Chapter119 (Unicode)

1.9K 243 3
                                    

လောင်မန့်ရဲ့ သည်းခံစိတ်က ကောင်းမွန်ပေသည်။ သူ အသံမက်ဆေ့တခုပို့လိုက်ပြီး ကျူးကျူးကို မစိုးရိမ်ဖို့ရယ်၊ တကယ်လို့ သူမ မနက်စာမစား၇သေးရင်လည်း စားပြီးမှ လာဖို့ပြောထားသည်။

ကျူးကျူး ။ "...."  'ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေက အရမ်းကို စိတ်ကောင်းကြတာပဲ'

သူမ ကုမ္ပဏီဆီ လမ်းတလျှောက်လုံး အမြန်ပြေးလာနေသည်။

ကျားချန်ကုမ္ပဏီနဲ့ နီးနီးလေးက အဆောက်အအုံထောင့်နားဆီထိ ကျူးကျူးဟာ နေ့လည်စာဘူးကို ကိုင်ထားရင်း ခြေထောက်တွေက ပြေးလွှားရင်း အလုပ်ရှုပ်နေသည်။

ချက်ချင်းပဲ ကျူးကျူးဟာ လူတယောက်နဲ့တိုက်မိသွားသည်။

ကျူးကျူး ခပ်မြန်မြန်ပဲ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်နော်"

တဖက်လူက အရင်အော်လိုက်ပြီး ကျူးကျူးကို မယုံကြည်နိုင်စွာနဲ့ လှမ်းဆွဲလိုက်သည်။ "နင်ဘာလို့ ဒီကိုရောက်နေရတာလဲ?"

အဲဒါ ရှုဘီယင်ဖြစ်နေပေသည်။

လားရာက ကျားချန်ကို ဦးတည်နေတာကြောင့် ရှုဘီယင်ဟာ တခဏလောက်ကြောင်အသွားသည်။ ဘာလို့ ကျူးကျူး ကျားချန်ကို ဝင်ဖို့လုပ်နေတာလဲ သူမနားမလည်နိုင်ပေ။

ကျူးကျူး သိချင်စိတ်နဲ့ မေးလိုက်သည်။

"ဘာလို့ ငါက ရှိလို့မ၇၇မှာလဲ?"

ရှုဘီယင်ရဲ့လက်ဟာ အေးစက်နေပြီး ကျူးကျူးကို တင်းကြပ်စွာနဲ့ ကိုင်ထားသည်။ ကျူးကျူး လက်ကို အားနဲ့ ပြန်ဆွဲယူလိုက်သည်။

သူမ မျက်မှောင်ကြုတ်လိုက်ပြီး ရှုဘီယင်ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို လုံးဝမကြိုက်ပေ။ "ငါအလုပ်နောက်ကျတော့မယ်။ လွှတ်ပေး"

"အလုပ်သွားတာ??"

ရှုဘီယင် ထပ်မယုံကြည်နိုင်ဖြစ်သွားသည်။ "နင်တယောက်တည်းလား?" 'ရွမ်ကျူးကျူးလိုလူမျိုးက ကျားချန်ကို လက်လှမ်းမှီနိုင်တယ်ဆိုတာ ကမ္ဘာပေါ်မှာ အရယ်၇ဆုံးဟာသပဲ'

ကျူးကျူးဟာ သူမကို ဆက်ပြီး ရှင်းပြချင်စိတ်မရှိပေ။ အဲဒါက ရှုဘီယင်ရဲ့ အမြင်မှာတော့ သူခိုးတယောက်ရဲ့ လူမိသွားတဲ့ အခါ ဖြစ်လာတဲ့အပြစ်ရှိစိတ်လို့ပေ။

ရှုဘီယင် ။ "မိတ်ကပ်ပြောင်းလိုက်တဲ့အကြောင်းအရင်းက ဒါကြောင့်ကို။ မျက်နှာပြခြူစားတာပေါ့"

ကျူးကျူး တခဏကြောင်သွားပြီး ရယ်မိသွားတော့သည်။ သူမကို လှတယ်လို့ ရှုဘီယင်လက်ခံလို့ အဲလိုပြောတယ်လို့တွေးမိလိုက်တော့ သူမ ဒေါသမထွက်တော့ပေ။ 

တခါတရံ တယောက်ယောက်က သူမကို အဲလိုဒေါသထွက်ပေးရင် ကောင်းမှာပဲလို့ တွေးမိသည်။

'နင်ချမ်းသာနေပြီလား?'

