Chapter 111 (Unicode)

1.8K 246 1
                                    

'ဒါက တကယ်ပြင်းထန်တဲ့ မတော်တဆမှုပဲ'

ကျူးကျူး မှတ်မိတာသာမှန်ရင် ဇူးမာဟာ လမ်းပေါ်မှာ လုယှက်မှုတခုကို ကူညီရာကနေ လက်ကို ထိခိုက်သွားတာပေ။ အနည်းဆုံး လအနည်းငယ်လောက် နား၇နိုင်လေသည်။ သူ့အတွက်ကတော့ အခုအချိန်ဟာ ပြိုင်ပွဲဝင်၇မဲ့ အချိန်ကောင်းကို ဖျက်ဆီးသွားစေတာကြောင့်လုံးဝစိတ်ဓာတ်ကျသွားလေသည်။

ကံကောင်းတာက သူ့ဘေးမှာ ဇာတ်လိုက်မရှုဘီယင်က အားပေးအဖော်ပြုပေးဖို့ရှိနေပေးတာပေ။ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ အနွေးဓာတ်ပေးခဲ့တာကြောင့် ဇူးမာဟာ ဇာတ်လိုက်မကို ချစ်မိသွားပြီး ရုတ်တရက်ဆိုသလို ထိပ်ဆုံးကိုရောက်သွားပြီး အောင်မြင်သွားကာ ဇာတ်လိုက်မနဲ့လည်း လက်ထပ်လိုက်လေသည်။

လက်ထပ်ပြီး တနှစ်၊ နှစ်နှစ်ကြာပြီးနောက် ဇူးမာဟာ လူထုရှေ့ကနေ‌ ထွက်ခွာပြီး ကျားချန်ရဲ့ညာလက်ရုံးအနေနဲ့ပဲ ဆက်လက်လုပ်ကိုင်လေသည်။

ကျူးကျူးထပ်စဉ်းစားကြည့်ပေမဲ့ မမှတ်မိတော့ပေ။ အဲတုန်းက သူမညနက်အောင်နေပြီး ဝတ္ထုကို ဖတ်နေခဲ့တာပေ။ မဖြစ်နိုင်တဲ့ ဇာတ်ကြောင်း၊ ဇာတ်ကွက်တွေကြောင့် သူမပျို့အန်ချင်လောက်အောင် ဒေါသထွက်နေခဲ့တာပေ။ သူမမျက်လုံးပြန်ဖွင့်လိုက်ချိန် ဝတ္ထုထဲကို သူမတကယ်ကူးပြောင်းလာလိမ့်မယ်လို့ဘယ်သူထင်မိမှာလဲ။

တုနွမ်ရဲ့မျက်နှာထားမကောင်းတော့ပေ။

သူအော်ဟစ်ပြီး ဇူးမာကို အခြေအနေအကြောင်းကို သေချာမေးလေသည်။ နောက်ထပ်လက်ကို မထိခိုက်‌ေအာင် သေချာဂရုစိုက်ထားဖို့ ဇူးမာကို မှာပြီး သူဖုန်းချလိုက်သည်။

"မ....ကောင်းပြီ၊ သွားကြ၇အောင်။ ဒရိုင်ဘာက ကားပါကင်မှာ မင်းကို စောင့်နေပြီ။ ငါမင်းကို လိုက်ပို့ပေးမယ်လေ"

ကျူးကျူး နှလုံးသားထဲမှာ သက်ပြင်းချလိုက်မိသည်။

ရှုဘီယင် ဘယ်လောက်ပဲ ပြသာနာရှာတတ်ပါစေ ဒီအချိန်မှာတော့ ဇူးမာအတွက် သူမက ဆေးကောင်းတလက်ပေ။ ဇူးမာပြန်သက်သာလာပါစေလို့ပဲ  ကျူးကျူးဆုတောင်းပေးရုံပဲ တတ်နိုင်သည်။

တုနွမ်နဲ့ ဘေးချင်းယှဉ်ဖြတ်လျှောက်သွားတော့ ပရိုဂရမ်သမားတွေရဲ့ အကြည့်တွေက ကပ်ပါလာသည်။ ဒါပေမဲ့ တုနွမ်ရဲ့ မျက်နှာထားက နဂိုထက်ပိုတင်းမာနေတာကြောင့် အသံမထွက်ရဲကြပေ။ ကျူးကျူး နှောင့်ယှက်ခံ၇ခြင်းမရှိပဲ အိမ်ကို အေးဆေးပြန်ရောက်လာသည်။

တံခါးဖွင့်ပြီး ဝင်လိုက်တော့ ဧည့်ခန်းဟာ မှောင်မဲနေပြီး မီးလည်းမဖွင့်ထားပေ။ ချန်ကျမ်းအိပ်နေလောက်ပြီလို့ပဲ ကောက်ချက်ချလိုက်သည်။

ကျူးကျူး ဖိနပ်ချွတ်လိုက်ပြီး မီးဖွင့်လိုက်တော့ ရုတ်တရက် "အား " နဲ့ နောက်ကို ဆုတ်မိသွားသည်။

"ဘာလို့ အသံမထွက်ပဲ ဆိုဖာပေါ်မှာထိုင်နေရတာလဲ?!!!"  သူမနှလုံးရပ်တော့မလို့ပေ။

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ယောင်္ကျားတယောက်ကို ရုတ်တရက်တွေ့လိုက်၇တာကြောင့် ကျူးကျူး ကြောက်အားလန့်အားနဲ့ ဖိနပ်နဲ့ ကောက်ပေါက်မိတော့မလို့ပေ။

သူမရဲ့ ရင်တုန်မှုနဲ့ ခြားနားစွာ ချန်ကျမ်းကတော့ တည်ငြိမ်နေသည်။

သူဟာ ဆိုဖာပေါ်မှာ နောက်ကျောမှီထားပြီး အေးဆေးစွာ လဲလျောင်းနေသည်။

ကျူးကျူး ။ "....နင်ဘာလုပ်နေတာလဲ?"

ချန်ကျမ်းရဲ့ တိတ်ဆိတ်တဲ့အသံထွက်ပေါ်လာသည်။ "တရားထိုင်နေတာ"

ကျူးကျူး ။ "???"

သူဆက်ပြောလိုက်သည်။ "နာမည်ကြီးတယ်။ ဗိုက်ဆာတယ်။ ခေါင်းမူးတယ်"

"...."

ကျူးကျူး တကယ်ပဲ ချန်ကျမ်းတယောက်တရားပေါက်ပြီး ကောင်းကင်ကို နတ်သားအဖြစ်နဲ့ ရောက်သွားပါစေလို့ တွေးလိုက်သည်။

ချန်ကျမ်းကို လူအဖြစ်ကို ပြန်ကျလာစေရန် ခေါက်ဆွဲနဲ့ ကြက်ဥမကျက်တကျက်နဲ့ ပြန်ခေါ်လိုက်သည်။ ခေါက်ဆွဲစားနေတဲ့ ချန်ကျမ်းကို ကြည့်ပြီး ရုတ်တရက်သူမစလို့ထမင်းချက်ကတည်းကနေ ဒီလူတယောက်

အသင့်စားအစားအစာတွေကို စိတ်မဝင်စားတော့မှန်း သတိထားမိသွားသည်။ 'အ၇သာရှိတဲ့ အစားအစာတွေစား၇ဖို့ သူတနေ့လုံးစောင့်နေတာလား?'



(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now