Chapter 128 (Zawgyi)

600 16 0
                                    

စားနေရင်း ကျူးကျူး ဒီနေ့ သွေးအေးစစ်ပွဲဖြစ်ရတဲ့အကြောင်းအရင်းကို တွေးမိသွားသည်။
သူမစိတ်ဓာတ်ကျစွာနဲ့မေးလိုက်သည်။ "နင်ဒီနေ့ဘာဖြစ်နေတာလဲ? ဘာလို့အားလုံးသူကို လစ်လျူရှုနေတာလဲ?"
ပုစွန်အခွံခွာနေတဲ့ ချန်ကျမ်းဟာ အဲမေးခွန်းကြားပြီး တခဏလောက်ရပ်တန့်သွားသည်။ "ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပါ။ မင်းနဲ့ဘာမှမဆိုင်ပါဘူး။ တောင်းပန်ပါတယ်"
"ဘာကိစ္စလဲ? ဘာကြောင့်မပျော်တာလဲ? ငါ့ကိုပြောပြလေ"
ကျူးကျူး အပြုံးလေးနဲ့ပြောလိုက်သည်။ "စိတ်ညစ်နေတာကို မြိုသိပ်ထားတာက မကောင်းဘူး"
ချန်ကျမ်း ဖြေးဖြေးချင်းပြောလိုက်သည်။ "တယောက်တည်းစားတာက မင်းကိုပိုပျော်စေတာလား?"
ကျူးကျူး ။ ".....နင်စိတ်ကောက်နေတုန်းပဲကို"
ချန်ကျမ်း စကားဆက်မပြောလာတော့တာကြောင့် ကျူးကျူးလည်း သူ့ကိုမကူညီနိုင်တော့ပေ။ 'ငါထပ်ပြီး ချန်ကျမ်းကိုမမေးတော့ဘူး။ ကိုယ့်ဟာကိုပဲ စားတော့မယ်။ ဒီလိုကတောင် ပိုကောင်းသေးတယ်'
ကျူးကျူးဟာ ထိုင်ခုံပေါ်မှာ မှီချလိုက်ပြီး လှုပ်ရှားချင်စိတ်တောင်မရှိတော့ပေ။
သူမ ဝမ်းနည်းစွာနဲ့မေးလိုက်သည်။ "ငါဒီလိုမျိုးပဲ စားနေရင် ဝလာမှာလား?"
ချန်ကျမ်းဟာ ဖြေးညှင်းစွာနဲ့ အချက်ကျကျပြန်ဖြေလိုက်သည်။ "မင်းရဲ့စားရမဲ့ကယ်လိုရီက တနေ့မှာ ၁၂၀၀ ကယ်လိုရီလောက်ပဲ။ လေ့ကျင့်ခန်းမလုပ်ရင် ပိုပြီးတော့တောင် ကယ်လိုရီကနည်းအုန်းမယ်။ ညဘက်ဆိုရင်လည်း မင်းကဆီရွှဲပြီး ဆားများတာတွေစားတော့ ဝိတ်တက်လာရင်တင်မဟုတ်ပဲ...."
"နင်သေချင်နေတာလား?!!!" ကျူးကျူး နှာခေါင်းရှုံ့ပြီး ချန်ကျမ်းစကားကိုဖြတ်ပြောလိုက်သည်။ "မိန်းမတွေ ဒီလိုအချိန်မှာ အကြားချင်ဆုံးစကားက သူမဘယ်တော့မှမဝပါဘူး ဆိုတာပဲ"
အတင်းပါးစပ်ပိတ်ခံလိုက်ရတဲ့ ချန်ကျမ်းတယောက်ကတော့ မိန်းမတွေက သူတို့ကိုထိခိုက်စေတဲ့အလိမ်အညာတွေကို နှစ်သက်ကြတယ်လို့ တွေးနေတော့သည်။
.......
ချန်ကျမ်းငွေရှင်းနေချိန် ကျူးကျူး လက်နောက်ပိုက်ပြီးတော့ သူ့နောက်ကနေရပ်စောင့်နေလေသည်။
