Chapter 112 (Unicode)

1.8K 242 2
                                    

ကျူးကျူး တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။ "နင် အမြဲတမ်း ထမင်းချက်ဖို့အတွက် ငါ့ကိုချည်း အားကိုးနေလို့မ၇ဘူးလေ၊ တကယ်လို့ တနေ့မှာ ငါမရှိတော့ရင် ဘယ်လိုလုပ်မှာလဲ?  နင်ကို့ကိုယ်ကို ဂရုစိုက်တတ်အောင် သင်ယူထား၇မယ်လေ"

'အနာဂတ်မှာ ကြိုတင်မသိနိုင်တဲ့ ကိစ္စတွေ အများကြီးပဲ။ တနေ့ငါမျက်စိဖွင့်လိုက်လို့ နဂိုကမ္ဘာကို ပြန်ရောက်ချင် ရောက်သွားမှာ။ ချန်ကျမ်းငါ့ကို ရှာလို့ မတွေ့တော့ရင်ရော'

အဲလိုတွေးလိုက်တော့ ကျူးကျူး ရုတ်တရက် အနည်းငယ်ဝမ်းနည်းသွားသည်။ သူမ ဒီကမ္ဘာကို တဖြည်းဖြည်း ကြိုက်လာကြောင်း သတိထားမိသွားသည်။

ချန်ကျမ်းရဲ့ ခေါက်ဆွဲစားနေတဲ့ လုပ်ရပ်ဟာ တခဏရပ်တန့်သွားသည်။

သူတိတ်တခိုးပြောလိုက်သည်။ "မ၇ဘူး"

ကျူးကျူးပြန်မေးလိုက်သည်။ "ဟမ်၊ ဘာပြောလိုက်တာလဲ?"

ချန်ကျမ်း ခေါက်ဆွဲထဲ ပြန်ခေါင်းနှစ်လိုက်ပြီး ကျူးကျူး မေးတာကို ပြန်မဖြေပေ။ ချန်ကျမ်းရဲ့ အတွေးတွေက တကယ်မရှင်းလင်းဘူးလို့ ကျူးကျူးတွေးလိုက်သည်။

'ငါတကယ်ပဲ သူဉာဏ်ကောင်းတာလား၊ တုံးတာလား မခွဲတတ်တော့ဘူး၊ တခါတခါ မစဉ်းစားပဲ ပြောတတ်တယ်'

တနေ့လုံး အလုပ်လုပ်လာ၇တာကြောင့် ကျူးကျူး အိမ်ပြန်ရောက်တော့ ပင်ပန်းပြီး အနည်းငယ်အိပ်ငိုက်နေပြီ။ သူမမျက်လုံးတွေ ပွတ်လိုက်ကာ ချန်ကျမ်းကို စားပြီးရင် အိပ်ရာစောစောဝင်ဖို့ ပြောလိုက်ပြီး သူမကတော့ ရေချိုးရန် ရေချိုးခန်းထဲဝင်သွားတော့သည်။ တခဏကြာတော့ ရေပန်းကနေ ရေကျသံထွက်ပေါ်လာပြီး အဲတော့မှ သာ အေးစက်နေတဲ့ အိမ်က မီးပန်းတွေဖောက်သလိုမျိုး နွေးထွေးတဲ့ အိမ်လိုဖြစ်လာသည်။

နောက်တနေ့ ကျူးကျူး မနက်စောစောနိုးလာသည်။

သူမရဲ့ လှုပ်ရှားမှုတွေကလည်း ပေါ့ပါးနေပြီး မနက်စာနှစ်ခုကို သူမ မြန်မြန်ပြင်ဆင်လိုက်ကာ နေ့လည်စာဘူးထဲ ထည့်လိုက်သည်။ တခုကိုတော့ သူမအတွက်ယူသွားပြီး နောက်တခုကို တော့ ရေခဲသေတ္တာရဲ့ သိသာတဲ့ နေရာမှာ ထည့်ထားခဲ့လေသည်။