'ဒါလေးလည်းယူမယ်၊ ဟိုဟာလည်းယူမယ်'

အဲလိုဆိုရင် အရမ်းမိုက်မှာပဲလို့ ကျူးကျူးတွေးမိသည်။

သူမပြုံးလိုက်ပြီး "အေးဟယ်၊ ငါ ငါ့မျက်နှာကို ပြစားတယ်၊ နင်ရော စမ်းကြည့်မလား?" 'ဒီအဖွားက တလောကလုံးမှာ အလှပဆုံးပဲ' ကျူးကျူး အရှက်မရှိစွာပြောလိုက်သည်။

ကျူးကျူးရဲ့ ဟာသကို ရှုဘီယင်ဟာ အတည်ကြီး မှတ်ယူလေသည်။

ရှုဘီယင် သွားကြိတ်လိုက်ပြီး "ငါက နင့်လိုမျိုး မဟုတ်ဘူးဟဲ့!"

သူမဟာ တကယ်တော့ ကျူးကျူးနဲ့သူမကို နှိုင်းယှဉ်နေမိတာပေ။ ကျူးကျူးရဲ့ ရုပ်ရည်နဲ့ သူမရဲ့ပုံစံ၊ သူမရဲ့စရိုက်၊ သူမရဲ့စွမ်းရည်နဲ့ နှိုင်းယှဉ်ကြည့်မိတော့ ရှုဘီယင်ကျေနပ်စွာနဲ့ ကျူးကျူးထက် သူမအပုံကြီးသာပြီး အဲဒီအမှိုက်အိတ်က သူမခြေဖျားတောင်လှမ်းမမှီဘူးလို့ တွေးထားတာပေ။

အခုတော့ ရှုဘီယင်ရဲ့ ကျေနပ်နေတဲ့ ခံစားချက်ဟာ ပြိုကွဲသွားပြီး အဲဒါက သူမကို အလွန်ဒေါသထွက်စေသည်။

ရှုဘီယင်ဟာ ကျူးကျူး သူမကို အေးဆေးကျော်ဖြတ်သွားပြီး ယုံကြည်ချက်ရှိရှိနဲ့ ကျားချန်ရဲ့တံခါးဆီ လျှောက်သွားတာကို ကြည့်နေသည်။ လုံခြုံရေးဝန်ထမ်းတောင် သူမကိုယဉ်ကျေးပြနေပြီး ရှုဘီယင်ဘယ်တော့မှ ခြေမချနိုင်မဲ့ နေရာကို သူမ ဝင်ရောက်ပျောက်ကွယ်သွားတာကို ကြည့်နေရသည်။

"...."

သူမတောင် မသိလိုက်ပဲ သူမရဲ့ လက်သီးတွေဟာ ကျစ်ပါအောင် ဆုတ်ထားမိသည်။

ရှုဘီယင်ဟာ ပထမဆုံးအကြိမ် ကျူးကျူးကို အရမ်းမနာလိုဖြစ်မိသည်။ ဇူးမာရဲ့ပေါင်ကို ဖက်ရန်အတွက် သူမနည်းလမ်းပေါင်းစုံသုံးပြီး ဇူးမာကျားချန်ကို ဝင်ပြီး သူ့ရဲ့တောက်ပတဲ့ ဘဝကိုု ရရှိရန် မျှော်လင့်ထားတာပေ။အခုတော့ ကျူးကျူးက ပိုကောင်းတဲ့ဘဝကိုလွယ်လွယ်နဲ့၇သွားတာကို ရှုဘီယင်လက်မခံနိုင်ပေ။

ရှုဘီယင်ဟာဝိညာဉ်ထွက်သွားသလိုမျိုး အိမ်ကိုပြန်လာပြီး ဇူးမာကို တွေ့ရန်ချိန်းလိုက်သည်။


(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now