Chapter 116 (Unicode)

1.8K 268 4
                                    

အဲဒါက ဒီအတိုင်း လိပ်ပြာတောင်ပံခတ်သလို ခဏတာပဲဖြစ်လို့ သူမဆုတောင်းမိပေမဲ့နှစ်ယောက်သားရဲ့ ကီးကိုက်တဲ့ မြင်ကွင်းကို တွေ့ပြီးနောက် ရှုဘီယင် ရုတ်တရက် ပူပန်လာသည်။

'ချန်ကုမ္ပဏီက ပိုစောပြီး ဒေဝါလီခံသွား၇တယ်။ ချန်ကျမ်းကလည်း မကွာရှင်းဘူး။ ဇူးမာကလည်း အခုချိန်အစအနတောင်ကောက်မ၇ဘူး။ ပြန်လှည့်စရာလမ်းမရှိတော့ဘူး'

သူမဘဝရဲ့ကယ်တင်ရှင်က ချက်ချင်းပိုးကောင်တကောင်လိုမျိုး လျော့ကျသွားပြီး ဘယ်တော့မှပြီးဆုံးသွားမယ် မသိ၇ပေ။ 

ရှုဘီယင်ရုတ်တရက် ဆိုးရွားတဲ့ကိစ္စတခုကို စဉ်းစားမိသွားသည်။ 'တကယ်လို့ ဇူးမာသာ ပြန်နလန်မထူနိုင်ခဲ့ရင်ကော? သူလုံးဝလက်လျော့လိုက်ရင် ငါဘာလုပ်၇မလဲ?'

ဇူးမာဟာ အခုချိန်မှာ ဘေးကြပ်နံကြပ်ဖြစ်နေပြီး အခက်အခဲအများကြီးနဲ့ရင်ဆိုင်နေရသည်။ သူ ဘုရားရဲ့ အမိန့်ကိုနာခံပြီး ကုမ္ပဏီရဲ့သာမန်ဝန်ထမ်းဖြစ်လာပြီလို့ ရှုဘီယင်တွေးခဲ့ပေမဲ့ သူမနှလုံးသားထဲမှာရှိတဲ့အပေါက်က အဆုံးမရှိပိုကြီးလာသည်။

အထူးသဖြင့် သူမကျူးကျူးကို မြင်ပြီးချိန်မှာပေ။ 'သူမကရိုးရှင်းပုံပေါ်နေပေမဲ့ Brand တွေကိုတကိုယ်လုံးမှာ ဝတ်လိုက် ဆင်လိုက်လုပ်နိုင်တယ်။ ပျော်ရွှင်ဖွယ်၊ နူးညံ့ပြီး ချိုသာနေတယ်။ သေချာပေါက် ပြည့်စုံတဲ့ဘဝမှာ နေနေရတာပဲ'

'နင့်အခြေအနေနဲ့ ယှဉ်ကြည့်လိုက်စမ်း။ ငါ့မိသားစုအခြေအနေက ပုံမှန်အတိုင်းပဲ။ ဇူးမာက ငါ့ကိုတခါတလေပစ္စည်းတွေဝယ်ပေးပေမဲ့ တန်ဖိုးကြီးတာတွေ မဟုတ်ဘူး'

ရှုဘီယင် အနည်းငယ်ချမ်းစိမ့်စပြုလာသည်။ 'ငါပြန်လှည့်လို့မ၇တော့ဘူး။ ဇူးမာကိုပဲ ဆက်ပြီးကပ်ထား၇တော့မှာပဲ'

လှေကားအဆုံးမှာ ရပ်နေတဲ့ ချန်ကျမ်းဟာ ကျူးကျူးကြည့်နေတဲ့ဘက်ဆီ လှည့်ကြည့်လိုက်ပြီး သူ့အကြည့်ကို စိတ်မဝင်စားစွာနဲ့ ပြန်ရုတ်သိမ်းလိုက်သည်။