သူမ အလုပ်နောက်ကျခါနီးနေတာကို သိလိုက်တော့ မြန်မြန်ကားငှားရန် ပြေးသွားတော့သည်။

နေ့လည်ကျတော့ ချန်ကျမ်း စာကြည့်ခန်းထဲမှာ အလုပ်လုပ်ပြီးသွားတော့ ညအိပ်ဝတ်စုံကို ဝတ်ထားလျက် ထရပ်လိုက်ပြီး ရေခဲသေတ္တာဆီ လျှောက်လာခဲ့သည်။ အကျင့်ပါစွာနဲ့ နို့ချဉ်တဘူးယူရန် ပြင်လိုက်သည်။

သူ ရေခဲသေတ္တာကို ဖွင့်လိုက်တော့ သူ့ရှေ့မှာ ပြင်ဆင်ထားတဲ့ ထမင်းဘူးတဘူး ရှိနေလေသည်။

သူ အသံတိုးတိုးထွက်လိုက်ပြီး အဖုံးကိုဖွင့်လိုက်တော့ အထဲမှာ ထမင်းနဲ့ အသားအပြင် ကြက်ဥနှစ်လုံးကို နှစ်ခြမ်းစီ ခွဲထားတာတွေ ရှိနေလေသည်။

ချန်ကျမ်း ခဏလောက် တွန့်ဆုတ်သွားသည်။

အဲချိန်မှာ ဖုန်းသံမြည်လာပြီး ကျူးကျူး  Wechat ကနေ မက်ဆေ့ပို့လာတာပေ။

ကျူးကျူး ။ "ငါနင့်ကို ပြောဖို့မေ့သွား လို့။ ထမင်းကို မိုက်ကရိုဝေ့ထဲမှာ နွှေးစားနော်!"

"...."

သူဖုန်းကို ငုံ့ကြည့်လိုက်ပေမဲ့ သူ့မျက်နှာက ရေခဲသေတ္တာတံခါးနဲ့ ကွယ်နေတာကြောင့် သူသေချာမမြင်၇ပေ။

.....

အခုမှ စတင်လို့ အလုပ်လုပ်တဲ့ ရွမ်ကျူးကျူးဟာ ဒီမှာရှိတဲ့ အခြေအနေတွေကို မြန်မြန်အသားကျသွားလေသည်။ တခြားကုမ္ပဏီတွေလို စီနီယာ၊ ဂျူနီယာ ခွဲခြားဆက်ဆံမှုတွေ မရှိပဲ တုနွမ်နဲ့ တခြားသူတွေဟာ ရာထူးကြီးပိုင်းတွေဖြစ်ပေမဲ့ ကျူးကျူးနဲ့ အရမ်းရင်းနှီးလေသည်။ တုနွမ်အပြောအ၇တော့ လုပ်ငန်းစလုပ်တုန်းက လူအများကြီးက ပေါင်းပြီး ပါတနာအနေနဲ့ လုပ်ခဲ့တာကြောင့် ကုမ္ပဏီသေးသေးလေး ကနေ ဒီနေ့အခြေအနေထိ တိုးတက်လာတာဟာ အချိန်အနည်းငယ်ပဲ ကြာလိုက်တယ်လို့ပေ။ သူတို့က ရာထူးတွေနဲ့သာ နာမည်ကွဲနေပေမဲ့ အကုန်လုံးက ပုံမှန်ဝန်ထမ်းတွေလို့ပါပဲ။ 

ပြီးတော့ သူဌေးကလည်း ခင်စရာကောင်းကာ ပျော်ပျော်နေတတ်ပြီး ရင်းနှီးလွယ်ပေသည်။ ဘာလို့ဆို သူတို့အားလုံးက လူငယ်တွေဖြစ်တာကြောင့်ပေ။



(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now