Chapter 107 (Zawgyi)

926 22 1
                                    

ကျူးကျူး အဲသတင်းကိုသိချိန်မှာ အန်ရူဟာ လေယာဉ်ပေါ်တောင် တက်ပြီးလို့ ထွက်ခွာသွားလေပြီ။
ကျူးကျူး အံ့သြသွားတော့သည်။
သူမ ကျားချန်မှာ အလုပ်လုပ်ရတော့မယ်လို့ သိလိုက်ရတုန်းက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
သုံးရက် အားလပ်ရက်ခရီးစဉ်ဟာ မြန်မြန်ပြီးဆုံးသွားသည်။ ဘာလို့ဆို ကျားချန်ဟာ project တခုကို အကောင်အထည်ဖော်နေတဲ့ အချိန်ဖြစ်နေတာကြောင့်ပေ။ သူမပြန်ရောက်ရောက်ချင်း အလုပ်သင်ကာလစတော့မည်ဖြစ်ကြောင်းသိလိုက်ရသည်။
ကျူးကျူးဟာ လေယာဉ်ပေါ်မှာထိုင်နေရင်း နဂါးမောက်သီးစားနေတဲ့ ချန်ကျမ်းကို ကြည့်လိုက်ပြီး သူ့နာမည်ကို တိုးတိုးလေးခေါ်လိုက်သည်။
"ချန်ကျမ်း"
"....." ချန်ကျမ်း သူမကို ပြန်လှည့်ကြည့်လိုက်သည်။
"နင် ကုမ္ပဏီမှာ ရာထူးကောင်းကောင်းရှိပုံရတယ်နော်" အန်ရူနဲ့ ချန်ကျမ်း နှစ်ယောက်ထဲက တယောက်ကိုရွေးတာမှာ အန်ရူကိုဖြုတ်လိုက်တာက ကျားချန်က အရမ်းသတ္တိရှိပြီး ဆုံးဖြတ်ချက်ချတာတိကျတာပဲ။
ချန်ကျမ်း နဂါးမောက်သီးကိုတကိုက်ကိုက်လိုက်ပြီး ပြန်မဖြေပေ။
ကျူးကျူး ပျင်းလာတာကြောင့် စူပုတ်ပုတ်နဲ့ ထိုင်နေလိုက်သည်။
ရုတ်တရက် ကျားချန်ရဲ့သူဌေး တုနွမ်ကို သတိရလိုက်သည်။ သူတို့ပြန်သွားပြီလား မပြန်သေးဘူးလား မသိရပေ။ First Class မှာ သူတို့ရဲ့အရိပ်အယောင်မတွေ့ရတာကြောင့် သူတို့ခရီးမှာ ဆက်နေခဲ့ပုံရသည်။
ကျူးကျူး အခုလေးတင်တွေးနေတဲ့ သုံးယောက်ကတော့ Economy Class ထဲမှာ ထိုင်ပြီး သက်ပြင်းချနေကြသည်။
သူတို့လည်း First Class ကိုသွားချင်ကြပေမဲ့ မသွားရဲကြပေ။
'သူဌေးက မရီးနဲ့ ဆက်ဆံရေးကို တိုးတက်အာင်လုပ်နေတာ။ ငါတို့သွားရင် ငါတို့ပဲ ခွေးစာကျွေးခံရမှာမဟုတ်ဘူးလား' တုနွမ် သူ့ရှေ့မှာရှိနေတဲ့ ကြက်ဆီထမင်းကို ကြည့်လိုက်ပြီး ကိုးကြိမ်မြောက် သက်ပြင်းချလိုက်သည်။ 'ဒါကြီးက ကြက်ဆီထမင်းလား? ငါးထမင်းလား?'
'ဒီလိုနည်းနဲ့ပဲ အားလပ်ရက်ခရီးရက်တွေ ကုန်ဆုံးသွားတာပါပဲ'
.......
အိမ်ပြန်ရောက်ရောက်ချင်း ကျူးကျူး အိပ်ရာထဲက်ုတန်းသွားလေသည်။ နူးညံ့တဲ့အိပ်ရာပေါ် ခုန်တက်လိုက်ပြီး သူမအကြိုက်ဆုံးစောင်နဲ့ လူးလိမ့်နေလိုက်သည်။'
ဈေးကြီးတဲ့ဟိုတယ်နဲ့ယှဉ်ရင် ဒီစောင်လေးက သက်တောင့်သက်သာအဖြစ်ဆုံးပဲ'
ကျူးကျူး တကိုယ်လုံး စိတ်အေးလက်အေးဖြစ်သွားသည်။
တုနွမ်က သူမကို ပြင်ဆင်ဖို့ အချိန်နှစ်ရက်ပေးထားသည်။ သူမရဲ့ ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ အချိန်လေးတွေ မရှိတော့ဘူးလို့တွေးမိပေမဲ့ တဖက်မှာလည်း ကျားချန်လိုမျိုး ကုမ္ပဏီကြီး တခုမှာ အလုပ်လုပ်ရမှာက သူမကိုစိတ်လှုပ်ရှားစေသည်။
'အလုပ်မသွားခင် ဘာအရင်ဆုံးလုပ်ရမလဲ?'
'အင်္ကျီအသစ်တွေ ဝယ်ရမှာပေါ့'
သူမရဲ့အလုပ်ကြောင့် ပိုလှတဲ့အဝတ်အစားတွေ ဝယ်ရတော့မယ်လို့ တွေးလိုက်သည်။ အဝတ်ဗီရိုထဲမှာရှိနေတဲ့ အင်္ကျီအများစုက ထသွားထလာတွေပဲများနေပြီး ကုမ္ပဏီမှာ ဝတ်လို့ရမှာက အနည်းငယ်ပဲရှိလေသည်။ ဈေးဝယ်ထွက်ရမဲ့အကြောင်းတွေးလိုက်တာနဲ့ သူမရဲ့စိတ်အားထက်သန်မှုတွေ ပြန်ရောက်လာပြီး အင်္ကျီကောက်လဲလိုက်ကာ မိတ်ကပ်လိမ်းကာ ထွက်သွားတော့သည်။
အဲဒါကိုမြင်ပြီးနောက် ချန်ကျမ်းတယောက် ကျူးကျူးသာ အလုပ်မှာလည်း အဲလိုမျိုး စိတ်အားထက်သန်မှုသာရှိနေရင် အနာဂတ်မှာ ကျားချန်ဟာ ဘုရားကျောင်းလိုမျိုး ဖြစ်လာတော့မှာပဲလို့ တွေးမိလိုက်သည်။
အဝတ်အစားအသစ်တွေဝယ်နေတုန်း သူမကောက်လာခဲ့တဲ့ ကျောက်တုံးသေးလေးတွေကို သတိရမိသွားသည်။ 'လက်လုပ်လက်ဝတ်ရတနာဆိုင်ကတော့ အရောင်တင်ပြီး အပေါက်ဖောက်ပေးနိုင်မှာပဲ'
'အပေါက်ပဲဖောက်ရင် ရလောက်ပါတယ်။ ပုံစံအတွက်က နဂိုအတိုင်းပဲ ထားလိုက်ရင် ကောင်းမှာပါ'

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now