ်မဖော်နဲ့။ ဘာလို့ဆို ချန်ကျမ်းက ငါ့ကိုလည်း မကြိုက်လို့ပဲ"
အန်ရူဟာ အနည်းငယ်ထိတ်လန့်သွားသည်။
သူမကြိုက်တယ်လို့ မပြောရဲပေမဲ့ ချန်ကျမ်းဟာ ကျူးကျူးကို ဂရုစိုက်တာသေချာကြောင်းသိသည်။ ဒါပေမဲ့ ကျူးကျူးကိုကြည့်ပြီး ဘယ်သူက ပိုဂရုစိုက်လဲ သိလိုက်ရပြီ။ အန်ရူဟာ သဝန်တိုပြီး ဝမ်းနည်းသွားသည်။ သူမနှလုံးသားထဲမှာ တောင်မြင့်ပေါ်က ပန်းနဲ့တူတဲ့ ချန်ကျမ်းဟာ အဲလူတောင်မသိပေမဲ့ ကာကွယ်ပေးနေတာကို သိလိုက်သည်။
ချန်ကျမ်းလိုလူမျိုးတွေဟာ အမြဲတမ်းအချစ်ခံရမှာပဲလို့ သူမတွေးခဲ့သည်။ 'ဒါပေမဲ့ ကျောက်တုံးလိုနှလုံးသားဟာ ဘယ်တုန်းကမှ ဂရုစိုက်မခံခဲ့ရဘူးလား?'
အန်ရူ စကားပြောတာ ရပ်သွားသည်။ ကျူးကျူးဟာ သူမပြောတာမှာ အမှားပါသွားလားစဉ်းစားလိုက်ပေမဲ့ အန်ရူဘာတွေးနေမှန်း မခန့်မှန်းနိုင်ပေ။
အန်ရူနှုတ်ခမ်းကိုက်လိုက်ပြီး ပြောလိုက်သည်။ "နင်တကယ်ဆန္ဒရှိတယ်လို့ ငါမယုံဘူး"
'ကမ္ဘာမှာ ချန်ကျမ်းလို ယောင်္ကျားမျိုး ဘယ်နှစ်ယောက်ရှိနိုင်မှာလဲ?'
'မိန်းမကောင်းလေးက ဇူးမာလိုမျိုး အရပ်ရှည် ခံ့ငြားပြီး ညဏ်ရည်ထက်မြက်တဲ့သူမျိုးတွေကို သွားမရှာဘူးလား? ဘာလို့ ချန်ကျမ်းလိုမျိုး သစ်တုံးကြီးကိုကြိုက်ရတာလဲ?' ကျူးကျူးတွေးနေမိသည်။
သူမ ကြင်နာစွာ ဖြောင်းဖြဖို့ကြိုးစားလိုက်သည်။ "ငါ့မှာ ထပ်ပြောစရာမရှိတော့ဘူး။ ယောကျာင်္းတွေဆိုတာ အဟောင်းမသွားရင် အသစ်မလာ....."
{ဒီစာကြောင်းကို ပြန်ထားတာကို ကိုယ်တိုင်လည်း သိပ်သဘောမကျချင်ပါဘူး။ ဒါကြောင့် eng လိုရေးထားတာကို ပြန်ရေးပေးပါမယ်။ "I have nothing to reluctantly. Man, the old one does not go, the new one does not come..." ပိုလို့အဆင်ပြေမယ်ထင်တဲ့ပုံစံကို ပြောပြပေးရင် ကျေးဇူးတင်မှာပါ}
ကျူးကျူးအဲစာကြောင်းကိုပြောနေတုန်း  ချန်ကျမ်းနဲ့တုနွမ် ရောက်လာဆိုက်နဲ့တိုးသွားပြီး လုံးဝကြားလိုက်သည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now