နှစ်ယောက်သားရဲ့အစားအသောက်အပေါ်သုံးဖြုန်းမှုဟာဆိုင်ထဲမှာရှိနေတဲ့တခြားသူတွေကိုပါ ဆွဲဆောင်နိုင်ပြီး ငွေရှင်းကောင်တာကလူတောင် အရမ်းယဉ်ကျေးစွာနဲ့ 40% လျှော့ဈေးပေးပြီးတော့ VIP card တောင် ပေးမည်ဖြစ်ကြောင်းပြောကာ နောက်တကြိမ်လာဖို့အတွက် မက်လုံးပေးလေသည်။
ကျူးကျူးဟာရှက်စိတ်ကြောင့်ဝတ်ထားတဲ့ဦးထုပ်ကို ဆွဲချပြီး မျက်နှာကိုကွယ်ဖို့ကြိုးစားလေသည်။ ကံကောင်းတာက ချန်ကျမ်းရဲ့လှုပ်ရှားမှုကမြန်တာကြောင့် ငွေရှင်းပြီးတာနဲ့ ကျူးကျူးနဲ့အတူ ချက်ချင်းထွက်သွားတော့လေသည်။
အပြင်ဘက်ကောင်းကင်ကမှောင်မဲနေပြီး ကျူးကျူးဟာ နည်းနည်းအေးစိမ့်စိမ့်ဖြစ်နေသည်။
သူမဟာ ချန်ကျမ်းခြေလှမ်းနောက်လိုက်ပြီး အိမ်ရှိရာဆီသို့ လျှောက်နေလေသည်။ နှစ်ယောက်သား အများကြီးမလှမ်းလိုက်ရသေးခင်ပဲ ရုတ်တရက် ကားတစီးဟာ လမ်းပေါ်ကနေ ချော်ထွက်ပြီး လူသွားလမ်းပေါ်ကိုတောင် ရောက်တော့မတတ်မောင်းလာလေသည်။ ကျူးကျူးဟာ ကြောက်လွန်းလို့ မျက်လုံးမှိတ်လိုက်ပေမဲ့ ပြင်းထန်စွာနဲ့ နောက်ကို ဆွဲခံလိုက်ရသည်။ သူမ ဘေးကိုခြေလှမ်းအနည်းငယ်လောက် ယိုင်သွားပေမဲ့ ကံကောင်းတာက ချန်ကျမ်းရဲ့လှုပ်ရှားမှုတွေက တည်ငြိမ်နေတာကြောင့် သူမရုပ်ပျက်ဆင်းပျက် ပြုတ်မကျသွားပေ။
ထို့နောက် သူမ ချန်ကျမ်းရဲ့ရင်ခွင်နဲ့ တိုက်မိသွားတော့သည်။
ချန်ကျမ်းဟာ ကျူးကျူးရဲ့ခေါင်းကို လက်တဖက်နဲ့ကိုင်ပြီး မေးလာသည်။ "မင်း ထိခိုက်သွားသေးလား?"
သူ ခေါင်းကိုနှိမ့်ချလာပြီး အနားကိုကပ်လာလေသည်။ မီးမှိန်မှိန်အောက်မှာ သူ့မျက်တောင်တွေဟာ ကျီးကန်းအတောင်တွေလို ချောမွေ့နေကာ သူ့ရဲ့မျက်လုံးမှေးမှေးလေးတွေဟာ သူတို့ရဲ့ပုံမှန် ဘာကိုမှဂရုမစိုက်ပုံပေါက်နေတာကနေကွဲထွက်နေကာ ကျူးကျူးကို စူးရှစွာ စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းတွေဟာ အလွန်နက်မှောင်နေပြီး ညမှောင်မှောင်အောက်မှာ ပိုမှောင်နေပုံပေါက်ကာ သူ့ရဲ့လေးနက်တဲ့ခံစားချက်ဟာ ကျူးကျူးကို အနည်းငယ် ဝေခွဲမရဖြစ်စေသွားတော့သည်။

(ကွန်ပြူတာက လုံးဝမြန်မာစာရိုက်မရတော့လို့ မတင်ဖြစ်တာကြာပါပြီ။ unicode ဖတ်တဲ့သူတွေအတွက် ပုံရိုက်ပြီးတင်ကြည့်ပေးပါမယ်။ အဆင်ပြေ မပြေပြောပေးကြပါ)

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now