သူဖြေးဖြေးပြောလိုက်သည်။ "သွားမယ်"

အခုချိန်ဆိုရင် ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်မှာ ထမင်းဘူးလည်း ဝယ်လို့၇နေပြီဖြစ်သည်။

ချန်ကျမ်းကတော့ သူဘာစားချင်တာလဲဆိုတာကို စဉ်းစားလို့တောင်ပြီးသွားပြီဖြစ်သည်။

တဖက်လူကြောင်အပြီး အံ့ဩနေတာကို တွေ့ချိန် ကျူးကျူးပိုသေချာသွားသည်။ 'အဲမိန်းမက ရှုဘီယင်ပဲဖြစ်၇မယ်။ သူမမှတ်ဉာဏ်ထဲမှာတော့ ငါက ကွာရှင်းပြီးတာကြာလောက်ပြီ။ အခုလိုတွေ့လိုက်၇တော့ သူမဘယ်လိုမျိုးခံစားနေရမလဲ မသိတော့ဘူး'

သူမရှုဘီယင်ကို ကြောက်နေစရာမလိုဘူးလို့ ကျူးကျူးတွေးလိုက်သည်။

'ရှုဘီယင်မှာ အနီရောင်စာအိတ်လည်းမရှိဘူး။ ကိုယ်ပိုင်နေရာလည်းမရှိဘူး။ အလှအပပြောင်းပေးတဲ့စနစ်လည်းမရှိဘူး။ ပြန်လှည့်နိုင်မဲ့ အခွင့်အရေးလည်းမရှိဘူး။ သူမရဲ့တခုတည်းသောနည်းလမ်းက နွယ်ပင်တွေ မသေဖို့အရေး ဘေးနားကအရာကို တွယ်တက်သလိုမျိုး ဇူးမာကိုပဲ သေချာတွယ်ကပ်ထားတာပဲ '

ကျူးကျူးဇာတ်ကြောင်းကိုပြန်စဉ်းစားကြည့်ပြီးနောက် သူမသိတဲ့ဇာတ်ကြောင်းဖြစ်ကြောင်း ပိုသေချာသွားသည်။

"မြန်မြန်သွား၇အောင်၊ ခဲပြီးသေတော့မယ်"

သူတို့အဝေးကြီးလျှောက်သွားပြီး ပျောက်ကွယ်မသွားခင်ထိ ရှုဘီယင်ဟာကြောင်အနေတုန်းပေ။

'ငါဘယ်လိုလုပ် ဒီလမ်းကို ဆက်လျှောက်၇တော့မှာလဲ?'

.....

ကျူးကျူးလက်ကို အိတ်ကပ်ထဲထည့်ပြီး အနည်းငယ်အတွေးလွှင့်နေသည်။

'ပြော၇ရင် ငါ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကိုတွေ့လိုက်တိုင်း အကျိုးဆက်က မကောင်းဘူး'

သူမဘေးက ချန်ကျမ်းက ရုတ်တရက်ပြောလိုက်သည်။ "သူမနဲ့ဝေးဝေးနေ"

"သူမ?" ချန်ကျမ်း ဘယ်သူ့ကိုပြောနေတာမှန်း ကျူးကျူးချက်ချင်းနားလည်လိုက်သည်။

ကျူးကျူး ။ "နင်သိလို့လား?"

ချန်ကျမ်းခေါင်းခါလိုက်သည်။

'တကယ်လို့ ရှုဘီယင်သာ ဒါကိုကြားရင် ဒေါပွလောက်တယ်။ ဘယ်လိုတွေတောင်လုပ်ထားလို့ ချန်ကျမ်းက သူမကို မှတ်တောင်မမိ၇တာလဲ? '

အရေးအကြီးဆုံးက ချန်ကျမ်းက သူ့ခေါင်းကို အလေးအနက်နဲ့ ခါတာဖြစ်ပြီး မသိချင်ယောင်ဆောင်နေတာမျိုးမဟုတ်ပေ။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now